လယ်ကွင်းအတွင်း ဖုန်းဖြင့် သီချင်းနားထောင်နေသူ မိုးကြိုးထိမှန်သေဆုံး

မိုးကြိုးထိမှန်သေဆုံးသူ၏ ရုပ်အလောင်းကို သယ်ဆောင်နေစဉ် (ဓာတ်ပုံ − U Nay Zaw / FB)

ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့တွင် လယ်ကွင်းအတွင်း ဖုန်းဖြင့် သီချင်းနားထောင်နေသူ တစ်ဦး မိုးကြိုးထိမှန်သေဆုံးသည့် ဖြစ်စဉ်အပါအဝင် တစ်နေ့တည်း မိုးကြိုးပစ်၍ လူနှစ်ဦးသေဆုံးခဲ့ သည်။


နမ့်စန်မြို့ အမှတ်(၉) ကျေး ရွာတွင် ပြောင်းစိုက်ခင်းတစ်ခုအ တွင်း အလုပ်လုပ်ပြီးနောက် သစ်ပင်တစ်ပင်အောက်တွင် အနားယူ နေသောအသက် (၂၅) နှစ် အ ရွယ်အမျိုးသားတစ်ဦး မိုးကြိုး ပစ်ခံရပြီး သေဆုံးသည်။

‘‘ဒီနေ့ မေလ ၂၃ ရက် နေ့ လယ် ၁၂ နာရီခန့်မှာဖြစ်တာ။ ဖုန်း နဲ့သီချင်းနားထောင်ပြီး သစ်ပင် အောက်မှာ နားနေပုံရတယ်။ မိုး ကြိုးပစ်လိုက်တဲ့အချိန်မှာ ခေါင်း မှာ ဆံပင်ကျွမ်းသွားတယ်။ ရင် ဘတ်မှာ အညိုအမည်းစွဲတယ်။ အဝတ်အစားကတော့ အကုန်စုတ် ပြတ်သွားတယ်။ ဖုန်းကို အဓိကပစ်လိုက်တာဗျ။ ဖုန်းက ဆားကစ်ပြားတွေအကုန်ကျွမ်းသွားတာ’’ ဟု သေဆုံးသူ၏ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ခဲ့သော နမ့်စန်မြို့နယ် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးနေဇော်နိုင်က ပြောသည်။

နမ့်စန်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူ တစ်ဦးက အဆိုပါသတင်းကို အ တည်ပြုပေးသည်။

အထက်ပါဖြစ်ရပ်နှင့်တစ် ချိန်တည်းတွင် နမ့်စန်မြို့လွိုင် ဆိုင်းကျေးရွာတွင် တောင်ယာ လုပ်နေသော အသက် (၂၂) နှစ် အရွယ် အမျိုးသားတစ်ဦး မိုးကြိုးထိမှန်သေဆုံးပြီး အခြားအမျိုးသားတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။

‘‘တစ်နေ့တည်းဖြစ်တာ။ နှစ် ယောက်သေဆုံးတယ်လို့ သတင်း တက်တယ်။ ထောက်ပံ့ပေးဖို့ ပြင် ဆင်နေပါတယ်’’ ဟု ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးခြိမ်းနေစဉ် ဖြစ်ပေါ်လာ သည့် လျှပ်စစ်လှိုင်းသည် လက် ကိုင်ဖုန်းများတွင် လွယ်လင့်တကူ ဝင်ရောက်နိုင်သဖြင့် လက်ကိုင် ဖုန်း သုံးစွဲခြင်း၊ လျှပ်စစ်ဖြင့် အ သုံးပြုရသည့် လူသုံးကုန်ပစ္စည်း များနှင့် သံ၊ သတ္တုတို့ဖြင့် ပြုလုပ် ထားသော လူ့အသုံးအဆောင် ပစ္စည်းများ ကိုင်တွယ်သုံးစွဲခြင်း ကို သတိပြုရန်လိုကြောင်း လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာ နက သတိပေးထားသည်။

အနောက်တောင် မုတ်သုံ လေ ဝင်ရောက်နေစဉ် လေထုမ တည်မငြိမ်ဖြစ်နေပြီး မိုးကြိုးပစ် ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်စေသည့် မိုးတိမ်တောင် အန္တရာယ်ကို မြန်နိုင်ငံဒေသအနှံ့ တွင် သတိပြုနေထိုင်သင့်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာ ထွန်းလွင်နှင့် မိုးဇလဌာနက သ တိပေးထားသည်။

Top News