ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့သည် ပြည်သူများကို စောင့်ကြည့်ဒုက္ခပေးရန် မဟုတ်ဟု ဆို

ပြည်ပနှောင့်ယှက်သွေးထိုးမှုမှကာကွယ်ရန်သာဖြစ်

အစိုးရကဖွဲ့ စည်းထားသည့် ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့သည် ပြည် တွင်းမှ ပြည်သူများကို စောင့် ကြည့်ရန်မဟုတ်ဘဲ ပြည်ပအ နှောင့်အယှက်၊ သွေးထိုးမှုများကို ကာကွယ်တားဆီးရန်သာ ဖြစ် ကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဝင်းခန့်က ပြော သည်။

 

‘‘ကမ္ဘာမှာ မြန်မာဟေ့လို့ ရပ်တည်နိုင်ဖို့ ပြင်ဆင်နေတဲ့ ကျွန်တော်တို့အဖွဲ့အစည်းတွေကို အင်မတန်ချမ်းသာသော နည်း လမ်း၊ အင်မတန် အစွမ်းထက် သော နည်းပညာနဲ့ တိုက်ခိုက်နေတဲ့ ပြည်ပက ပုဂ္ဂိုလ်၊ အဖွဲ့အ စည်းတွေက ကျွန်တော်တို့ပြည် သူတွေမသိတဲ့ နည်းလမ်းတွေနဲ့ ထိခိုက်အောင်၊ အကျိုးယုတ် အောင် ဆောင်ရွက်မယ့် ပုဂ္ဂိုလ် တွေကို တားဆီးကာကွယ်ဖို့သက် သက်သာဖြစ်ပါတယ်’’ ဟု၎င်းက မေလ ၂၁ ရက်ကနေပြည်တော်တွင်ပြုလုပ်သည့် အစိုးရ၂နှစ်ပြည့်သတင်းစာရှင်းလင်းပွဲ၌ ပြော သည်။

ဆိုရှယ်မီဒီယာစောင့်ကြည့် ရေးအဖွဲ့သည် မြန်မာနိုင်ငံမှ ပြည်သူများကို ဒုက္ခပေးမည် မ ဟုတ်ဘဲမည်သူကိုမျှလည်း စောင့် ကြည့်ရန်အစီအစဉ်မရှိကြောင်း နှင့်အစိုးရဆောင်ရွက်မှုကို ယုံ ကြည်ပေးရန် ဦးဝင်းခန့်ကပြော သည်။

နိုင်ငံတော်၏ အချုပ်အခြာ အာဏာအပေါ် ထိပါးနေမှုကို နောက်ကျမှ သိရပြီး ခံလိုက်ရ မည်ကို စိုးရိမ်သောကြောင့် ဆို ရှယ်မီဒီယာစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရကြောင်း၎င်းက ဆက် လက်ပြောသည်။

‘‘မြန်မာနိုင်ငံနဲ့ ပတ်သက် တဲ့ အရေးတွေမှာ ပြည်ပအနှောင့် အယှက်တွေ၊ ပြည်ပသွေးထိုးမှု တွေအတွက်ကို ကာကွယ်တား ဆီးနိုင်ဖို့အတွက် ရည်ရွယ် ဆောင်ရွက်တာဖြစ်ပါတယ်’’ ဟု အမျိုးသားဆိုက်ဘာ လုံခြုံရေး ဗဟိုဌာန ညွှန်ကြားရေးမှူးဦးရဲ နိုင်မိုးကပြောသည်။

ယင်းသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်က ချမှတ်ထားသည့် ဥပဒေဘောင်ကို ကျော်လွန်  လုပ်ဆောင်မည်မဟုတ်ဘဲ လွှတ် တော်၊ အစိုးရခွင့်ပြုချက်၊ ညွှန် ကြာချက်များနှင့်အညီသာဆောင် ရွက်မည်ဖြစ်ကြောင်း ၎င်းကဆို သည်။  

အင်တာနက် (သို့မဟုတ်) ဆိုရှယ် မီဒီယာအသုံးပြုပြီးနိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နစ်နာစေရန် ပြုလုပ်နေ သူများအားရှာဖွေဖော်ထုတ်ရေး အရေးပေါ်ရန်ပုံငွေမှ ကျပ်သန်း ၆,၄၀၀ ကျော်သုံးစွဲထားသည်။

‘‘သူတို့က ပြည်ပရန်ကို ဘယ်လောက်ထိ စောင့်ကြည့်မှာ လဲ။ သူတို့ဘယ် Framework  ကိုသုံးမလဲဆိုတာ ချပြသင့်တယ်၊ ရာခိုင်နှုန်းဘယ်လောက်ကSoft- ware ၀ယ်လဲ၊ ရာခိုင်နှုန်းဘယ် လောက်ကတော့ လူအင်အားအ တွက် သုံးစွဲသလဲ၊ အနည်းဆုံး ဒါ တွေကတော့ ချပြသင့်တယ်’’ ဟု နည်းပညာဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်း(MIDO)မှမထိုက်ထိုက်အောင်က ပြောသည်။

ဆိုရှယ်မီဒီယာအဖွဲ့အသုံး  ပြုမည့် ဆော့ဖ်ဝဲနှင့်ဆောင်ရွက် ချက်များကို လုံခြုံရေးအရ ပြော ဆို၍ မရနိုင်ကြောင်း ဦးရဲနိုင်မိုးက ပြောသည်။

‘‘ဘယ်နိုင်ငံက ၀ယ်သလဲ ဆိုတာမီဒီယာထဲမှာ ပါသွားရင် သူတို့အတွက် အင်မတန်မှ တန် ဖိုးရှိတဲ့ ကျွန်တော်တို့ကို ဒုက္ခပေး မယ့်ပုဂ္ဂိုလ်တွေ သိသွားမှာ၊ ဒါ ကြောင့်မို့ မပြောတာပါ’’ ဟု အမြဲ တမ်းအတွင်းဝန်ဦးဝင်းခန့်က ရှင်း ပြသည်။

Top News