ဟွာဝေး၏ P20 နှင့် P20 Pro စမတ်ဖုန်းများ မြန်မာပြည်တွင်စတင်မိတ်ဆက်

ဟွာဝေးက ကျောဘက်ကင်မရာ သုံးလုံးပါဝင်သည့် P20 Pro နှင့်နောက်ဆုံးပေါ်နည်း ပညာများ အသုံးပြုထားသည့်  P20 စမတ်ဖုန်းနှစ်လုံးကိုဇွန်လ ၃ရက်ကစ၍ မြန်မာနိုင်ငံ၌ စတင် မိတ်ဆက်ရောင်းချသည်။ 

‘‘P20 နှင့် P20 Pro တို့ဟာ ကမ္ဘာတစ်ဝန်းက ဓာတ်ပုံပညာကို ရူးသွပ်ကြတဲ့ စမတ်ဖုန်းအသုံးပြု သူတွေရဲ့ ဆန်းသစ်တီထွင်မှုစွမ်း ရည်ကို မြှင့်တင်ပေးနိုင်မှာဖြစ်တဲ့ အတွက် မြန်မာနိုင်ငံက စမတ်ဖုန်း  အသုံးပြုသူတွေအနေနဲ့လည်း ပ ရော်ဖက်ရှင်နယ်ဆန်တဲ့ ဓာတ်ပုံ ရုပ်ထွက်တွေကို လွယ်ကူသက် သာစွာနဲ့ရိုက်ကူးပုံဖော်နိုင်တော့ မှာဖြစ်ပါတယ်’’ ဟု ဟွာဝေး မြန်မာ၏ ဈေးကွက်ဖြန့်ချိရေးဒါ ရိုက်တာမခင်ရတနာဝင်းကပြော သည်။

ဟွာဝေးအနေဖြင့် ၎င်းတို့၏ စမတ်ဖုန်းသစ်နှစ်မျိုးကို ယခုနှစ် မတ်လကုန်ပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့တွင် စတင်မိတ်ဆက်ပြီး  P20 Pro သည် လက်ရှိအချိန်ထိ ထွက်ရှိထားသမျှ စမတ်ဖုန်းအား လုံးတွင် အမြင့်ဆုံး Pixel ပမာဏ ပါဝင်သည့် ကင်မရာသုံးလုံးပါ စမတ်ဖုန်းအဖြစ် ဈေးကွက်အ တွင်းသို့ မိတ်ဆက်ခဲ့ပြီး မြန်မာ ပြည်ဈေးကွက်တွင် စတင်ရောင်း ချရန် ဇွန်လ ၃ရက်၌ထပ်မံမိတ် ဆက်သည်။ 

P20  စမတ်ဖုန်းတွင် ဂျာမ နီအခြေစိုက် ကင်မရာကုမ္ပဏီ Lecia က တပ်ဆင်ပေးသည့် ကျောဘက်ကင်မရာနှစ်ခုပါရှိပြီး ဓာတ်ပုံရိုက်ကူးမှုကို ပရော်ဖက် ရှင်နယ်ဆန်ဆန် ရိုက်ကူးနိုင်မည့် Master AI နှင့် ရုပ်ထွက်တည်ငြိမ်မှုကို အထောက်အကူပြုစေရန် AIS နည်းပညာတို့ကို စမတ်ဖုန်းနှစ်ခုစလုံးတွင် ထည့်သွင်းထားသည်။ 

အဆိုပါစမတ်ဖုန်းနှစ်ခုစလုံး တွင် ဟွာဝေး၏ ကိုယ်ပိုင် CPU Kirin 970 တပ်ဆင်ထားပြီး Android 8.1 ကိုအခြေခံထား သော EMUI 8.1 ပါရှိကာ ဖုန်းတွင်း မှတ်ဉာဏ် 128 GB ပါရှိကာP20 တွင် RAM 4GB နှင့် P20 Pro တွင် RAM 6GB ပါရှိမည်ဖြစ် သည်။ 

ဟွာဝေးအနေဖြင့် မြန်မာ နိုင်ငံဈေးကွက်တွင် P20 ကို ကျပ် ၈၅၉,၀၀၀ နှင့် P20 Proကို ကျပ် ၁,၀၉၉,၀၀၀ ဖြင့်ရောင်းချ မည်ဖြစ်သည်။ 

Top News