■ အားကစား သတင်းတိုများ

အက်စတွန်ဗီလာနှင့် ဘိုလ်တန်နောက်ခံလူဟောင်း အဂ်ဂါတန် အသင်း နည်းပြဖြစ်ခဲ့သူ ဆမ်မြူရယ်သည် အသက် (၃၇) နှစ် အရွယ် တွင် ကားမတော်တဆဖြစ်ပြီး သေဆုံးခဲ့သဖြင့် အက်စတွန်ဗီလာနှင့် မစ်ဒယ်ဘရော့တို့၏ ချန်ပီယံရှစ်ရှုံးထွက် ဒုတိယအကျော့ မတိုင်မီ တစ်မိနစ်ငြိမ်သက် ဂုဏ်ပြုခဲ့သည်။

ရီးရဲလ်မှ ဘရာဇီးနောက်ခံဘူ မာဆယ်လို၏သားသည် ရီးရဲလ်အ သင်းဖော်များနှင့် ဘောလုံးကိုခေါင်းတိုက်အပေးအယူလုပ်နေသော ဗီဒီယိုဖိုင်တစ်ခုကို အွန်လိုင်းတွင် ကြည့်ရှုသူအမြောက်အမြား ရှိ သည်။

အာဂျင်တီးနားဂန္ထဝင် ဘောလုံးသမားကြီး မာရာဒိုနာအား ဘီလာ ရုဇ် ထိပ်တန်းလိဂ်မှ ဒိုင်နမိုဘရက်စ်အသင်းက အသင်းဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး ၎င်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် ယင်းတာဝန် စတင် ထမ်းဆောင်မည်ဖြစ်သည်။

မိမိတို့အသင်းအနေဖြင့် ငွေသုံးစွဲမှု လျှော့ချရမည့် အခြေအနေ၌ လာမည့်နွေရာသီတွင် ကစားသမားတစ်ဦး (သို့မဟုတ်) နှစ်ဦးခေါ် ယူမည်ဟု မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြောသည်။

အသင်းဖော်ဟောင်းနေမာအနေဖြင့် ပီအက်စ်ဂျီမှ ရီးရဲလ်သို့ ပြောင်းရွှေ့လျှင် ဆိုးရွားသော ကိစ္စဖြစ်မည်ဟု ဘာစီလိုနာမှ အာဂျင် တီးနားတိုက်စစ်မှူး မက်ဆီက ပြောသည်။

ဂျာမနီဘောလုံးအဖွဲ့ချုပ် (DFB)က နည်းပြဂျိုအာချင်လိုကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးထိ စာချုပ်သက်တမ်းတိုးပြီး အင်္ဂါနေ့က ကြေ ညာသော အသင်းသားစာရင်းတွင် ဂေါ့ဇီပါဝင်ခြင်းမရှိပေ။

ကာလတိုစာချုပ်ဖြင့် ခေါ်ထားသော နည်းပြ ဒေးဗစ်မိုယက်စ်ကို ၀က်စ်ဟမ်းက စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်လိုက်ပြီးနောက် ပီအက်စ်ဂျီနည်းပြ အမ်မရီကို ခေါ်ယူခန့်ထားရေး ဦးစားပေးပစ်မှတ် ထားနေသည်။