မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ကယားပြည်နယ်လက်ရွေးစင်ဟောင်းများကို နိုင်

 မြန်မာ့လက်ရွေးစင်အ မျိုးသမီးအသင်းသည် တောင်ကြီး ခရီးစဉ်နောက်ဆုံးခြေစမ်းပွဲတွင် ကယားလက်ရွေးစင်ဟောင်းများ အသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။

မေလ ၂၁ ရက်က တောင် ကြီးအားကစားကွင်း၌ ယှဉ်ပြိုင် သည့် ယင်းခြေစမ်းပွဲတွင် မိနစ် ၃၀သုံးပိုင်းယှဉ်ပြိုင်ခဲ့ပြီး မြန်မာအမျိုး သမီးအသင်းက ကယားလက်ရွေး စင်ဟောင်းများအသင်းကို အသာ စီးရယူနိုင်ခဲ့သည်။ ကယားလက် ရွေးစင်ဟောင်းများအသင်းသည် ကစားအားကောင်းမွန်ပြီး အတွေ့ အကြုံရှိသောကြောင့် အမျိုးသမီးအသင်းအတွက် အတွေ့အကြုံကောင်းများရရှိစေကြောင်း နည်းပြချုပ် ဦးဝင်းသူမိုးက ဆိုသည်။

‘‘ကယားလက်ရွေးစင်ဟောင်းအသင်းက ကစားတာကောင်း တယ်။ အမျိုးသမီးအသင်းအ တွက် အတွေ့အကြုံကောင်းတွေ ရရှိခဲ့တယ်။ အမျိုးသမီးအသင်းက တော့ တိုက်စစ်ပိုင်းကလည်း အ ရင်ပွဲတွေကထက်ပိုပြီး တိုးတက် လာတာကိုတွေ့ရတယ်။ လိုအပ် ချက်တော့ ရှိနေသေးတယ်။ နောက်လာမယ့် ခြေစမ်းပွဲတွေမှာ ပြင်ဆင်သွားမယ်’’ဟု ဦးဝင်းသူမိုး က ပြောသည်။

မြန်မာအမျိုးသမီးအသင်း အတွက် အနိုင်ဂိုးများကို ရီရီဦးက နှစ်ဂိုး၊ ခင်မာလာထွန်း၊ ခင်မိုးဝေ နှင့် ၀င်းသိင်္ဂီထွန်းတို့က တစ်ဂိုးစီ သွင်းယူခဲ့သည်။

မြန်မာအမျိုးသမီးအသင်း သည် တောင်ကြီးခရီးစဉ်အတွင်း ခြေစမ်းပွဲသုံးပွဲယှဉ်ပြိုင်ပြီးချိန်၌ သုံးပွဲစလုံး အနိုင်ရရှိထားသည်။ မေလ ၁၇ ရက်က ယှဉ်ပြိုင်သည့် ပွဲတွင် မြန်မာအမျိုးသမီးအသင်း က ဟိုပုန်းလူငယ်အသင်းကို ၃-၁ဂိုး၊ မေလ ၁၉ ရက်က ယှဉ်ပြိုင်သည့်ပွဲတွင် တောင်ကြီးမျိုးဆက်သစ်လူငယ်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် မေလ ၂၂ ရက်တွင် မန္တလေးမြို့သို့ ဆက်လက်သွားရောက်မည် ဖြစ်သည်။

မန္တလေးမြို့တွင် ခြေစမ်းပွဲ သုံးပွဲထပ်မံယှဉ်ပြိုင်မည်ဖြစ်ပြီး မေလ ၂၅ ရက်၌ လပ်ကီးဟုမ်း အကယ်ဒမီအသင်း၊ မေလ ၂၇ ရက်တွင် ယူနတီလူငယ်အသင်း၊မေလ ၂၉ ရက်တွင် YDPP နည်းပြများအသင်းတို့နှင့်  ခြေစမ်းပွဲများယှဉ်ပြိုင်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုး သမီးအသင်းသည် မေလကုန်တွင်ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ မည်ဖြစ်ပြီး ဇွန်လ ဒုတိယပတ်၌ ထိုင်းနိုင်ငံသို့ သွားရောက်လေ့ကျင့်ခြေစမ်းမည်ဖြစ်သည်။ 

ယင်းခရီးစဉ်အတွင်း ထိုင်းအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ဇွန် လ ၁၂ နှင့် ၁၆ ရက်တွင် နှစ်ပွဲ၊ ဇွန်လ ၁၄ ရက်တွင် ထိုင်းအမျိုး သမီးကလပ်အသင်းတစ်သင်းနှင့် ခြေစမ်းပွဲတစ်ပွဲ စုစုပေါင်းခြေစမ်း ပွဲ သုံးပွဲယှဉ်ပြိုင်မည် ဖြစ်သည်။

Top News