Mifi စက်များကို ဂျပန်နည်းပညာအတိုင်း တီထွင်ပြီး တရုတ်နိုင်ငံတွင် ထုတ်လုပ်ဟု ဆို

4G Mifi Device များကို Amara communication ကုမ္ပဏီက မိတ်ဆက်စဉ်

4G Broadband အင်တာနက်စနစ်အတွက် တွဲဖက်အသုံးပြုသည့် Mifi စက်များကို ဂျပန်နည်းပညာအတိုင်းတီထွင်၍ တရုတ်နိုင်ငံတွင်  ထုတ်လုပ်တင်သွင်းကြောင်း Amara Communi-cations ကုမ္ပဏီစီအီးအို Mr. Devid က ပြောသည်။

Mifi စက်များတွင် ဘက်ထရီပါဝါ 2050 mAh ပါဝင်ပြီး ပုံမှန်အသုံးပြုသူများအတွက် ၈ နာရီမှ ၁၀ နာရီအထိ အသုံးပြုနိုင်ကြောင်း ကုမ္ပဏီက ကြေညာထားသည်။

‘‘ဒေါင်းလုတ်တွေလိုမျိုးအများ ကြီးသုံးတဲ့လူတွေအတွက်တော့ ၃ နာရီကနေ ၄ နာရီအထိပဲခံပါမယ်။ အားသွင်းရင်တော့ ၂ နာရီကနေ ၃ နာရီကြားကြာပါမယ်’’ဟု Amara Communications ပြန်ကြားရေး တာဝန်ခံ ဒေါ်ငြိမ်းချမ်းသူက ပြော သည်။

Amara Communications ကုမ္ပဏီသည် 4G အင်တာနက် စနစ်အတွက် Ananda အမည်ဖြင့် ရွေ့လျားသုံး Mifi စက်နှင့် အိမ်သုံး ၊ ရုံးသုံး Router စက်တို့ကို မေလ ၂၅ ရက်တွင် မိတ်ဆက်သည်။

Router သည် နေအိမ်အတွင်းပါဝါစနစ်ဖြင့်  တွဲဖက်အသုံးပြုသည့် စက်ပစ္စည်းဖြစ်ပြီးလူဦးရေ ၃၀ ပြန်လည်ဝေမျှ အသုံးပြုနိုင်ကြောင်း၊ Mifi စက်သည် ကွန်ရက်တည်ရှိရာနေရာတိုင်းတွင် သယ်ဆောင်အသုံးပြုနိုင်ပြီး လူဦးရေ ၁၀ ဦးအထိ ပြန်လည်ဝေမျှနိုင်ကြောင်း ကုမ္ပဏီက ကြေညာသည်။

‘‘စက်ပစ္စည်းတွေတိုင်းမှာ လုံခြုံရေးဆော့ဖ်ဝဲပါပါတယ်။ အကွာအဝေးက ၁၀ မီတာလောက်ကနေ သုံးလို့ရပါတယ်’’ဟု အ ရောင်းမြှင့်တင်ရေးအရာရှိချုပ် ဦး ဇော်ဝင်းမြင့်က ပြောသည်။

လက်ရှိ၌ Ananda ၏ 4G ကွန်ရက်ဝန်ဆောင်ခဈေးနှုန်းကို ကြိုက်နှစ်သက်သော်လည်း နေရာဒေသအနှံ့၊ အထူးသဖြင့် အဆောက်အအုံအတွင်းပိုင်း၌ အသုံးပြုနိုင်မှုမရှိခြင်းသည် အခက်အခဲတစ်ခုဖြစ်သည်ဟု စမ်းသပ်အသုံးပြုသူ ကိုထိန်လင်းက ပြောသည်။

Top News