ဝန်ကြီးချုပ်ဟောင်း ဦးနုအမှတ်တရပြခန်း ဖွင့်မည်

 မြန်မာနိုင်ငံ၏ပထမဆုံး ဝန်ကြီးချုပ် ဦးနုအမှတ်တရပြခန်း ကို မေလ ၂၅ ရက်တွင် ဖွင့်လှစ် မည်ဖြစ်သည်။ ပြခန်းကို ဗဟန်းမြို့နယ် ဆရာစံလမ်း၊ ပြည်ထောင်စုရိပ်သာလမ်းရှိ ဦးနု၏အိမ်တွင်ဖွင့်မည်ဖြစ်ပြီး ၎င်း၏ စာအုပ်များနှင့် အသုံးအဆောင်များကို ပြသမည်ဖြစ်သည်။  

‘‘ပြခန်းလုပ်ဖို့ စဉ်းစားခဲ့တာ တော်တော်ကြာပါပြီ။ ကျွန်မ နိုင်ငံ ခြားတွေသွားတိုင်း အဲဒီက နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ပြတိုက်တွေ တွေ့တယ်။ ဖေဖေ့အိမ်ကိုလည်း အဲဒီလိုပြတိုက်တွေ လုပ်ရရင် ကောင်းမှာပဲလို့ စဉ်းစားမိတယ်။ အဲဒါကြောင့် ဖွင့်ဖြစ်တာပါ’’ဟု ဦးနုသမီး ဒေါ်စန်းစန်းနုက ပြောသည်။


အဆိုပါပြခန်းတွင် ဦးနု၏ ဘုရားခန်း၊ စာကြည့်ခန်း၊ ဧည့် ခန်းနှင့် အိပ်ခန်းတို့ ပြသထားမည် ဖြစ်သည်။

‘‘အရင်တုန်းက ဖေဖေက အိမ်လှလှလေး ဆောက်ပေးဖို့ ကျွန်မကို စနောက်လေ့ရှိတယ်။ ကျွန်မလည်း မဆောက်ပေးနိုင်ခဲ့ ဘူး။ အခုလိုပြခန်းလေးဖြစ်လာ မယ်ဆိုတော့ ဝမ်းသာလှပါပြီ’’ဟု ဒေါ်စန်းစန်းနုက ဆိုသည်။ ပြ တိုက်ဝင်ကြေးနှင့် ပတ်သက်၍ မည်သို့ စီစဉ်ရမည်ကို မစဉ်းစားရ သေးကြောင်း ယခု ပြခန်းအဆင့် သာရှိသေးပြီး ပြတိုက်ဖြစ်ရန် ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ဦးနုနှင့် ပတ်သက်သည့် စာရွက်စာတမ်း၊ အမှတ်တရပစ္စည်းများ၊ ၎င်းရေးသားထုတ်ဝေသည့် ပထမအကြိမ် စာအုပ်များ၊ စာတမ်းများကို ၎င်း ထံ ဆက်သွယ်လှူဒါန်းခြင်း (သို့မ ဟုတ်)ရောင်းချနိုင်ကြောင်း စာ ရေးဆရာ မြေမှုန်လွင်က ပြော သည်။ အလှူရှင်များ၏နာမည်ကို ပြခန်းတွင် ထားပေးမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

ဦးနုသည် မြန်မာနိုင်ငံ၏ ပထမဆုံးဝန်ကြီးချုပ်ဖြစ်ပြီး အမျိုး သားခေါင်းဆောင်နှင့် နိုင်ငံရေး သမားလည်းဖြစ်သည်။ ဦးနုကို ဧရာဝတီတိုင်း မြောင်းမြခရိုင် ဝါးခယ်မမြို့တွင် အဖ ဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ ၁၉၀၇ မေ လ ၂၅ ရက်၌ မွေးဖွားခဲ့သည်။  ၁၉၂၀ တက္ကသိုလ်ကျောင်းသား သပိတ်တွင် ဝါးခယ်မ မြို့မအစိုးရ ကျောင်း၌ ပါဝင်ခဲ့သည်။ ၁၉၂၅ တွင် ရန်ကုန်မြို့ မြို့မအထက်တန်း ကျောင်းမှ ဒသမတန်းအောင်မြင် ပြီး ၁၉၂၉ တွင် ရန်ကုန်တက္ကသိုလ် ၌ ဘီအေ(ဝိဇ္ဇာ)ဘွဲ့ ရရှိခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ပထမဆုံး ဝန်ကြီးချုပ်ဖြစ် လာသည်။ ဦးနုရေးသားခဲ့သော စာအုပ်အချို့ကို အင်္ဂလိပ်ဘာသာ ဖြင့် ပြန်ဆိုခဲ့သည်။ ဦးနု၏ကိုယ် ရေးအတ္ထုပ္ပတ္တိ ဖြစ်သည့် တာတေ စနေသား စာ အုပ်ကို ဦးလောရုံက ဘာသာပြန်ဆိုခဲ့သည်။ ဦးနုသည် ၁၉၉၅ ဖေဖော်ဝါရီ ၁၄ရက်တွင်ကွယ်လွန်ခဲ့သည်။