ရိုက်တာသတင်းထောက်နှစ်ဦးထံက ရသည်ဆိုသော စီအိုင်ဒီတပ်ဖွဲ့၏ စာရွက်စာတမ်းများ သက်သေခံတင်သွင်းမှု ပယ်ချခံရ

သတင်းထောက်ကိုဝလုံးကို ၁၉ ကြိမ်မြောက်ရုံးထုတ်၌ တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဖမ်းဆီးခံ ရိုက်တာ သတင်းထောက်နှစ်ဦးထံမှ ရရှိ သည်ဟုဆိုသော လျှို့ဝှက်စာရွက် စာတမ်းများကို နေပြည်တော် စီအိုင်ဒီမှုခင်းတပ်ဖွဲ့က ယမန်နေ့ ရုံးချိန်းတွင်  တင်သွင်းရာ တရား သူကြီးက လက်မခံဘဲ ပယ်ချခဲ့ သည်။

ယမန်နေ့က ရိုက်တာ သတင်းထောက်နှစ်ဦး အမှုနှင့် ပတ်သက်ပြီး ၁၉ ကြိမ်မြောက် ရုံး ထုတ်စစ်ရေးရာ နေပြည်တော် ရဲမှူးခင်းတပ်ဖွဲ့ နည်းပညာမှုခင်း ဌာန (CID)မှ ရဲမှူးအောင်ကျော် ဆန်းက ရိုက်တာသတင်းထောက် နှစ်ဦး၏ လက်ကိုင်ဖုန်းမှ ရရှိ သော အချက်အလက်ပါ စာရွက် စာတမ်း ၂၁ ရွက်ဟုဆိုကာ ရုံး တော်သို့ တင်သွင်းခဲ့သည်။

ထိုသို့ တင်သွင်းမှုကို ရိုက် တာသတင်းထောက် နှစ်ဦး၏ အကျိုးဆောင်ရှေ့နေ ဦးသန်း ဇော်အောင်က ဥပဒေနှင့်မညီ၍ ကန့်ကွက်ပြီး တရားသူကြီးက လည်း ပယ်ချကြောင်း ရှေ့နေ ဦးသန်းဇော်အောင်က ပြော သည်။

‘‘ဝလုံးနဲ့ ကျော်စိုးဦး ဖုန်းထဲ ကနေ ရတယ်လို့ပြောတာ။ ဟို အရင်က နိုင်လင်းပေးတယ်ဆိုတဲ့ စာရွက်တွေ မဟုတ်ဘူး။ သူတို့ ဖုန်းထဲကရတဲ့ အချက်တွေဆိုပြီး ထွက်ဆိုသွားတာ’’ဟု ၎င်းက ဆက်လက်ပြောသည်။

ရဲမှူး အောင်ကျော်ဆန်း တင်သွင်းသည့် လျှို့ဝှက်စာရွက် စာတမ်းများသည်လည်း အများ ပြည်သူ သိသင့်သည့် အချက် အလက်များပင်ဖြစ်ကြောင်း ရှေ့ နေဦးသန်းဇော်အောင်က ပြော သည်။

‘‘သူကတော့ ထိပ်တန်းလျှို့ ဝှက်ဆိုပြီး တတွင်တွင် ပြောပြီး သုံးသွားတယ်ပေါ့။ အဲဒီအချက် အလက်တွေက ရခိုင်ပြည်နယ် မာန်အောင်ကျွန်းက စီးပွားရေး လုပ်ငန်းနဲ့ပတ်သက်တဲ့ဟာတွေ၊ နောက်ပြီး လွှတ်တော်ကနေ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်တွေပါ တယ်’’ဟု ၎င်းကဆိုသည်။

ရိုက်တာသတင်းထောက် နှစ်ဦးအမှုနှင့်ပတ်သက်ပြီး ယနေ့ (မေလ ၂၂ ရက်)တွင် ဆက်လက် ရုံးထုတ်စစ်ဆေးမည်ဖြစ်ပြီး ရဲမှူး အောင်ကျော်ဆန်းကိုပင် ဆက် လက် စစ်ဆေးမည်ဖြစ်သည်။

ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင်ဖမ်း သည်ဟု ဖွင့်ချသော ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို ရဲစည်းကမ်းထိန်း သိမ်းရေး ဥပဒေဖြင့် အလုပ်ကြမ်း နှင့် ထောင်ဒဏ်တစ်နှစ် ချမှတ် ထားသည်။ ထို့အပြင် ရိုက်တာ သတင်း ထောက်နှစ်ဦးနှင့်တွေ့ဆုံ ရာတွင် ပါဝင်သော ရဲတပ်ကြပ် ကြီး ခင်မောင်လင်းကို ရဲစည်း ကမ်းထိန်းသိမ်းရေးဥပဒေဖြင့် အရေးယူကာ ရာထူးမှ ထုတ် ပယ်ခဲ့သည်။

ပြီးခဲ့သည့် ၁၈ ကြိမ်မြောက် ရုံးချိန်းတွင် ရိုက်တာသတင်း ထောက်နှစ်ဦးကို လျှို့ဝှက်စာ ရွက်စာတမ်းများပေး၍ ထောင် ဖမ်းခဲ့သည်ဟုဆိုသော တရားလို ပြသက်သေတစ်ဦးဖြစ်သည့် ရဲဒု တပ်ကြပ်နိုင်လင်းကို စစ်ဆေးရာ ၎င်းက သတင်းထောက်ကိုဝလုံး ကို မောင်တောဒေသတွင် ဖြစ်ပွား သော အခြေအနေများနှင့်ပတ် သက်ပြီး တစ်စုံတစ်ရာ ပြောဆိုခဲ့ ခြင်းမရှိသလို အရေးကြီးစာရွက် စာတမ်းများကိုလည်း မပေးခဲ့ ကြောင်း ငြင်းဆိုထားသည်။

Top News