မြန်မာ-တရုတ်လက်ရွေးစင်အသင်း ခြေစမ်းပွဲကြောင့် မြန်မာလိဂ်ပွဲစဉ်အချို့ ရွှေ့ဆိုင်း

 မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနှင့် တရုတ်အ သင်းတို့ နိုင်ငံတကာခြေစမ်းပွဲယှဉ် ပြိုင်ကစားမည် ဖြစ်၍ မြန်မာလိဂ် ပွဲစဉ်အချို့ ရက်ရွှေ့ဆိုင်းကျင်းပ မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင်ဘော လုံးအသင်းသည် မေလ ၂၆ ရက် တွင် တရုတ်နိုင်ငံ နန်ကျင်းမြို့သို့ သွားရောက်၍ တရုတ်လက်ရွေးစင်ဘောလုံးအသင်းနှင့် နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

အဆိုပါခြေစမ်းပွဲယှဉ်ပြိုင် မည့် မြန်မာ့လက်ရွေးစင်အသင်း အတွက် ရွေးချယ်ထားသည့် ကစားသမားအများစုပါဝင်သော မြန်မာလိဂ်ကလပ်အသင်းအချို့၏ ပွဲစဉ်များ ရက်ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း မြန်မာလိဂ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တွင် ကျင်းပရန် လျာထားသည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်ကို ရက်ပြောင်းလဲကျင်းပဖွယ်ရှိကြောင်း မြန်မာလိဂ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ပွဲစဉ် (၁၃) က လိဂ်ပွဲတွေ ကို ဇူလိုင် ၂၁၊ ၂၂ ရက်ကို ရွှေ့ လိုက်ပါတယ်။ တကယ်လို့ ရွှေ့ ထားတဲ့ ကလပ်အသင်းတွေထဲက ဗိုလ်ချုပ်ဒိုင်းဆီမီးမှာ ပါနေမယ်ဆို ရင် ထပ်ရွှေ့သွားဖို့ ရှိပါတယ်။ ဗိုလ်ချုပ်ဒိုင်းဆီမီးပွဲကလည်း ဇူလိုင် ၂၁၊ ၂၂ လုပ်မှာဆိုတော့ ရက်တိုက်နေလို့ပါ’’ဟု ၎င်းက ပြောသည်။မေလ ၂၆ ရက်တွင် မြန်မာ လိဂ်ပွဲစဉ် (၁၃) အဖြစ် ယှဉ်ပြိုင် မည့် ရှမ်းအသင်းနှင့် ဇွဲကပင်အ သင်း ပွဲကို ဇူလိုင် ၂၁ ရက်တွင် တောင်ကြီးကွင်း (သို့မဟုတ်)  သုဝဏ္ဏကွင်း၊ ဧရာဝတီနှင့် ရတနာပုံအ သင်း ပွဲကို ဇူလိုင် ၂၁ ရက်တွင်  ပုသိမ်ကွင်း၊ ရန်ကုန်နှင့်  ဟံသာဝတီအသင်း ပွဲကို ဇူလိုင် ၂၂ ရက်တွင် ရန်ကုန်မြက်ခင်းတုကွင်း၊ မကွေးနှင့် မြ၀တီအသင်းပွဲကို ဇူလိုင် ၂၂ ရက်တွင် သုဝဏ္ဏကွင်းတို့၌ ပြောင်းလဲကျင်းပမည် ဖြစ်သည်။

သို့သော် မြန်မာလိဂ်ပွဲစဉ် (၁၃) မှ မေလ ၂၆ ရက်တွင် စစ် တွေမြို့၌ ယှဉ်ပြိုင်မည့် ရခိုင်နှင့် စစ်ကိုင်းယူနိုက်တက်၊ သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင်မည့် GFA နှင့် ဆောက်သမ်းအသင်းတို့ ပွဲစဉ်များကို မူလသတ်မှတ်ထားသည့် ရက် အတိုင်း ကျင်းပမည် ဖြစ်သည်။

၂၀၁၈ MPT မြန်မာလိဂ်ပွဲ စဉ် (၁၂) အပြီးတွင် ရန်ကုန်ယူ နိုက်တက်က ရမှတ် ၂၉ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံး၌ ဦးဆောင်နေသည်။

Top News