အသက်(၂၀)ပြည့် မွေးနေ့ကို အလှူလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ ရွှေမှုံရတီ

သရုပ်ဆောင်ရွှေမှုံရတီ ၏ အသက်(၂၀)ပြည့်မွေးနေ့ကို မေလ ၁၆ ရက်နံနက်က မှော်ဘီ မြို့ရှိ အောင်ဇမ္ဗူတောရဓမ္မ ရိပ်သာတွင် ပြုလုပ်ခဲ့သည်။

‘‘အလှူလုပ်ဖြစ်တာက တော့ အသက်ကြီးလာတာ ကြောင့်လည်းပါတယ်။ ထိပ်စီး ပြောင်းလာပြီလေ။ နဂိုကတည်း ကလည်း ပွဲတွေ၊ အလှူတွေလုပ် ဖြစ်ပါတယ်။ ဖေ့စ်ဘွတ်ခ်သာ မတင်ဖြစ်တာပါ။ အခုကတော့ အသက်(၂၀)ပြည့်မွေးနေ့လည်း ဖြစ်တဲ့အတွက် လုပ်ဖြစ်တာပါ’’ ဟု ရွှေမှုံရတီကပြောသည်။

သံဃာ ၁၀၈ပါးအားသင်္ကန်း နှင့် ၀တ္ထုငွေလှူဒါန်းခဲ့ပြီး နေ့လယ် စာကို လူတစ်ထောင်စာအတွက် ထောပတ်ထမင်းနှင့် ကြက်သား ဟင်းလှူဒါန်းခဲ့သည်။

‘‘ပျော်ပွဲရွှင်ပွဲလုပ်တာထက် အလှူပွဲလုပ်တာက ပိုပျော်ဖို့ ကောင်းတယ်ဆိုတာသိလိုက်ရ တယ်။ ရင်ထဲမှာ အရမ်းပီတိဖြစ် တယ်။ အဲဒါဘာနဲ့မှလဲလို့မရဘူး ဆိုတာကို ညီမသိလိုက်တယ်။ ညီမရင့်ကျက်လာတယ်။ တည် ငြိမ်အောင်လည်း ကြိုးစားနေ တယ်’’ ဟု ၎င်းကပြောသည်။

ယခုနှစ်မွေးနေ့တွင် ပထမ ဆုံး မွေးနေ့လက်ဆောင်အဖြစ် မိခင်ထံမှ လက်ကောက်ရရှိပြီး ညီမဖြစ်သူငွေမှုံရတီက အဆိုပါ ဓမ္မရိပ်သာ၌ပင် မွေးနေ့ကိတ်ဖြင့် Surprise ပြုလုပ်ခဲ့ကြောင်း၊ ချစ် သူနှင့်ပြတ်စဲခဲ့ပြီဖြစ်၍ သူစိမ်း တစ်ယောက်ထံမှ မည်သည့်လက် ဆောင်မျှမရကြောင်း ဆိုသည်။

‘‘ချစ်သူမရှိတော့ပါဘူး။ Single ပါ။ အရမ်းပျော်ပါတယ်။ လွတ်လပ်တဲ့အရသာကို ဘ၀မှာ ပထမဦးဆုံးခံစားဖူးခြင်းဆိုတော့ အရမ်းပျော်နေပါတယ်။ ချစ်သူ ထပ်ထားဖြစ်၊ မထားဖြစ်ကတော့ လေ ညီမအသက်က အခုမှငယ် ငယ်လေးပဲရှိသေးတော့ ဒါကို အခုမပြောသေးဘူး။ ညီမမွေးနေ့ မှာ ညီမအရမ်းကိုလွတ်လပ်နေ တယ်။ အရမ်းပျော်ရွှင်နေတယ်။ ညီမရဲ့မိသားစုတွေ၊ ပရိသတ် တွေ၊ ချစ်ခင်ရတဲ့သူတွေတူတူရှိ တဲ့အတွက်ပျော်တယ်’’ ဟု ၎င်းက ပြောသည်။

လက်ရှိတွင်၎င်းအသုံးပြုနေ သည့် အကောင့်အဟက်ခံထား ရသောကြောင့် အဆိုပါအကောင့် ပြန်ရလျှင် ပြန်လည်အသုံးပြုမည် ဖြစ်ပြီး မရလျှင်အသစ်ဖွင့်မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

‘‘အကောင့်က အဟက်ခံရ တာပါ။ ညီမအဲဒါတွေကို သိပ် လည်းစိတ်မ၀င်စားတာပါတယ်။ ညီမဖေ့စ်ဘွတ်ခ်သုံးတယ်ဆိုတာ We Love တွေကြောင့်သုံးပေးတာ ပါ။ သုံးရင်းနဲ့ Follower တွေတက် တယ်၊  Like တွေများလာတယ်။ ဒါပါပဲ။ ညီမအတွက်ဖေ့စ်ဘွတ်ခ် က ဘ၀တစ်ခုမဟုတ်ဘူး။ ဟက် တော့လည်း ဟက်တယ်ပေါ့။ နောက်တစ်ခုထပ်ဖွင့်ရမှာပေါ့။ ညီမလည်း ဘာမှမတတ်နိုင်ဘူး လေ’’ ဟု ရွှေမှုံရတီက ပြော သည်။

စီးပွားရေးနှင့်ပတ်သက်၍ ဇွန်လတွင် ရွှေရည်ရတီထုတ်လုပ် ရေးအမည်ဖြင့် ဇာတ်ကားများ ထုတ်လုပ်ရိုက်ကူးမည်ဖြစ်ပြီး ပထမဆုံးဇာတ်ကားကို အောင်ရဲ လင်းနှင့်ရိုက်ကူးမည်ဖြစ်ကြောင်း သရုပ်ဆောင်ရွှေမှုံရတီက ပြောသည်။