မူးယစ်ဆေးကြောင်နေသူ ဓားဖြင့်လိုက်ခုတ်၍ ခုနစ်ဦး သေ၊ ၁၅ ဦးကျော် ဒဏ်ရာရ

မူးယစ်ဆေးကြောင်နေသူက နေအိမ်များကိုတံခါးလိုက် ခေါက်ကာ ထွက်လာသူများအား ဓားဖြင့်ခုတ်သဖြင့် ခုနစ်ဦးသေဆုံးပြီး ၁၅ ဦးကျော်ဒဏ်ရာရရှိသည့်ဖြစ်ရပ်တစ်ခု ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့နယ်တွင် ဖြစ်ပွားခဲ့သည်။

တရုတ်နိုင်ငံနှင့် နယ်စပ်မြို့ ဖြစ်သော လောက်ကိုင်မြို့ ဟုန် ရှင်းစုန်းကျေးရွာတွင် မေလ ၂၂ ရက် ည ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့ တပ်ဖွဲ့မှူးရဲမှူးကြီးဇော် ခင်အောင်က ပြောသည်။

‘‘ဆေးကြောင်ပြီး ခုတ်တာ။ ဆေးကြောင်ပြီးတော့မှ အိမ်တွေ တံခါးခေါက်၊ ထွက်လာသမျှ လူ ခုတ် အဲဒီလိုမျိုး။ သူလည်းသေ သွားတယ်။ သူ့ကို ရွာက၀ိုင်းလုပ် လိုက်တာ’’ ဟု ရဲမှူးကြီးဇော်ခင် အောင်က ပြောသည်။

‘‘ကျားနှစ်ယောက်၊ မ,ငါး ယောက် သေဆုံးတယ်။ ဒဏ်ရာရ တာက ၁၅ ယောက်လား၊ ၁၉ ယောက်လား မသိဘူး။ အသေး စိတ်တော့ စိစစ်နေတယ်’’ ဟု ရဲ မှူးကြီးဇော်ခင်အောင်က ပြော သည်။ သို့သော် ဓားဖြင့်ခုတ်သူ၏ အကြောင်းနှင့်ပတ်သက်၍ ရဲ တပ်ဖွဲ့က အသေးစိတ်ပြောကြား ခြင်းမရှိပေ။

နေအိမ်တံခါးများကို လိုက် ခေါက်ကာ ထွက်လာသူများအား သတ်သည့်အမျိုးသားကို ဒေသ ခံများက ၀ိုင်းဝန်းဖမ်းဆီးကာရိုက် နှက်ရာမှသေဆုံးခဲ့သည်ဟု ရဲ တပ်ဖွဲ့နှင့် လောက်ကိုင်မြို့ဒေသ ခံများက ပြောသည်။ ဒဏ်ရာရသူ များကို ဒေသတွင်းလူမှုကူညီရေး အဖွဲ့များ၏ အကူအညီဖြင့် လား ရှိုးနှင့်မန္တလေးဆေးရုံသို့ ပို့ဆောင် သကဲ့သို့ အချို့ကိုတရုတ်နိုင်ငံဘက်ရှိ ဆေးရုံသို့ ပို့ဆောင်ကုသနေ သည်။‘‘ဖြစ်တဲ့နေရာက လောက် ကိုင်မြို့နဲ့တော်တော်ဝေးတယ်။ ဒဏ်ရာရသူတွေ ကျွန်မတို့ဆေးရုံ ကို မရောက်လာဘူး။ ဒါပေမဲ့ အဲဒီသတင်းကိုတော့ကြားတယ်’’ ဟု လောက်ကိုင်ဆေးရုံမှ ကျန်း မာရေးဝန်ထမ်းတစ်ဦးက ပြော သည်။ ဒေသတွင်းသတင်းရင်းမြစ် များ၏ အဆိုအရ ဒဏ်ရာရသူအ ချို့ကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)တွင် ကုသပေးနေ သည်ဟု ဆိုသည်။

Top News