အမေရိကန် အဝေးပြေးလမ်းမတွင် ကားမောင်းလာစဉ် လေထဲမှ လွင့်လာသော သေနတ်တစ်လက်က ကားခေါင်းပိုင်း၌ စိုက်ဝင်

အမေရိကန်ပြည် ထောင်စု ဝါရှင်တန်မြို့ အဝေး ပြေးလမ်းမတစ်ခုတွင် အမျိုးသား တစ်ဦး မောင်းနှင်လာသော ကား သည် လေထဲမှ လွင့်ပျံလာသော တစ်စုံတစ်ခုနှင့် တိုက်မိခဲ့၍ ဆင်း ကြည့်ရာမှ ကားအရှေ့အကာ တွင် သေနတ်တစ်လက် စိုက်ဝင် နေကြောင်း အံ့အားသင့်ဖွယ်တွေ့ ရှိခဲ့ရသည်။

ဗုဒ္ဓဟူးနေ့တွင် အဝေးပြေးလမ်းမ၌ ကားမောင်းလာသော ထိုအမျိုးသားသည် လိတ်ခ်ဝုဒ်မြို့အနီးသို့ ရောက်သောအခါ လေထဲတွင် တစ်စုံတစ်ခုလွင့်ပါလာပြီး ထိုအရာက ကားအရှေ့ဘက်ကို ခိုက်မိသွားကြောင်း တွေ့ခဲ့ရ သည်ဟု ဝါရှင်တန်ပြည်နယ်မှ ကင်းလှည့်ရဲတပ်သား ဂေးဂယ်လ် ကပြောသည်။


အဆိုပါအမျိုးသားက  ခိုက်မိသောအရာသည် ယင်းသို့ မာ ကျောသည့် ပစ္စည်းဖြစ်မည်ဟု မထင်ဘဲ သတိပေးအချက်ပြမီး မလင်းသဖြင့် ပုံမှန်အတိုင်း ဆက် မောင်းလာခဲ့သည်။

ထို့နောက် ၁၈ မိုင်ခန့် မောင်းနှင်လာပြီးနောက် Olympia ဆီဖြည့်ဆိုင်သို့ ရောက်သောအခါ ကားပေါ်မှ ဆင်းကြည့်စဉ် ကား အရှေ့ဘက်အကာတွင် သေနတ် တစ်လက် စိုက်ဝင်နေကြောင်း တွေ့ရသဖြင့် ထိုအမျိုးသားက ရဲတပ်ဖွဲ့ထံ ဖုန်းဆက်အကြောင်း ကြားခဲ့သည်။

ကင်းလှည့်ရဲတပ်သား ဂေးဂယ်လ်က ၎င်းတာဝန်ထမ်းဆောင်သည့် (၂၃)နှစ်အတွင်း ယင်းဖြစ်ရပ်သည် အထူးဆန်းဆုံး ဖြစ်ကြောင်း ပြောကြားသည်။

လက်ရှိတွင် အဆိုပါ သေ နတ်ကို အခင်းဖြစ်ပွားရာ လိတ်ခ်ဝုဒ်မြို့ Harry Todd Park ဥယျာဉ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ် ခတ်မှုတစ်ခုနှင့် ဆက်စပ်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးနေသည်။

—Ref: UPI