တောင်သာတွင် လူငယ်နှစ်ဦး ပိုးသတ်ဆေးသောက်ပြီး သေဆုံး

 တောင်သာမြို့နယ်နေ အသက်(၂၀)နှင့်(၁၇)နှစ်အရွယ် လူငယ်နှစ်ဦး ပဲစင်းငုံယာခင်းဘေး တွင် ပိုးသတ်ဆေးသောက်၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း တောင် သာမြို့မရဲစခန်းမှူး ဒုရဲမှူးအေး ထွန်းမောင်က ပြောသည်။ 


တစ်ဦးသည် မိန်းကလေး စိတ်ပေါက်နေသော မိန်းမလျာ ဖြစ်ပြီး ၎င်းတို့သည် အတူပေါင်း သင်းနေထိုင်သည်မှာ သုံးလခန့်ရှိ နေပြီး မိဘများက သဘောမတူ၍ အတူနေထိုင်ခြင်း မပြုရန်ခွဲထား ရာမှ ပိုးသတ်ဆေးသောက် သေ ဆုံးခဲ့ကြောင်း မြင်းခြံမြို့ ဒေသခံ မိတ်ကပ်စိုးမိုးက ပြောသည်။ 

‘‘ကောင်လေးက ပန်းရန် လုပ်ပြီး ရှာကျွေးတယ်။ မိန်းမလျာလေးက မိတ်ကပ်လိမ်းပြီး ရှာတယ်။ မနေ့က (မေလ ၁၅ ရက်) ပေါင်းရမလားဆိုပြီး ရိုက်နှက် တယ်တဲ့။ အဲဒါနဲ့ တောထဲထွက် ပြေးပြီး နှစ်ယောက်စလုံး ပိုးသတ် ဆေးသောက်လိုက်တယ်။ ကောင်လေးက အရမ်းပူလာလို့ မခံနိုင် တော့လို့ သူငယ်ချင်းတွေ ဖုန်း ဆက်ခေါ်ပြီး ဆေးရုံရောက်သွား တယ်။ ဆေးရုံရောက်ပြီးတော့ တစ်နာရီလောက်ပဲ ခြားတယ်။ နှစ်ယောက်စလုံး ဆုံးပါးသွား တယ်။ သူတို့နှစ်ယောက်စလုံး ရွာမတူဘူး။ တစ်ရွာစီ၊ ကျွန်မက တော့ သူတို့နာရေးကို ကူညီချင် တဲ့ မြင်းခြံမြို့က မိတ်ကပ်ပညာ ရှင်တွေက ကူညီတဲ့ ကူငွေတွေ လုပ်ဆောင်ပေးနေတယ်’’ ဟု မိတ်ကပ်စိုးမိုးက ပြောသည်။ 

အဆိုပါလူငယ်နှစ်ဦး သေ ဆုံးမှုနှင့်ပတ်သက်၍ တောင်သာ မြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်စစ်ဆေးနေကြောင်း စခန်းမှူး က ပြောသည်။ 

၎င်းတို့နှစ်ဦးကို မိသားစုဝင် များက မိမိကျေးရွာ၌သာ သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သူများက ပြောသည်။