ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ပါက လီဗာပူး ကစားသမားတိုင်း ယူရိုနှစ်သိန်း ဆုကြေးရမည်

 မေလ ၂၆ ရက်တွင် ယူက ရိန်း နိုင်ငံ ကိဗ်မြို့၌၂ နှစ်ဆက်ချန် ပီယံ ရီးရဲလ်နှင့် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် လီဗာ ပူးအနိုင်ရပါက အသင်းသားတစ် ဦးလျှင် ဆုကြေးယူရိုနှစ်သိန်းစီ ရရှိမည်ဖြစ်သ်ျ။

ရီးရဲလ်သည် ချန်ပီယံလိဂ် ဖလားကို သုံးကြိမ်ဆက်တိုက်ရယူ နိုင်မည်ဟု မျှော်လင့်ကြောင်း ရီး ရဲလ်အသင်းခေါင်းဆောင် ရာမို့စ် ကပြောသည်။

ချန်ပီယံလိဂ်ဖလားကို သုံး နှစ်ဆက်တိုက်ရရှိခြင်းသည် အိပ် မက်တစ်ခုဟု ရာမို့စ်က ပြောပြီး သုံးကြိမ်ဆက်တိုက်ရရှိသော ချန် ပီယံလိဂ်ဖလားကို အိမ်ပြန်သယ် ယူနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောသည်။

ဆဋ္ဌမမြောက် ချန်ပီယံလိဂ် ဖလားရရှိရေး ကြိုးပမ်းနေသော လီဗာပူးအတွက် ကွာတားဖိုင်နယ် သို့ တက်ရောက်နိုင်ခဲ့သဖြင့် ဆု ကြေးယူရို ၆ ဒသမ ၅ သန်းရခဲ့ပြီး ဗိုလ်လုပွဲတွင် အနိုင်ရခဲ့ပါက ဆုငွေများစွာ ပိုမိုရမည်ဖြစ်သည်။

၂၀၀၇ ကတည်းက ဗိုလ်လု ပွဲသို့ မတက်လှမ်းနိုင်ခဲ့သော ပရီး မီးယားလိဂ်ကလပ် လီဗာပူးသည် ရီးရဲလ်၏ အောင်မြင်မှုနှင့် နှိုင်း ယှဉ်ပါက ကွာခြားနေသည်။

ရီးရဲလ်နည်းပြ ဇီဒန်းက ယင်းဖလားကို နှစ်ကြိမ်ဆက် တိုက်ယူထားကာ သုံးကြိမ်ဆက် ဗိုလ်စွဲရန် ပြင်ဆင်နေပြီး၎င်းကိုင် တွယ်ခဲ့သည့် ဥရောပ ရှုံးထွက်အ ဆင့်တွင် တစ်ကြိမ်မျှ မရှုံးဖူးပေ။

ဂျူဗင်တပ်ကို ပြီးခဲ့သည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် နိုင်ပြီး နောက် ရီးရဲလ်က ကစားသမား များအား တစ်ဦးလျှင် ယူရိုနှစ် သန်းစီပေးခဲ့သည်။

ရီးရဲလ်သည် မိမိတို့ထက် များစွာအတွေ့အကြုံရှိသော အ သင်းဖြစ်သော်လည်း လုံးဝအာရုံ စိုက်၍ ရင် ဆိုင်မည်ဟု လီဗာပူး နည်းပြ ဂျာဂန်ကလော့ပ်က ပြော ကြားထားသည်။ —Ref:AS/sky