1MDB ကုမ္ပဏီနှင့် ဆက်နွှယ်သော အသရေဖျက်မှု စွဲချက်ကို နာဂျစ်ရာဇက် ထပ်မံရုပ်သိမ်း

 ပါလီမန်အဖွဲ့ဝင် တိုနီပူအာနှင့် Mediarakyat.net ဝက်ဘ်ဆိုက်ပိုင်ရှင် ချန်းချီ ကောင်းအပေါ် သုံးနှစ်ကြာစွဲဆို ထားသော အသရေဖျက်မှုစွဲချက် ကို မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်က မေလ ၂၈ ရက် တွင် ပြန်လည်ရုပ်သိမ်းခဲ့သည်။

ယင်းအသရေဖျက်မှုကို နာ ဂျစ်က ၂၀၁၅ မတ်လ ၅ ရက်တွင် အမှုဖွင့်ခဲ့ပြီး ပူအာသည် ၂၀၁၄ နိုဝင်ဘာ ၁၃ ရက်က Democratic Action Party (DAP) အတွက် ရန်ပုံငွေထူထောင်ရန် ကျင်းပခဲ့သည့် ညစာစားပွဲ၌ နိုင်ငံပိုင်ရန်ပုံငွေ 1Malaysia Develop-ment Berhad (1MDB) ကုမ္ပဏီနှင့်ပတ်သက်၍ အသရေဖျက် သည့် မှတ်ချက်များ ပြောဆိုခဲ့ကြောင်း နာဂျစ်က အခိုင်အမာ ပြောကြားခဲ့သည်။


 ယင်းမှတ်ချက်စကားများအသံသွင်းထားသည့် မှတ်တမ်း တစ်ခုကို Mediarakyat.net က ၎င်းတို့၏ ယူကျုဘ်တွင် တင်ခဲ့ သည်။

ယင်းတရားစွဲဆိုမှု ရုပ်သိမ်း ရန် ညွှန်ကြားခံရကြောင်း၊ နာဂျစ်သည် တရားဥပဒေအရ အပြစ် ပေးမှုကို ပလပ်ရန် ဖော်ပြခြင်း မရှိသော သတ်မှတ်ချက်များဖြင့် သဘောတူညီခဲ့ကြောင်း နာဂျစ်၏ ရှေ့နေ ဟာဖာရီဇမ်ဟာရန်က သတင်းထောက်များအား ပြော သည်။

ယင်းကိစ္စကို ပူအာ၏ရှေ့ နေနှင့် ချန်း၏ရှေ့နေကလည်း အတည်ပြုသည်။

ယင်းမှာ နာဂျစ်ဘက်က ရုပ် သိမ်းသော ဒုတိယမြောက်အမှု ဖြစ်သည်။

1MDB ပိုင်ဆိုင်သော ရန်ပုံ ငွေများကို နာဂျစ်က အလွဲသုံး စားလုပ်ခဲ့ကြောင်း စွပ်စွဲသည့် အွန်လိုင်းသတင်းဆောင်းပါးနှင့် ပတ်သက်၍ မလေး-တရုတ် လူ မျိုးအဖွဲ့အစည်း ဥက္ကဋ္ဌဟောင်း လင်လွိုင်ဆစ်ခ်အပေါ် စွဲဆိုထား သော အမှုကိုလည်း နာဂျစ်က မေလ ၂၂ ရက်တွင် ရုပ်သိမ်းခဲ့ သည်။

—Ref: Bernama/na