မုန်တိုင်းငယ် ဖြစ်လာနိုင်၍ ကမ်းရိုးတန်းဒေသများ မိုးသက်လေပြင်း သတိပြုရန်လို

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်း ပိုမိုအား ကောင်းလာကာ ရက်ပိုင်းအတွင်း မုန်တိုင်းငယ်ဖြစ်လာနိုင်၍ ကမ်း ရိုးတန်းဒေသများ လေပြင်းနှင့် မိုးကြီးမှုဖြစ်စဉ် သတိပြုရန် မိုးလေဝသပညာရှင် ဒေါက်တာထွန်း လွင်က သတိပေးသည်။

ဘင်္ဂလားပင်လယ်အော်မှ လေထုမတည်ငြိမ်မှုဖြစ်စဉ်သည် မေလ ၂၁ ရက် ညကစတင်ကာ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး တစ်နေ့တခြား ပိုမိုအားကောင်း လာနေသည်။

‘‘မေလ ၂၆၊ ၂၇ ရက် လောက်မှာ မုန်တိုင်းငယ်ဖြစ်လာ နိုင်တယ်။ အခု လတ်တလောမှာ တော့ ကမ်းရိုးတန်းဒေသတွေ မိုးနဲ့လေ သတိပြုရမယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

အနောက်တောင် မုတ်သုံ လေသည် လက်ရှိတွင် အားနည်း နေသော်လည်း ပင်လယ်၌ မုန် တိုင်းငယ်ဖြစ်လာနိုင်သည့် အနေ အထားကြောင့် အားကောင်းလာ နိုင်သည်။ မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများကို ဝင်ရောက်နေပြီး မြစ်ဝကျွန်း ပေါ်ဒေသနှင့် ရခိုင်ကမ်းရိုးတန်းဒေသများသို့ မေလ ၂၇ ရက် တွင် ဆက်လက်ဝင်ရောက်လာ နိုင်ကြောင်း ဒေါက်တာထွန်းလွင် က ခန့်မှန်းထားသည်။

မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန် ပင်လယ်ပြင်တွင် လတ်တလော ကာလ၌ လှိုင်းအမြင့် နှစ်ပေမှ လေးပေခန့်ရှိနေနိုင်ကာ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးကြိုးပစ်သည့် ဖြစ်စဉ်များကို ဒေသ အနှံ့ သတိပြုနေထိုင်ရန်လည်း သတိပေးထားသည်။

မြန်မာ့ကမ်းရိုးတန်းဒေသ များတွင် ယခုရက်ပိုင်းအတွင်း နေရာကွက်မိုးရွာနေပြီး ပင်လယ် တွင် လှိုင်းနှင့်လေ အားကောင်း လာကြောင်း ဒေသခံများက ပြော သည်။

Top News