မန္တလေးနှင့် ပခုက္ကူတွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁,၃၀၀ ကျော် သိမ်းဆည်းရမိ

ဖမ်းဆီးရမိသော ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများကို တွေ့ရစဉ် (ဓာတ်ပုံ − မှုခင်းတပ်​ဖွဲ့)

မန္တလေးနှင့် ပခုက္ကူမြို့ တွင် မေလ ၁၅ ရက်ကကျပ် တစ် သောင်းတန် ငွေစက္ကူအတု ၁,၃၆၅ ရွက်သိမ်းဆည်းရမိပြီး ယင်းငွေစက္ကူအတုများနှင့်အတူ တွေ့ရှိသည့် အမျိုးသားလေးဦးကို ဖမ်းဆီးထားကြောင်း အမှတ်(၃)မှုခင်းရဲတပ်ဖွဲ့ခွဲ(မန္တလေး)မှ တာ ၀န်ရှိသူတစ်ဦးက ပြောသည်။


မန္တလေးမြို့ မဟာအောင် မြေမြို့နယ် လမ်း ၆၀ နှင့်သိပ္ပံ လမ်းထောင့်ရှိ ဘီယာဆိုင်တစ် ဆိုင်တွင် မေလ ၁၅ ရက်ညနေ ၃ နာရီက အမျိုးသားနှစ်ဦးကိုကျပ်တစ်သောင်းတန်ငွေစက္ကူအတု ၃၀ ရွက်နှင့်အတူ ဖမ်းမိပြီးနောက် စစ်ဆေးရာမှ ၎င်းတို့နှင့် ဆက်စပ် ၍ အခြားအမျိုးသားနှစ်ဦး စုစု ပေါင်းလေးဦးကို ဖမ်းမိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မန္တလေးမြို့တွင် ကျပ်တစ် သောင်းတန်ငွေစက္ကူအတုများ မြို့တွင်း၌ လိုက်လံလဲလှယ်နေ ကြောင်း သတင်းရ၍ စုံစမ်းရာမှ ဘီယာဆိုင်တစ်ဆိုင်တွင်ငွေစက္ကူ အတုများကိုင်ဆောင်အသုံးပြုနေ သည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီး ရမိခဲ့သည်။ ကနဦးဖမ်းဆီးရမိသူ များကို စစ်ဆေးရာ ငွေစက္ကူများ အားလဲလှယ်ခိုင်းသူသည် အုန်း ချောကျေးရွာတွင် နေထိုင် ကြောင်း ထွက်ဆိုသဖြင့် အဆိုပါ အမျိုးသားကိုပါ နေအိမ်၌ သွား ရောက်ဖမ်းဆီးခဲ့သည်ဟု ဆို သည်။

ထိုသို့ သွားရောက်ဖမ်းဆီး ရာ ကျပ်တစ်သောင်းတန်ငွေစက္ကူ အတုအရွက် ၃၀၀ နှင့် လက်ကိုင် ဖုန်း၊ ဆိုင်ကယ်တို့ကိုပါသိမ်း ဆည်းခဲ့ပြီး ၎င်းတို့ကိုစစ်ဆေးရာ ငွေစက္ကူအတုများကိုပခုက္ကူမြို့ မြိုင် ၁၈ လမ်းနေအမျိုးသားထံမှ ရယူခဲ့ကြောင်း ထွက်ဆိုသည်ဟု ဆိုသည်။

‘‘မန္တလေးမှာမိပြီး ကွင်းဆက် အရ ပခုက္ကူကို သွားဖမ်းလိုက်တာ ပါ။ နောက်ထပ်ကွင်းဆက်ကို တော့ စုံစမ်းနေတုန်းပါပဲ’’ ဟု အ မှတ်(၃)မှုခင်းရဲတပ်ဖွဲ့ခွဲ (မန္တ လေး)မှ အကြီးတန်းရဲအရာရှိက ပြောသည်။

မေလ ၁၅ ရက်ည ၁၀ နာရီ ကျော်တွင် ပခုက္ကူမြို့ရှိနေအိမ် တစ်အိမ်သို့ရဲတပ်ဖွဲ့ဝင်များ သွား ရောက်စစ်ဆေးရာ အမျိုးသား တစ်ဦးထံမှ ကျပ်တစ်သောင်းတန် ငွေစက္ကူအတု ၁,၀၃၅ ရွက် ထပ် မံသိမ်းဆည်းရမိကြောင်း ပခုက္ကူ မြို့မရဲစခန်းမှ တာဝန်ကျရဲအရာ ရှိတစ်ဦးက ပြောသည်။

‘‘ငွေစက္ကူအတုတွေမိတယ် ဆိုတာ ဟုတ်တယ်။ ကျန်တာတွေ အားလုံးကတော့ မန္တလေးက CID ပဲဆက်လက်စစ်ဆေးနေတာပါ’’ ဟု ၎င်းကပြောသည်။

ပခုက္ကူမြို့တွင် ဖမ်းဆီးရမိ သူက ၎င်းသည်ပခုက္ကူမှ တမူးမြို့ သို့  ၁၂ ဘီးယာဉ်မောင်းနှင်သူဖြစ်  ပြီး ၎င်းထံရှိငွေစက္ကူအတုများကို အိန္ဒိယနိုင်ငံ မိုရေးမြို့နေကသည်း လူမျိုးတစ်ဦးထံမှ ကျပ်တစ် သောင်းတန်ငွေစက္ကူအတု တစ် သိန်း (၁၀ ရွက်) လျှင် ကျပ်သုံး သောင်းနှုန်းဖြင့် ၀ယ်ယူခဲ့ကြောင်း ထွက်ဆိုသည်ဟုအမှတ်(၂)မှုခင်း တပ်ဖွဲ့စု(မကွေး)မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

ငွေစက္ကူအတုများကို အတု မှန်းသိလျက်ဖြင့် ကိုင်တွယ်သုံးစွဲ ခဲ့သူအမျိုးသားလေးဦးကို မဟာ အောင်မြေမြို့မရဲစခန်းတွင် မြန် မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ အရအမှုဖွင့်စစ် ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ ငွေစက္ကူအမျိုးအ စားများကို မှုခင်းရဲတပ်ဖွဲ့၏ကန ဦးစစ်ဆေးချက်အရ နိုင်ငံခြား စက္ကူအမျိုးအစားဖြစ်ပြီး စက္ကူ သားချောနေခြင်း၊ အတုသည် အ စစ်ထက်အလျားနှင့်အနံတစ်မီလီ မီတာစီတိုနေခြင်း၊ အရောင် တောက်ပမှုမရှိခြင်း၊ တန်ဖိုးရေ စာများ ပုံရိပ်သာပါရှိခြင်း၊ အ ရောင်ပြောင်းလဲမှုမရှိခြင်း၊ ကာ လာပရင်တာနည်းဖြင့် တုပထား ခြင်းနှင့် လျှို့ဝှက်ချက်များမပါရှိ သည်ကို စစ်ဆေးတွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။

၂၀၁၈ မေလ ၉ ရက်က မကွေးတိုင်းဒေသကြီးအတွင်း ကျပ်တစ်သောင်းတန်ငွေစက္ကူ အတုနှစ်ရွက်နှင့် ကျပ်ငါးထောင် တန်ငွေစက္ကူအတု ၃၇၄ ရွက် ဖမ်း ဆီးရမိခဲ့ကြောင်း မကွေးတိုင်းရဲ တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးကပြော သည်။