ရုပ်ရှင် အကြိုခံစားခြင်း

SHOW DOGS

ဒီကနေ့ ရုပ်ရှင်အကြိုကဏ္ဍမှာ တော့ ပရိသတ်တွေကို ရယ်မော ပျော်ရွှင်စေမယ့် အမေရိကန် ဟာသရုပ်ရှင်ကားလေး ဖော်ပြ လိုက်ပါတယ်။


မက်စ်ကရဲခွေးတစ်ကောင် ဖြစ်ပြီး ပန်ဒါပေါက်စတစ်ကောင် အခိုးခံရမှုကို စုံစမ်းဖော်ထုတ်ဖို့ FBI အေးဂျင့်ဖရန့်နဲ့အတူ ပူး ပေါင်းလုပ်ဆောင်ခဲ့ရပါတယ်။

ပန်ဒါလေးကို တိရစ္ဆာန် မှောင်ခိုကုန်ကူးအဖွဲ့က ခိုးယူ သွားတာဖြစ်ပြီး ထိတ်ထိတ်ကြဲ တိရစ္ဆာန်ချစ်သူတွေ လာမယ့်ပွဲမှာ ထုတ်ရောင်းမယ်ဆိုတဲ့ သတင်း ကြားတဲ့အတွက် အတူလှုပ်ရှားခဲ့ ကြပါတယ်။ အဲဒါနဲ့ အမှုကိုခြေ ရာခံဖို့ မက်စ်နဲ့ ဖရန့်ဟာ လာ့စ်ဗီး ဂတ်စ်မှာလုပ်မယ့် ကမ္ဘာ့အခမ်း နားဆုံး ခွေးပြပွဲကြီးဆီကို ချီတက် ခဲ့ပါတယ်။

မက်စ်နဲ့ ဖရန့်က ပါတနာ တွေဖြစ်ပေမယ့်လည်း ဝါသနာ ချင်းက ဆန့်ကျင်ဘက်မို့ အမှုအ တူလိုက်ရင်း ရန်တွေသတ်နေရ တာပါ။ ဘယ်လောက်တောင် အ ကြိုက်မတူကြသလဲဆို ကားထဲ မှာ သီချင်းဖွင့်တာတောင် သီချင်း အေးကြိုက်တဲ့ ဖရန့်နဲ့ ဟစ်ဟော့ပ် ကြိုက်တဲ့ မက်စ်ဖြစ်နေတာပါ။

လာ့စ်ဗီးဂတ်စ်က ခွေးပြပွဲက လည်း တကယ့်ကို လူချမ်းသာအ သိုင်းအဝိုင်း သီးသန့်ဖြစ်ပြီး အမျိုး အစားစုံလင်လှတဲ့ ခွေးလေးတွေ ကို မြင်ရမှာမို့ ခွေးချစ်တဲ့ ပရိသတ် တွေအကြိုက်ဖြစ်မှာပါ။ ဖရန့်က လည်း အမှုအတွက် သူ့နည်းသူ့ လမ်းနဲ့ စုံစမ်းသလို မက်စ်က လည်း သူ့ရဲ့ရောင်းရင်းခွေးလေး တွေ အကူအညီယူပြီး သူ့လမ်း ကြောင်းနဲ့သူ စုံစမ်းခဲ့ပါတယ်။

မက်စ်က ခွေးပိုင်ရှင်တွေ၊ ခွေးအဝယ်တော်တွေကြားက သတင်းစုံစမ်းဖို့အတွက် သူ့မိတ် ဆွေတွေနဲ့ သူကိုယ်တိုင်ဝင်ပြီး ထောက်လှမ်းရင်း ပန်ဒါလေးရဲ့ သတင်းကို ရသွားခဲ့ပါတော့ တယ်။

အဲဒီအခါမှာ မက်စ်နဲ့ ဖရန့် တို့ ပန်ဒါလေးကို ဘယ်လိုကယ် တင်ပြီး တိရစ္ဆာန်မှောင်ခိုသမား တွေကို ဘယ်လိုဖမ်းဆီးမှာလဲဆို တာ ဆက်ကြည့်ဖို့ ဖော်ပြလိုက်ပါ တယ်။

Beverly Hills Chihuahua, The Smurfs, Scooby-Doo ဇာတ်ကားတွေရိုက်ကူးတဲ့ ဒါရိုက် တာရာဂျာဂေါ့စ်နဲလ်ရဲ့လက်ရာ ဒီ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ထားသူတွေက Will Arnett, Natasha Lyonne, Omar Chaparro, Oliver Tompsett စသူတွေပဲ ဖြစ်ပါတယ်။