ဆေးကြောင်နေသူ အမျိုးသားတစ်ဦး ဓာတ်တိုင်ထိပ်တက်နေ၍ လျှပ်စစ်မီးဖြတ်တောက်ပြီး ဝိုင်းဝန်းကယ်ဆယ်

ဓာတ်တိုင်ထိပ်တက်နေသူအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်

 မူးယစ်ဆေးကြောင်နေ သော အမျိုးသားတစ်ဦး မူ ဆယ်မြို့လယ်ရှိ ဓာတ်တိုင်တစ် တိုင်ထိပ်သို့တက်နေသောကြောင့် ဓာတ်မလိုက်စေရန် လျှပ်စစ်မီး ယာယီဖြတ်တောက်ပြီး မီးသတ် တပ်ဖွဲ့နှင့် ဒေသတွင်း လူမှုရေး အဖွဲ့များက အချိန်မီ ကယ်တင် ခဲ့သည်။

မူဆယ်မြို့ ရွှေသီရိဟိုတယ် ဝင်းရှိ နှစ်တိုင်ယှဉ်စိုက်ထူထား သော ၃၅ ပေခန့်အမြင့်ရှိ ဓာတ် တိုင်တစ်တိုင်ထိပ်သို့ အမျိုးသား တစ်ဦး တက်နေသောကြောင့် ၎င်း အသက်မသေစေရန် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသတွင်း လူမှုရေးအဖွဲ့များက ကယ်တင်ခဲ့

သည်။

အင်္ကျီမပါ ဗလာကျင်းဖြင့် ဂျင်းဘောင်းဘီဝတ်ဆင်ထား သော အဆိုပါအမျိုးသားသည် မေလ ၂၃ ရက် ညနေ ၄ နာရီခန့် တွင် ဓာတ်တိုင်ပေါ် တက်သည်ကို မြင်တွေ့သူများက တာဝန်ရှိသူ များအား အကြောင်းကြားခဲ့သည်။

‘‘သူက ဆေးကြောင်ကြောင် ပြီး အပေါ်ကို တက်သွားတာ။ ကျွန်တော်တို့ မြင်တဲ့အချိန်မှာ ဓာတ်တိုင်ထိပ်မှာ ငုတ်တုတ်ထိုင် ပြီး အော်ဟစ်နေတာ။ သူ့ကို ပိုက် ဆံမပေးဘူး။ အနိုင်ကျင့်တယ်ဆို ပြီး အော်နေတာ။ ကျွန်တော်တို့က ယူနီဖောင်းနဲ့ဆိုတော့ ကြောက် နေတော့ ဦးထုပ်တွေ၊ ဘာတွေ ချွတ်ပြပြီး ချော့ခေါ်ရတာ။ နောက်တော့ လူလူချင်းပူးကြိုး ချည်ပြီး ဓာတ်တိုင်အောက် ချခဲ့ရ တယ်’’ဟု မူဆယ်မြို့နယ် မီးသတ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးသတ်ယာဉ်ပေါ်တွင် အလူမီနီယံလှေကားထောင်၍ လှေကားကို ဓာတ်တိုင်၌ မှီကာ မီးသတ်တပ်ဖွဲ့ဝင်နှစ်ဦးက တက် ရောက်ခေါ်ဆောင်ပြီး ညနေ ၄ နာရီ ၁၅ မိနစ်ခန့်၌ အပြီးသတ် ကယ်တင်နိုင်ခဲ့သည်။ ၎င်း အမျိုးသား ဓာတ်တိုင်ပေါ် တက် နေစဉ် မြို့နယ်လျှပ်စစ်ရုံးမှ တာဝန်ရှိသူများက မီးဖြတ် တောက်ထားသည်။

‘‘တက်နေတဲ့အချိန် မီးဖြတ် နိုင်လိုက်လို့။ နို့မို့ဆို သေပြီ။ ဆင်း ခဲ့ဖို့ ပြောတဲ့အချိန်မှာ ပိုက်ဆံတစ် ထောင်တောင်းလို့ တစ်ထောင် ပေးရသေးတယ်ဗျ’’ဟု မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ ကယ် ဆယ်ရေး ကူည်ီဆောင်ရွက်ခဲ့ သည့် ကရုဏာလူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောသည်။

၎င်းအမျိုးသားကို ဓာတ် တိုင်အောက်သို့ ခေါ်ဆောင်ပြီး နောက် မူဆယ်ဆေးရုံသို့ ပို့ ဆောင်ခဲ့သည်။

‘‘သေကံမပါတော့ ဓာတ် တိုင်ပေါ်တက်တာတောင် မသေ ဘူး။ မေးတော့ ကျောက်မဲကလို့ ပြောတယ်။ အဖေနာမည်မေး တော့ မေ့နေတယ်တဲ့။ နာမည် ကောဆိုတော့ မမှတ်မိဘူးတဲ့။ အသက်ကတော့ (၃၀)လို့ပြော တယ်’’ဟု မူဆယ်မြို့နယ် ဆေးရုံ မှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါအမျိုးသားသည် မူးယစ်ဆေးသုံးကာ ဆေးကြောင် နေသည်ဆိုသည်ကို မူဆယ်ခရိုင် မီးသတ်တပ်ဖွဲ့နှင့် မူဆယ်ဆေးရုံ မှ တာဝန်ရှိသူအချို့က အတည် ပြုပြောကြားသည်။ လတ်တ လော အခြေအနေတွင် ဆေးရုံ၌ ပင်ထားကာ စောင့်ကြည့်နေ သည်။

‘‘သူ့စိတ်က ပုံမှတ်မဟုတ် ဘူး။ အခုထိ ဆေးရုံမှာ ထား တယ်။ ခရီးသည်လား၊ အလုပ် လာလုပ်တဲ့သူလား မပြောတတ် သေးဘူး။ ဒီရောက်မှ လက်တည့် စမ်းပြီး ရာမတွေ ဘာတွေ သုံးတာ နေမယ်’’ဟု ကျန်းမာရေးဝန်ထမ်း တစ်ဦးက ပြောသည်။

မူးယစ်ဆေးဝါး ပျံ့နှံ့မှုများ ပြားနေသည့် မူဆယ်မြို့တွင် ဆေးကြောင်နေသူ အချို့၏ လက်ချက်ကြောင့် မှုခင်းများ မကြာခဏဖြစ်လေ့ရှိသည်။ ဧပြီ အတွင်းက ဆေးကြောင်နေသည့် အမျိုးသားတစ်ဦးက သံဃာ တစ်ပါးကို တရားဟောစင်ပေါ် တက်၍ လှံဖြင့်ထိုးမှု ဖြစ်ဖူးသည်။

Top News