တပ်မတော်ကို အသရေဖျက်မှုဖြင့် တရားစွဲခံရသည့် မြစ်ကြီးနားဆန္ဒပြပွဲဦးဆောင်သူ နှစ်ဦး အာမခံရ

မြစ်ကြီးနားမြို့တွင် ဧပြီ၃၀ရက်က ဆန္ဒထုတ်ဖော်နေစဉ်

တပ်မတော်ကို အသ ရေဖျက်သည်ဆိုကာ  ရာဇ သတ်ကြီးပုဒ်မ ၅၀၀ ဖြင့်တရားစွဲ ဆိုခံရသည့် ပိတ်မိစစ်ရှောင်များ ကယ်ထုတ်ပေးရေး မြစ်ကြီးနား မြို့တွင်ဆန္ဒထုတ်ဖော်ခဲ့သည့် ဦး ဆောင်သူသုံးဦးအနက် နှစ်ဦးကို မြို့နယ်တရားရုံးက အာမခံပေး ပြီး မေလ ၂၁ ရက်တွင်အမှုကို ကြားနာစစ်ဆေးရန် ထပ်မံချိန်းဆို ခဲ့သည်။

ပိတ်မိစစ်ရှောင်များကယ် ထုတ်ပေးရန် ဆန္ဒထုတ်ဖော်ရာ၌ တပ်မတော်ကို အသရေဖျက် သည်ဆိုကာ  တရားစွဲခံရသူ ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်နှင့် ဒေါ်နန်ပူတို့ကို မေလ ၁၆ ရက် တွင် မြို့နယ်တရားရုံး၌ရုံးချိန်း စတင်ခေါ်ဆိုခဲ့သည်။

‘‘ဒီနေ့ကတော့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်က တရားလိုဖြစ် တဲ့ ဒုတိယဗိုလ်မှူးကြီးမျိုးမင်းဦး ရောက်ရှိလာတာပေါ့။ ကျွန်တော် တို့ စွပ်စွဲခံထားရတဲ့သုံးဦးမှာ ဒေါ် နန်ပူက ခရီးလွန်နေတဲ့အတွက် ကြောင့် စစ်ဆေးမှု၊ ကြားနာမှု တော့ မလုပ်ဘူး။ ကိုဇော်ဂျက်နဲ့ ကျွန်တော်က အာမခံလျှောက် ထားတော့ အာမခံပေးတာပေါ့’’ ဟု ကိုလွမ်းဇောင်း က ပြောသည်။

ဒေါ်နန်ပူသည် မြစ်ကြီးနား မြို့၌ဧပြီ ၃၀ ရက်ကပြုလုပ်သော ဆန္ဒပြပွဲကို တာဝန်ခံထားသူဖြစ် သည်။ တပ်မတော်၏ တရားစွဲဆို မှုနှင့်ပတ်သက်၍ မေးမြန်းရန်ဒေါ် နန်ပူထံဆက်သွယ်ရာ အဆက်အ သွယ်မရပေ။

မြစ်ကြီးနားမြို့၌ ဧပြီ ၃၀ ရက်နံနက်က ပြုလုပ်သော ပိတ် မိစစ်ရှောင်များလွတ်မြောက်ရေး ဆန္ဒပြပွဲအပြီးတွင် ကချင်လူငယ် များသည် ယင်းကဲ့သို့ လှုပ်ရှားမှု များ ဆက်လက်ပြုလုပ်ခဲ့သည်။

ကချင်လူငယ်များ၏ လှုပ် ရှားမှုတွင် တပ်မတော်ကိုအကြည် ညိုပျက်စေသည့်ကိစ္စ  တစ်ခုမျှ မပါရှိဟု ကချင်လူငယ်အဖွဲ့ခေါင်း ဆောင်မဆွတ်ဆိုင်းထွယ်ကဆို သည်။

ကိုလွမ်းဇောင်းက ‘‘သူတို့ ဘာအချက်နဲ့ တိုင်ချက်ဖွင့်ထားလဲ ဆိုတာ ပြည့်ပြည့်စုံစုံက တနင်္လာ နေ့(မေလ ၂၁ ရက်) ကြားနာမှပဲ ပိုပြီးသိမယ်ထင်တယ်’’ ဟု ပြော သည်။ တရားစွဲခံရသူ ကိုလွမ်း ဇောင်းသည် ဆန္ဒထုတ်ဖော်ရာ တွင် သက်ဆိုင်ရာသို့ အကြောင်း ကြားခြင်းမရှိ၍ဆိုကာ မြို့နယ် တရားရုံးက မေလ ၉ ရက်တွင် ဒဏ်ငွေကျပ်သုံးသောင်းပြစ်ဒဏ် ချမှတ်ခံထားရသည်။

တပ်မတော်နှင့် ကချင်လက် နက်ကိုင်အဖွဲ့(KIA)တို့၏ ဧပြီအ တွင်း တိုက်ပွဲများကြောင့်တနိုင်း၊ ဖားကန့်၊ မိုးကောင်း၊ အင်ဂျန်း ယန်မြို့နယ်တို့မှ ဒေသခံပြည်သူ ငါးထောင်ကျော်ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး အချို့သည်တောထဲ တွင်ပိတ်မိနေသည့်အပေါ် ပိတ် မိစစ်ရှောင်များ ကယ်ထုတ်ပေး ရန် တောင်းဆိုသော ဆန္ဒထုတ် ဖော်မှုများ မြစ်ကြီးနားမြို့တွင် ပြု လုပ်ခဲ့သည်။