မွေးနေ့မှာ စေတီတော်ရေစက်ချ အလှူလုပ်တဲ့ပိုပို

 မေလ ၁၆ရက်တွင် ကျရောက်သည့် မွေးနေ့၌ အဘွား၏ ရွာ၌ တည်ထားသည့် စေတီတော်အားရည်စူး၍   ရေ စက်ချအလှူလုပ်ခဲ့ကြောင်း အ ဆိုတော်ပိုပိုကပြောသည်။

‘‘အဘွားရဲ့ရွာပဲခူးတိုင်း ဝေါ မြို့က တမာတကေကျေးရွာမှာ ဘုရားတည်ထားတာပါ။ အခုရွှေ သင်္ကန်းကပ်တာလည်းပြီးသွားပြီ ဆိုတော့မွေးနေ့နဲ့တစ်ခါတည်း ပေါင်းပြီး ရေစက်ချအမျှဝေ အလှူလေးလုပ်ဖြစ်တာပါ’’ ဟု ၎င်းကပြောသည်။

နံနက်ပိုင်းတွင် မွေးနေ့ အလှူလုပ်ဖြစ်ပြီး ညနေပိုင်း တွင်လည်းသူငယ်ချင်းများ နှင့် Pool Party ပြုလုပ်ရန် အစီအစဉ်  ရှိကြောင်း ၎င်းကဆိုသည်။

လက်တလော အနုပညာ လှုပ်ရှားမှုအဖြစ် ၎င်း၏စီးရီးခွေအ တွက် အမ်တီဗီများရိုက်ကူးရန်ရှိ ပြီး သီချင်းသစ်နှစ်ပုဒ်ကိုလည်း  အမ်တီဗီရိုက်ကူးရန် အစီအစဉ် ရှိသည်ဟု ပိုပိုကပြောသည်။

‘‘ဒိုင်ယာရီအသစ် အချစ်က ဆိုက်ကိုကတနင်္လာနေ့က ထွက် ပါတယ်။ ကိုယ်ကတော့ကြည့်ရ မှာ ကိုယ့်ဟာကိုယ်ရှက်လို့မကြည့် ရသေးဘူး။ Fan တွေကတော့ ကိုယ့်ကို ချစ်တဲ့သူတွေဆိုတော့ အကောင်းတွေပဲ ပြောတယ်။ ကောင်းလား၊ မကောင်းလားက တော့ ပရိသတ်ပဲဝေဖန်ရမှာပါ’’ ဟု ၎င်း  ပါဝင်သရုပ်ဆောင်ထား သည့်ဇာတ်ကားနှင့် ပတ်သက်၍ ပိုပိုကပြောသည်။

လတ်တလောတွင် ဇာတ် ကားရိုက်ကူးရေး ရုပ်ရှင်ကမ်း လှမ်းမှုများရှိသော်လည်း ၎င်း ရိုက်ကူးလိုသည့် ဇာတ်လမ်းကို ရွေးချယ်နေသောကြောင့် လက်မ ခံဖြစ်သေးကြောင်းဆိုသည်။

‘‘အဓိကက  ကိုယ်သရုပ် ဆောင်ရတာ ပေါ့ပေါ့ပါးပါးဖြစ် မယ့် ဇာတ်လမ်းမျိုးရိုက်ချင်တယ်။ အဲဒါကြောင့်ကြာနေတာ’’ ဟု ပိုပို ကပြောသည်။

ထို့အပြင် ယခုစာသင်နှစ်၌  အဝေးသင်တက္ကသိုလ် တတိယ နှစ် ဥပဒေဘာသာရပ်ဖြင့် ကျောင်းပြန်တက်ရန် အစီအစဉ်ရှိ ကြောင်း၎င်းကဆိုသည်။

‘‘ကျောင်းလည်းအပ်ပြီးပြီ။ အဆိုင်းမင့်တွေလည်း တင်ပြီး သွားပြီ။ စာတွေကျက်ရမှာဆို တော့နည်းနည်းတော့တုန်လှုပ် တယ်။ ဦးနှောက်ကလည်း သိပ် မကောင်းဘူးဆိုတော့ အရမ်းကို ကြိုးစားရမှာ။ အဓိက ကအချိန်မ ပေးနိုင်တာ’’ ဟု ပိုပိုကပြောသည်။

ထို့အပြင် အိမ်တွင် ဆရာ ခေါ်၍ စန္ဒရားတီးသင်နေပြီး British Council တွင်လည်း အင်္ဂလိပ်စာသင်တန်း တက်နေ သည်ဟု ၎င်းကပြောသည်။