၂ နှစ်အတွင်း စီးပွားရေးဆိုင်ရာ ပြစ်မှုများမှ ကျပ်ဘီလီယံ ၅၀၀ ကျော်နှင့် အမေရိကန်ဒေါ်လာ ၁၈ သန်းကျော် အခွန်စည်းကြပ်ရန် တွေ့ရှိ

အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနအနေဖြင့် ၂ နှစ်အတွင်း စစ်ဆေးသည့် စီးပွားရေးဆိုင်ရာ ပြစ်မှုများအနက် အခွန်စည်းကြပ်ရန် လိုအပ်သည့် ကျပ်သန်းငါးသိန်းကျော် (ကျပ် ဘီလီယံ၅၀၀ ကျော်)နှင့် ကန်ဒေါ်လာ ၁၈ သန်းခွဲကျော်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောသည်။

၂၀၁၆ ဧပြီ ၁ ရက်မှ ၂၀၁၈ မေလ ၁၅ ရက်အထိ ၂ နှစ်အ တွင်း စီးပွားရေးဆိုင်ရာ အမှု ၉၅ မှုကို စစ်ဆေးရာမှ အခွန်ကြီး ကြပ်ရန် တွေ့ရှိခြင်းဖြစ်သည်။


‘‘စစ်ဆေးတဲ့အမှုများအနက် မှ ငွေကျပ်သိန်းပေါင်း ၅၃ သိန်း ကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်ကို အခွန်စည်းကြပ်ပြီးတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနကို အကြောင်းကြားပေး နိုင်ခဲ့ပါတယ်’’ဟု  ဦးတင်မြင့်က မေလ ၁၅ ရက်က အစိုးရသက်တမ်း ၂ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သို့သော် စုံစမ်းစစ်ဆေးဖော် ထုတ်ခဲ့သည့် စီးပွားရေးဆိုင်ရာ ပြစ်မှုများကို အသေးစိတ်ပြော ကြားခြင်းမရှိပေ။

‘‘ကောင်းပါတယ်။ ဌာနဆိုင် ရာတွေက အခုညွှန်ကြားချက်တွေ က ပျော့ညံ့တယ်ပေါ့လေ။ အခွန် ဆိုတာ နဂိုဥပဒေကတည်းက အ ခွန်မဆောင်ရင် ကိုယ့်အိမ်တိုင် တောင် ချွတ်ပေးရတယ်လေ။ အဲ ဒီထိတောင် ရှိတာပဲလေ။ အဲဒါကို မပေးဘဲ ဒီလိုပဲ နေနေကြတာကိုး။ အရေးကလည်း မယူဘူး။ အခုလို လုပ်ပြီးတော့ စစစလုံးနဲ့ ညှပ်ပြီး ကြောက်တဲ့သဘောလည်း ပါမှာ ပေါ့လေ။ တကယ်တမ်း အပြစ်ယူ ရင်တော့လည်း ရတာပဲလေ’’ဟု စီးပွားရေးလုပ်ငန်းရှင် ဦးမြတ် သင်းအောင်က ပြောသည်။

 အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနသည် စီးပွားရေးဆိုင်ရာ ပြစ်မှုစုံစမ်းဖော်ထုတ်အရေးယူ ရေး၊ ဝန်ထမ်းမသမာမှု ဖော်ထုတ် အရေးယူရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် သတင်းများ စုဆောင်းတင်ပြရေးနှင့် ပြည်သူအကျိုးပြုဆောင်ရွက်ရေးတို့ ဆောင်ရွက်ကြောင်း ဦးတင်မြင့်ကပြောသည်။