မကွေးတိုင်းတွင် တစ်နှစ်အတွင်း သဘာဝဘေးအကြိမ် ၃၀၀ ကျော် ဖြစ်ပွားခဲ့

မေလ ၁၃ ရက်က လေပြင်းနှင့်မိုးသည်းထန်စွာရွာသွန်း၍ မကွေးမြို့အဆောက်အအုံတစ်ခုအပေါ်သစ်ပင်ပိနေစဉ်(ဓာတ်ပုံ - မိုးကျော်)

မကွေးတိုင်းဒေသကြီး တွင် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း သဘာဝဘေးအန္တရာယ်ကြုံ တွေ့ရမှု အကြိမ် ၃၀၀ ကျော်ရှိ ကြောင်း မကွေးတိုင်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန စာရင်းတွင် ဖော်ပြ သည်။

သဘာဝဘေးအန္တရာယ်ကြုံ တွေ့ရမှုတွင် မီးဘေး ၅၃ ကြိမ်၊ ရေဘေး ၄၇ ကြိမ်၊ လေဘေး ၇၃ ကြိမ်၊ ကမ်းပြိုဘေး ၁၃၀ ၊ အခြားဘေး ၁၇ ကြိမ် ရှိခဲ့ကြောင်း မကွေးတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောသည်။


 ‘‘တခြားဘေးဆိုတာက တော့ မြေပြိုတာတို့၊ လေတိုက်ပြီး တော့ အိမ်ပေါ်ကို သစ်ပင်ပိတာ မျိုးပေါ့။ အဲဒီလိုဘေးမျိုးပါ’’ ဟု ၎င်းက ရှင်းပြသည်။

ယင်းကဲ့သို့ သဘာဝဘေး အန္တရာယ်များ ကျရောက်ခဲ့ခြင်း ကြောင့် သဘာဝဘေးသင့်အိမ် ထောင်စု နှစ်သောင်းကျော်ရှိပြီး လူဦးရေကိုးသောင်းကျော် ဘေး သင့်ခဲ့ကြောင်း ဦးမြင့်စိုးက ဆို သည်။

‘‘အခုက သဘာဝဘေးတစ် ခုဖြစ်ရင် လူကယ်ပြန်ရဲ့ ကူညီမှု တွေက မြန်ဆန်ပါတယ်။ ကျွန် တော့်ရွာမှာ လေပြင်းတိုက်ခံရ တယ်ဆိုရင်ပဲ သက်ဆိုင်တဲ့ ရပ် ကျေးအုပ်ချုပ်ရေးမှူးတွေ၊ ရွာခွဲ တာဝန်ခံတွေနဲ့ ပျက်စီးဆုံးရှုံးမှုကို စာရင်းပြုစုပါတယ်။ ဒီစာရင်းကို ကြည့်ပြီး လူကယ်ပြန်က လိုအပ် သလို ထောက်ပံ့သွားပါတယ်’’ဟု ကြာကန်ကျေးရွာအုပ်စုမှ ဒေသခံ ဦးဇော်မင်းထိုက်က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း ကြုံတွေ့ခဲ့ရသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် တိုင်း ဒေသကြီး လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာနက ကျပ်သန်း ၆၀၀ ခန့် သုံးစွဲ၍ ကူညီထောက်ပံ့ ခဲ့ကြောင်း အဆိုပါဦးစီးဌာန စာရင်းတွင် ဖော်ပြသည်။

Top News