နတ်တလင်းတွင် ငြိမ်းချမ်းရေးအတွက် ဆုတောင်း လမ်းလျှောက်သည့် ကျောင်းသားသုံးဦး အမှုဖွင့်ခံရ

ငြိမ်းချမ်းရေးဆုတောင်းသူ လူငယ်တစ်ဦးကို ဖမ်းဆီးလာစဉ် (ဓာတ်ပုံ − လပြည့်)

ပဲခူးတိုင်းဒေသကြီး နတ် တလင်းမြို့ရှိ သကျမဟာမြတ်မုနိ ဘုရားကြီးတွင် စစ်ပွဲများ ရပ်တန့် ရန်နှင့် ငြိမ်းချမ်းရေးအတွက် မေလ ၁၅ ရက်က ဆုတောင်းလမ်း လျှောက်သည့် ကျောင်းသားလူ ငယ် ၁၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်း ဆီးပြီး ၎င်းတို့အနက်သုံးဦးကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် နတ်တလင်း မြို့မ ရဲစခန်း၌ အမှုဖွင့်ထားသည်။


ဖမ်းဆီးခံရသူများတွင် နတ် တလင်းမြို့နယ် အခြေခံပညာကျောင်းသားများ သမဂ္ဂ၊ ဗမာ့ လွတ်မြောက်ရေးလူငယ်ကွန်ဂ ရက်မှ ကျောင်းသားများနှင့် ပြည်မြို့မှ အလွတ်တန်းသတင်း ထောက်တစ်ဦး ပါဝင်ပြီး ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူခံရသူသုံးဦးသည် နတ်တလင်းမြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂမှ မောင်ရီဝေယံ၊ မောင်ပိုင်ငြိမ်းဝေ နှင့် မောင်ဆောင်းဦးသွင်တို့ဖြစ် ကြောင်း ဖမ်းဆီးခံရမှု၌ပါဝင်သည့် ကိုသူရအောင်ကပြောသည်။

‘‘အဓိကကတော့ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့ ဆုတောင်းတာပါ။ ဘုရားမှာမီးပူဇော်ပြီး ဆုတောင်း တယ်။ ကချင်ပြည်နယ်မှာ စစ်ပွဲ တွေကြောင့် ပိတ်မိနေတဲ့ ပြည်သူ တွေကို လွတ်စေချင်တယ်။ ဆု တောင်းပွဲလုပ်ဖို့ ကျွန်တော်တို့ခွင့် ပြုချက်တောင်းခံအကြောင်းကြား ပါတယ်။ ၄၈ နာရီအတွင်း တင်ရ မယ်ဆိုပြီး သူတို့က လက်မခံတာ ပါ’’ ဟု ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့် ခံရသူ မောင်ရီဝေယံက ပြော သည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးသည့် လူငယ်များကို ညတွင်းချင်းပြန် လွှတ်ပေးပြီး အမှုဖွင့်အရေးယူခံ ရသူ ကျောင်းသားလူငယ်သုံးဦး ကို  အာမခံဖြင့် ပြန်လွှတ်ပေးခဲ့ ကြောင်း ဖမ်းဆီးခံကျောင်းသား တစ်ဦးက ပြောသည်။

ဆုတောင်းပွဲပြုလုပ်သူများ သည် ဥပဒေနှင့်အညီ ခွင့်ပြုချက် တောင်းခံခြင်းမရှိဘဲ ပြုလုပ်သော ကြောင့် ဖမ်းဆီးအရေးယူခဲ့ ကြောင်း နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့မှူးက ဖမ်းဆီးစဉ်ပြော ကြားခဲ့သည်။