အလှပြင်ဆိုင်ဗန်းပြပြီး ပြည့်တန်ဆာလုပ်နေသည့် ဆိုင်ကို ဝင်ဖမ်းရာ တရုတ်နိုင်ငံသူ ၁၇ ဦး ဖမ်းမိ

ဖမ်းမိသည့် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်သူ ဆိုင်ဝန်ထမ်းအချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ရဲဇာနည်)

အလှပြင်ဆိုင်ဗန်းပြပြီး ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင် နေသည့် ဆိုင်သို့ ဝင်ဖမ်းရာ တရုတ်နိုင်ငံသူ ပြည့်တန်ဆာ ၁၇ ဦးနှင့် ဝန်ထမ်းရှစ်ဦး ဖမ်းဆီးမိ ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန် သည်။

 ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ညွှန်ကြားမှုဖြင့် မေလ ၂၂ ရက် နံနက် က မြို့နယ်ရဲတပ်ဖွဲ့၊ အသွင်ယူ သက်သေများနှင့်အတူ တောင် ဥက္ကလာပမြို့နယ် (၈)ရပ်ကွက်ရှိ Oriental Spa သို့ ဝင်ရောက်ဖမ်း ဆီးခြင်းဖြစ်သည်။ ထိုသို့ဖမ်းဆီး ရာ ပတ်စ်ပို့နှင့် ဗီဇာမရှိသော တရုတ်နိုင်ငံသား ဆိုင်မန်နေဂျာ နှင့် တရုတ်လူမျိုးဝန်ထမ်းရှစ်ဦး ကို ဖမ်းဆီးမိကြောင်း တောင် ဥက္ကလာပမြို့နယ်ရဲစခန်းက အ တည်ပြုပြောကြားသည်။


ဆိုင်မန်နေဂျာနှင့် ဝန်ထမ်း များ ဖမ်းမိသော်လည်း ဆိုင်ပိုင်ရှင် ကို စုံစမ်းဆဲဖြစ်ကြောင်း မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။

အဆိုပါ Oriental Spa သည် တောင်ဥက္ကလာပ မြို့နယ်တွင် လုပ်ကိုင်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဟု ခန့်မှန်းရကြောင်း တောင်ဥက္ကလာပမြို့နယ် (၁၄)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြား သည်။

 သို့သော် ယင်းအလှပြင် ဆိုင်သည် လိုင်စင်မရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

လက်ရှိတွင် အဆိုပါ ပြည့် တန်ဆာများနှင့် ဝန်ထမ်းများကို ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေပုဒ်မ ၅ (၁)ဖြင့် တောင်ဥက္ကလာပရဲစခန်း၌ အမှုဖွင့်အရေးယူ ထားသည်။

Top News