မြန်မာလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင် ရန်ကုန်တိုက်စစ်မှူးဆယ်လာဦးဆောင်

မြန်မာလိဂ် ဂိုးသွင်းအများဆုံးစာရင်းတွင် ဦးဆောင်နေသည့် ရန်ကုန်တိုက်စစ်မှူး ဆယ်လာ (ဓာတ်ပုံ − YUFC)

 မြန်မာလိဂ်ပွဲစဉ် (၁၂) အပြီးတွင် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ဆယ်လာက သွင်းဂိုး ၁၀ဂိုးဖြင့် ဂိုးသွင်းအများဆုံးက စားသမား စာရင်းထိပ်ဆုံး၌ ဦး ဆောင်နေသည်။

ယင်းနောက်တွင် ဧရာဝတီတိုက်စစ်မှူး ပက်ထရစ်နှင့် ရခိုင်တိုက်စစ်မှူး ဆန်းဒေးတို့က ကိုးဂိုးစီဖြင့် ဒုတိယ၊ ရတနာပုံကွင်းလယ်လူ စည်သူအောင်နှင့် မကွေးတိုက်စစ်မှူး အောင်မြင့်ထွန်းတို့က ခုနစ်ဂိုးစီဖြင့် တတိယနေရာ၌ ရပ်တည်နေသည်။

မေလ ၂၀ ရက်က ရန်ကုန် နှင့် GFA အသင်းတို့ပွဲတွင် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူး ဆယ် လာက တစ်ဂိုးသွင်းယူနိုင်သဖြင့် သွင်းဂိုးစုစုပေါင်း ၁၀ဂိုးဖြင့် ဂိုး သွင်းအများဆုံးစာရင်း၌ ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ MPT မြန်မာလိဂ်ပွဲ စဉ် (၁၂) အပြီးတွင် ရန်ကုန်ယူ နိုက်တက်က ရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည်။ 

မကွေးအသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းအသင်းတို့က ရမှတ် ၂၀ စီတူညီသော်လည်း ဂိုးကွာခြားချက်ဖြင့်မကွေးက ဒုတိယ၊ ရှမ်းက တတိယရပ်တည်နေသည်။

Top News