ပြည်တွင်းစက်သုံးဆီဈေး မြင့်တက်နေသော်လည်း တင်သွင်းရောင်းချသည့် လုပ်ငန်းရှင်များ အရှုံးပေါ်နေဟု ဆို

 ပြည်တွင်းစက်သုံးဆီ ဈေးနှုန်း ဆက်တိုက်မြင့်တက်လာ သော်လည်း ပြည်ပမှ တင်သွင်းရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များ အရှုံးခံပြီး ရောင်းချနေရသည်ဟု မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချသူ များအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။

လက်ရှိ နိုင်ငံတကာဆီဈေး နှုန်း နေ့စဉ် အပြောင်းအလဲဖြင့် တွက်ချက်ပါက ဒီဇယ်တစ်လီတာလျှင် ၂ ဒသမ ၂၅ ရာခိုင်နှုန်း၊ ဓာတ်ဆီတစ်လီတာလျှင် ၄ ရာခိုင်နှုန်းကျော် အရှုံးခံပြီး ရောင်းချနေသည်ဟု ၎င်းက ပြောသည်။

‘‘စာရွက်ပေါ်မှာ တွက်ရင် တော့ အရှုံးခံနေတဲ့သဘောပဲ’’ဟု ဒေါက်တာဝင်းမြင့်က ရှင်းပြ သည်။ သယ်ယူပို့ဆောင်စရိတ်၊ နိုင်ငံတော်သို့ ပေးဆောင်ရသော အခွန်များစုပေါင်းပြီး ဒီဇယ်တစ် လီတာ၏ မူလ အရင်းဈေးနှုန်းသည် မေလ ၁၇ ရက်က ၉၀၁ ကျပ်ဖြစ်နေချိန်တွင် ရန်ကုန်စက်သုံးဆီ ဆိုင်များ၌ ဒီဇယ်တစ်လီတာလျှင် ၈၈၁ ကျပ်ဖြင့် ရောင်းချခဲ့သည်ဟု ၎င်းက ရှင်းပြသည်။

ထိုသို့စက်သုံးဆီကို အရှုံးခံ ပြီး ရောင်းချနိုင်ခြင်းသည် ဈေးကျ စဉ် ကြိုတင်ဝယ်ယူထားသည့် စက် သုံးဆီများရှိနေခြင်းကြောင့် နိုင်ငံ တကာဈေးမြင့်တက်ချိန်တွင် ပြည်တွင်းဈေးကွက်၌ ရုတ်တရက်ဈေးမြင့်တက်မှုမရှိခြင်း ဖြစ်သည်ဟု ဒေါက်တာ ၀င်းမြင့်က ပြောသည်။

ပြည်တွင်း စက်သုံးဆီလုပ် ငန်းသည် လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်ပေါင်း ၂,၀၀၀ ကျော်ရှိနေခြင်းကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ပြီး ဈေးနှုန်းယှဉ်ပြိုင်ရောင်းချရခြင်းကြောင့် နိုင်ငံတကာပေါက်ဈေးအတိုင်း လိုက်ပါမြင့်တက်၍ ရောင်းချခြင်း မရှိ ကြောင်း ရှင်းပြသည်။

စက်သုံးဆီဈေးကွက် အနာ ဂတ်အခြေအနေနှင့် ပတ်သက်၍ လည်း အမေရိကန်သမ္မတ၊ ရုရှား သမ္မတနှင့် အိုပက် (OPEC) အဖွဲ့ တို့၏ ဆုံးဖြတ်ချက်ပေါ်မူတည် ကြောင်း ဒေါက်တာ ၀င်းမြင့်က ပြောသည်။

ထို့အပြင် လက်ရှိတွင် နိုင်ငံတကာ၌ လျှပ်စစ်ကားများ အသုံးများလာခြင်းကြောင့် မြန်မာနိုင်ငံတွင် လျှပ်စစ်ကားများ ပြောင်းလဲသုံးစွဲခြင်းဖြင့် စက်သုံးဆီ အသုံးလျှော့ချနိုင်သည်ဟု ဒေါက်တာ ၀င်းမြင့်က အကြံပြုသည်။

ပြည်တွင်း စက်သုံးဆီဈေး နှုန်းသည် ဧပြီနှင့် မေလအတွင်း တစ်လီတာလျှင် ကျပ် ၁၀၀ ခန့် ဈေးမြင့်တက်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံ၏ စက်သုံးဆီဈေးနှုန်း သည် အာဆီယံ နိုင်ငံများတွင် ဒုတိယအနည်းဆုံး ဖြစ်သည်ဟု ဒေါက်တာ ၀င်းမြင့်က ပြောသည်။မလေးရှားနိုင်ငံသည် စက်သုံးဆီ ဈေးနှုန်းအသက်သာဆုံးနိုင်ငံဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းနှင့် ဒေါ်လာတန်ဖိုး မြင့်တက်ခြင်း ကြောင့် ပြည်တွင်းစက်သုံးဆီဈေး နှုန်းက မေလကစတင်၍ သိသိသာ သာမြင့်တက်လာပြီး ကုန်စည်ပို့ ဆောင်ရေးလုပ်ငန်းများ အခက်အခဲဖြစ်လာသည်ဟု မူဆယ်မြို့ရှိ ကုန်တင်ယာဉ်ပိုင်ရှင် တစ်ဦးက ဆိုသည်။

တစ်လလျှင် ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ခြောက်သိန်းခန့် ပြည်ပမှ တင်သွင်းနေရသော မြန်မာနိုင်ငံ အတွက် တန်ချိန်သန်းချီစက်သုံး ဆီသိုလှောင်နိုင်သော သိုလှောင် ကန်များတည်ဆောက်ပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်ကစတင်၍ စက်သုံးဆီကဏ္ဍတွင် ပြုပြင်ပြောင်းလဲ၍ ဈေးကျဆင်းရေးဆောင်ရွက်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နျူကလီးယား သဘောတူညီချက်မှ နုတ်ထွက် ကြောင်းနှင့် အီရန်နိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြန်လည် ဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေ ညာပြီးနောက် ရက်ပိုင်းအတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း  သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ကြောင်း နိုင်ငံတကာ မီဒီယာအချို့က ဖော်ပြသည်။

Top News