ရည်းစားစကား ပြောသည်ကို လက်မခံသည့် မိန်းကလေး ဓားထိုးခံရပြီး သေဆုံး

မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ် ချမ်းမြသာယာရပ် ကွက်ရှိ ဆောက်လုပ်ရေးလိုင်းခန်း တွင် ညီအစ်မနှစ်ဦး စကားပြော နေစဉ် တစ်နယ်တည်းနေ အမျိုး သားတစ်ဦး ရောက်ရှိလာပြီး ရည်းစားစကားပြောဆိုရာ လက် မခံသဖြင့် အသင့်ပါလာသောဓား ဖြင့် ထိုးခဲ့၍ အစ်မဖြစ်သူသေဆုံး ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ် ပြန်သည်။


စစ်ကိုင်းတိုင်းမြင်းမူမြို့နယ် မှ လာရောက်အလုပ်လုပ်ကိုင် သော အသက် (၃၀) အရွယ် အ မျိုးသမီးကို တစ်နယ်တည်းနေ (၂၂) နှစ်အရွယ် အမျိုးသားက မေလ ၁၅ ရက် ညနေတွင် ရည်း စားစကား ထပ်မံပြောဆိုခြင်းကို လက်မခံနိုင်ကြောင်း ငြင်းဆိုသ ဖြင့် ဓားဖြင့်ထိုး၍ ခန္ဓာကိုယ်တွင် ဒဏ်ရာ အများအပြားရရှိပြီး မန္တလေးဆေးရုံကြီးသို့ ပို့ဆောင် ကုသစဉ် သေဆုံးခဲ့သည်ဟု ရဲ မှတ်တမ်း၌ ဖော်ပြထားသည်။

‘‘ကျူးလွန်သူကို မိပါပြီ။ သူ့ ရဲ့ဇာတိမှာပဲ ပြန်ဖမ်းမိပါတယ်’’ ဟု  ပြည်ကြီးတံခွန်မြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းလွင်က ပြောသည်။

အခင်းဖြစ်နေရာတွင် ဝင် ရောက်တားမြစ်သည့် ညီမဖြစ်သူ ကိုလည်း အဆိုပါ အမျိုးသားက ဓားဖြင့်ထပ်မံထိုးသဖြင့် ဒဏ်ရာ ရရှိကြောင်း၊ လက်ရှိတွင် ဆေးကု သမှုခံယူပြီး သက်သာ၍ ဆေးရုံမှ ဆင်းပြီဖြစ်ကြောင်း ဒုရဲမှူးသိန်း လွင်က ပြောသည်။

ပြစ်မှုကျူးလွန်သူအမျိုးသား သည်အခင်းဖြစ်နေရာမှ ထွက် ပြေးသဖြင့် လိုက်လံရှာဖွေရာ မြင်း မူမြို့နယ်ရှိ ၎င်း၏ဇာတိကျေး ရွာတွင် ဖမ်းဆီးရမိကြောင်း ဆို သည်။

အစ်မ သေဆုံးမှုနှင့် ပတ် သက်၍ ညီမက တရားလိုပြုလုပ် ၍ လူသတ်မှု၊ အပြင်းအထန်နာ ကျင်စေမှုတို့ဖြင့် အမှုဖွင့်ထား ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။