(၁၇)နှစ်အရွယ် မိန်းကလေးကို တရုတ်မယားအဖြစ် ရောင်းစားသူ ငါးဦးအား အမှုဖွင့်

တရုတ်မယားအဖြစ် ရှစ်လကြာ ပေါင်းသင်းခဲ့ရသည့် ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း မှ အသက်(၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦး ပြန်ရောက်လာရာ ၎င်းကို တရုတ်နိုင်ငံသို့ရောင်းစား ရာတွင် ပါဝင်သူငါးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးပုဒ်မဖြင့်ရဲတပ်ဖွဲ့က တရားလိုပြုလုပ်ကာအမှုဖွင့် အရေးယူထားသော် လည်း ဖမ်းဆီးမိခြင်းမရှိသေး ကြောင်း ရဲမှတ်တမ်း၌ဖော်ပြထား သည်။ 


ယမန်နှစ် ဇူလိုင်က သူငယ် ချင်းဖြစ်သူ မစုစု၏မိခင် ဒေါ်သီသီ ခိုင် အိမ်ရောက်လာပြီး တရုတ် နိုင်ငံရှိ ပိုက်ဆံအိတ်ထုတ်လုပ် သည့်စက်ရုံတွင် မိန်းကလေး အလုပ်သမားများ လိုအပ်နေ ကြောင်း ပြောဆိုကာ အဆိုပါမိန်း ကလေးကို စတင်စည်းရုံးခဲ့သည်။ 

တစ်လလျှင် ကျပ်လေး၊ ငါး သိန်းခန့်ရပြီး ကြိုတင်လုပ်အားခ ကျပ်သိန်း ၂၀ ထုတ်ပေးမည်ဖြစ် ကြောင်း ပြောဆိုစည်းရုံးသဖြင့် (၁၇)နှစ်အရွယ် မိန်းကလေးက သဘောတူခဲ့သည်။ 

ထိုသို့ သဘောတူပြီး နောက် တစ်နေ့တွင် မိန်းကလေးသည် ဒေါ်သီသီခိုင်အိမ်သို့ သွားရောက် ပြီး ၎င်း၏သမီးနှင့်အတူ အောင် မင်္ဂလာအဝေးပြေးဝင်း တောင်ပြာ တန်းမှန်လုံယာဉ်ဖြင့် မူဆယ်မြို့သို့ သွားရောက်ခဲ့ကြောင်း တိုင်ကြားချက်၌ ဖော်ပြထားသည်။ 

မူဆယ်မြို့သို့ ရောက်ချိန် တွင် ယာယီနိုင်ငံကူးလက်မှတ်ဖြင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့သို့ ရောက်ရှိပြီး ဒေါ်သီသီခိုင်နှင့် ချိတ်ဆက်ထားသော ပလောင်အမျိုး သမီးတစ်ဦးနှင့် တရုတ်အမျိုးသား တစ်ဦးတို့ ကားဖြင့် လာကြိုကာ ရွှေလီမြို့သို့ ခေါ်ဆောင်ခဲ့သည်။

ဒေါ်သီသီခိုင်တို့ သားအမိ သည် ရွှေလီမြို့တွင် ကျန်ခဲ့ပြီးယင်းမိန်းကလေးကို ဟန်နန်ပြည် နယ် ဗီနန်ဂျာဘတ်မြို့သို့ တရုတ် နိုင်ငံသားနှစ်ဦးက ထပ်မံခေါ် ဆောင်ကာ အဆိုပါမြို့ရှိ တရုတ် လူမျိုး ကိုညီပွားဆိုသူထံ ယွမ်ငွေ ၁၃၀,၀၀၀ ဖြင့် ရောင်းချ၍ ၎င်း အမျိုးသား၏ဇနီးအဖြစ် ရှစ်လခန့် ပေါင်းသင်းနေထိုင်ခဲ့ရသည်။ 

တရုတ်ဇနီးအဖြစ် လူကုန် ကူးခံရသည့် မိန်းကလေးသည် ၂၀၁၈ မတ်လ ၂၃ ရက်တွင် အဆိုပါနေအိမ်မှ ထွက်ပြေးပြီး ဖူကျန်းပြည်နယ် ဝင်းကျိုမြို့ရှိ တာဝန်ရှိသူများထံမှတစ်ဆင့် မြန် မာနိုင်ငံ မူဆယ်လူကုန်တားရဲတပ် ဖွဲ့သို့ ရောက်ရှိခဲ့ကြောင်း ရဲမှတ် တမ်း၌ ဖော်ပြထားသည်။ 

ထို့နောက် မူဆယ်မြို့မှ  ရန် ကုန်မြို့သို့ ပြန်ရောက်လာခြင်းဖြစ် သည်။ မိန်းကလေးအား တရုတ် ဇနီးအဖြစ် ရောင်းချခဲ့သည့် ဒေါ်သီသီခိုင်(ခ)ဒေါ်အေးသီသီခိုင်၊ ပလောင်အမျိုးသမီးတစ်ဦးနှင့် တရုတ်နိုင်ငံသားသုံးဦးကို တောင်ဒဂုံမြို့မရဲစခန်းက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူထား ပြီး တရားခံများ ဖမ်းဆီးနိုင်ရေး စုံစမ်းနေသည်။