အဖြေရှာရတော့မည့် လူနှင့် မိကျောင်း ပဋိပက္ခ

လူနှင့်မိကျောင်း ပဋိပက္ခတွင် မိကျောင်းကို သတ်၍ သိမ်းထားသော ဦးခေါင်းရိုးကိုပြသနေသူတစ်ဦး(အပေါ်ပုံ) ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတစ်နေရာတွင် ငါးဖမ်းပိုက်ထောင်ရန် ပြင်ဆင်နေသော ဒေသခံနှစ်ဦးကို မေလဆန်းက တွေ့ရစဉ် ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ဘိုကလေးမြို့နယ် ဆတ် ကျွန်းရွာသား ဦးစိုးချစ် တစ် ယောက်ရယ်ရ၊ ငိုရခက်ပြဿနာ တစ်ခုကြုံနေရသည်။ အသက် (၈)နှစ်ကျော် ၎င်း၏သားနှစ် ယောက်စလုံး ရေမကူးတတ်ခြင်း ပင်ဖြစ်၏။ ဧရာဝတီတိုင်းသား စစ်စစ်ဖြစ်ပါလျက်၊ ရွာနံဘေးတွင် ဧရာဝတီမြစ်ကြီးမေးတင်ထားပါ လျက် သားဖြစ်သူ အောင်ပိုင်ထွန်း နှင့် အောင်နိုင်ထွန်းတို့ရေမကူး တတ်သေးပေ။

ဦးစိုးချစ်မိသားစုသည် ပိုက် ထောင်သည့်ရေလုပ်ငန်းလုပ်ကိုင် သူမို့ သားနှစ်ယောက်ကို သည်အ ရွယ်ကတည်းက ရေကူး၊ ရေငုပ် ကျွမ်းကျင်စေချင်သည်။ သို့သော် မြစ်ထဲဘယ်နေရာမဆို ရေဆင်း မကူးရန် ဦးစိုးချစ်ကိုယ်တိုင်တား မြစ်ထားသည်မို့ သားနှစ် ယောက်၏ အပြစ်လို့လည်းဆိုမရ။

ထိုပြဿနာက ဦးစိုးချစ်သား နှစ်ယောက်တွင်သာရှိသည်တော့ မဟုတ်ပေ။ ဆတ်ကျွန်းရွာမှအ ရွယ် မရောက်သေးသူခပ်များများ သည်ရေမကူး၊ ရေမငုပ်တတ် တော့သည်သာမက ရေထဲဆင်းဖို့ ကိုပင်လန့်နေသည်။ ရေလုပ်ငန်း လုပ်ကိုင်သည့် ရွာဖြစ်ပါလျက် ရေ နှင့် ပနံသင့်ဖို့ခက်နေရသည်။ အ ကြောင်းက ရွာပတ်လည်မြစ်ပြင် ကျယ်တွင် ၂၄ နာရီမခြား တွေ့ရ တတ်သည့် အကောင်တုတ်တုတ်၊ အမြီးရှည်ရှည် မိကျောင်းများ ကြောင့်ပင်။

‘‘ဘယ့်နှယ် မြစ်ထဲရေကူးဖို့ နေနေသာသာ ရေတောင်ဆင်း မခပ်ရဲတော့ဘူး။ ဆွဲလိုက်တဲ့ မိ ကျောင်းဆိုတာ’’ ဦးစိုးချစ်က မချိ တင်ကဲပြော၏။ ဦးစိုးချစ်တို့ ဆတ် ကျွန်းရွာသည်လူမကြောက်၊ နတ် မကြောက်မိကျောင်းသာကြောက် ရသည့် အခြေအနေဖြစ်နေသည် မှာ နှစ်အတော်ပင်ကြာနေပြီဖြစ် သည်။ လွန်ခဲ့သည့်လက ရွာအ နောက်ဘက်တွင် အမျိုးသမီးတစ် ဦး မိကျောင်းဆွဲခံရသည်ဟု သိုး သိုးသံ့သံ့ကြားရသည်။ လွန်ခဲ့ သည့်သုံးလက ရွာအနီး ၀ဲချောင်း ကျေးရွာနေအမျိုးသားတစ်ဦး ၀က် စာကျွေးနေစဉ် မိကျောင်းဆွဲခံရ သဖြင့် ဒုက္ခိတဘ၀ရောက်ခဲ့သည်။ မိကျောင်းဆိုသည်က ရွာနံဘေး မြစ်ထဲဆင်းသည်နှင့် မထင်လျှင် မထင်သလိုလှမ်းလှမ်းတွေ့နေရ သည်မို့ လျှော့တွက်မရချေ။

ထို့ကြောင့် ဆတ်ကျွန်းရွာ သားများသည် ရွာအနီးမြစ်ထဲတွင် ရေကူးဖို့ဝေးစွ၊ ရေထဲဆင်းဖို့ပင် အတော်လန့်နေရ၏။

ဆတ်ကျွန်းရွာပဲလားဆို တော့မဟုတ်သေး။ ရွာနှင့် အနီး တစ်ဝိုက်ဖြစ်သည့် ငယ်သူ၊ ၀ဲ ချောင်း၊ ဆလောင်းကျ၊ ကြိမ် ချောင်းစသည့် ဘိုကလေးပိုင်ကျေး ရွာအတော်များများလည်း ထို နည်းလည်းကောင်းပင်။မိကျောင်း ဆွဲခံရမှုများသည် နှစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်ရှိလာသည်မို့ ဒေ သခံတွေက အတော်တုန်လှုပ် သည်။ လန့်သည်။ မိကျောင်းကို ပြန်လည်တိုက်ခိုက်ဖို့လည်း မရဲ ကြ။ သို့သော် အခွင့်အရေးရပြီ ဆိုလျှင် လူတွေကလည်း အုပ် စုဖွဲ့၍ မိကျောင်းကိုပြန်သတ်သည့် ဖြစ်ရပ်များရှိသည်။ ထိုထိုသော မိကျောင်းနှင့် လူကြားမှပဋိပက္ခ များအပါအ၀င် သည်ဒေသများ တွင် မိကျောင်းနှင့်ပတ်သက် သည့် စိတ်လှုပ်ရှားဖွယ်ရာပါးစပ် ရာဇ၀င်များ၊ ဇာတ်လမ်းများအ ပြည့်ရှိနေသည်။

ထိုဖြစ်ရပ်များနှင့် မိကျောင်း များ၏ကနဦးဇာတ်လမ်းအစကို ပြောရမည်ဆိုလျှင် ဒဏ္ဍာရီဆန်ပြီး မိကျောင်းများနှင့်ပတ်သက်လျှင် နာမည်ကျော် မိန်းမလှကျွန်းအ ကြောင်း ကျိန်းသေထည့်သွင်းပြော ရမည်ဖြစ်သည်။

ဘိုကလေးမြို့တွင်တည်ရှိ သည့် မိန်းမလှကျွန်းသည်ရေငန် တစ်ရိုးပိုင်စိုးသည့် အဘဦးရှင်ကြီး၏ပိုင်နက်ဖြစ်သည်။ ဦးရှင်ကြီး၏ ဇာတ်လမ်းများ၊ ၎င်းစီးတော်ယာဉ် မိကျောင်းများ၏ ဒဏ္ဍာရီလာပုံပြင် များကြောင့် မိန်းမလှကျွန်းသည် လူသိများထင်ရှားသလို အမှန်တ ကယ်လည်း မိန်းမလှကျွန်းဒေသ သည် မိကျောင်းပေါများသည့်ဒေ သဖြစ်သည်။

သစ်တောဝန်ကြီးဌာန အ ချက်အလက်များအရ မြန်မာပြည် ဖွားမိကျောင်းများသည် ဧရာဝတီ တိုင်း လပွတ္တာ၊ ဖျာပုံ၊ မော်ကျွန်း နှင့် ဘိုကလေးမြို့တို့တွင် အများ ဆုံးနေထိုင်ကျက်စားသည်။ ထို့အ ပြင် ကရင်ပြည်နယ်၊ ရခိုင်နှင့် တနင်္သာရီတိုင်းတို့တွင်လည်း နေ ထိုင်သည်။ ထိုထဲတွင်မှ မိန်းမလှ ကျွန်းတည်ရှိရာ ဘိုကလေးမြို့နယ် သည် မိကျောင်းအများဆုံးဒေသ ဖြစ်သည်။

ပညာရှင်များနှင့် မြန်မာ့ရေ လုပ်ငန်းမှ ပြုစုထားသောစာရင်း များအရ မြန်မာပြည်တွင်တွေ့ရ သော မိကျောင်းအမျိုးအစားလေး မျိုးရှိ၏။

(၁) ရေချို၊ ရေငန်စပ် မိ ကျောင်း၊ (၂) ကုမ္ဘိလ(ခေါ်)ဂင်္ဂါ မိကျောင်း၊ (၃)နက္ကမိကျောင်း၊ (၄) ယိုးဒယားမိကျောင်းတို တို့ဖြစ် သည်။

ထိုမိကျောင်းအမျိုးအစား လေးမျိုးတွင် ရေချို၊ ရေငန်စပ် မိကျောင်းကလွဲ၍ မိကျောင်းအမျိုး အစားသုံးမျိုးသည် ဂေဟစနစ်နှင့် သဘာဝတရား၏ နှိပ်စက်မှု ကြောင့် မြန်မာပြည်တွင်ကွယ် ပျောက်ပြီး မျိုးသုဉ်းကုန်ပြီဖြစ် သည်။ ထို့ကြောင့် မြန်မာပြည်တွင် ရေချို၊ရေငန်စပ်မိကျောင်းအမျိုး အစားတစ်ခုသာကျန်ရှိခဲ့သည်။ ထိုရေချို၊ရေငန်စပ်မိကျောင်းကို ပညာရှင်များက ဒဏ္ဍာရီလာငမိုး ရိပ်၏ မျိုးစိတ်ဖြစ်သည်ဟုဆို သည်။ ကမ္ဘာပေါ်တွင် အသန်မာ ဆုံးမျိုးစိတ်ဖြစ်သလို လူကိုအန္တ ရာယ်အပေးနိုင်ဆုံးအကောင်ကြီး များဖြစ်သည်။


ဒေသခံများက သတ်ဖြတ်ထားသည့် မိကျောင်းနှစ်ကောင်၏ ဦးခေါင်းခွံရိုးများကို တွေ့ရစဉ် (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

၁၉၈၄ ကစ၍ ၁၉၉၃ ခုနှစ်များအထိ ရေချို၊ ရေငန်စပ်မိ ကျောင်းများသည် မြန်မာနိုင်ငံ၏ တရားဝင်ပို့ကုန်များဖြစ်ပြီး ပြည်သူ့ပုလဲနှင့်ရေလုပ်ငန်းကော်ပိုရေးရှင်းကဖမ်းဆီးပြီး နိုင်ငံရပ်ခြားသို့ တရားဝင်တင်ပို့ခဲ့သည်။ နဂိုက ဂေဟစနစ်မကောင်း၍ အရေအ တွက်နည်းသော မိကျောင်းများ သည် ရောင်းဝယ်ဖောက်ကားခံရ သောအခါ မျိုးသုဉ်းခါနီးအခြေ အနေအထိဖြစ်ခဲ့သည်။

ထို့ကြောင့် မိကျောင်းများကို ထိန်းသိမ်းရန် ၁၉၉၄ တွင် သစ် တောဝန်ကြီးဌာန သဘာဝပတ် ၀န်းကျင်သားငှက်ထိန်းသိမ်းရေး ဦးစီးဌာနကလူမနေသည့် မိန်းမလှ ကျွန်းကို သဘာဝကြိုးဝိုင်းဧရိယာ အဖြစ် စတင်အကောင်အထည် ဖော်ခဲ့သည်။ ကျွန်းပေါ်တွင် မိ ကျောင်းပေါက်အချို့ကို ကိုယ် တိုင် ဥဖောက်စောင့်ရှောက်ကာ မိ ကျောင်းကောင်ရေပွားလာစေရေး မွေးမြူခဲ့ကာ ကျွန်းပေါ်တွင်မွေးမြူ သည်။ အရွယ်ရောက်လာပါက ကျွန်းဧရိယာဘေးရှိ ချောင်းများ နှင့်ဧရာဝတီမြစ်တွင်းသို့ လွှတ် သည်။ ဤသို့ဖြင့် မြန်မာ့မျိုးရင်း မိကျောင်းများ ပင်လယ်ပြင်တွင် မျိုးသုဉ်းမသွားစေရန်၊ ကွယ် ပျောက်မသွားစေရန် ဆောင်ရွက် ခဲ့သည်။

သဘာဝအရ မိကျောင်းတစ် ကောင်သည် တစ်နှစ်တစ်ကြိမ် သားပေါက်ပြီး ကိုယ်ဝန်ကို ၉၁ ရက်လွယ်သည်။ ဥပေါက်လျှင် အ များဆုံးဥ ၅၀ အထိပေါက်တတ် သည်။ သို့သော် ဥမှအကောင် ပေါက်အဖြစ်သို့ရှင်သန်ရန် ခက်ခဲ သည်ဟု ပညာရှင်များက ပြော သည်။ မိကျောင်းဥနှင့် မိကျောင်း သားပေါက်ကို တောဝက်နှင့်တော သတ္တ၀ါများက စားသောက်တတ် ပြီး မိကျောင်းအသိုက်ကို ဖျက်ဆီးခံရသည်များရှိသည်။ ထို့ကြောင့် ဥ တစ်ကြိမ်ဥလျှင် ၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်းသာ မပျက် စီးဘဲ ကြီးကောင်အဖြစ်ရောက် သည်ဟု ပညာရှင်များကဆိုသည်။ ကြီးကောင်ဝင်လျှင် မိကျောင်းများ သည် ကြောက်ခမန်းလိလိအရွယ် အစားထိအောင်ကြီးသည်။ ပျမ်းမျှ အသက်(၈၀)မှ (၁၂၀)ကျော်အထိ အသက်ရှည်နိုင်သောမိကျောင်း များသည် ပင်လယ်ပြင်၏အကြမ်း ကြုတ်ဆုံးရေသတ္တ၀ါဖြစ်သည်။

၁၉၉၄ ကစတင်သော မိန်းမ လှကျွန်းဒေသ၏ မိကျောင်းမွေး မြူရေးသည် အောင်မြင်သည် ထက်လွန်သည်ဟု ဆိုရပါမည်။ ရေချို၊ ရေငန်စပ်မိကျောင်းများကို မျိုးမသုဉ်းအောင် ကာကွယ်နိုင်ခဲ့ သည့်အပြင် လေး၊ငါး၊ ခြောက်နှစ် အတွင်းမှာပင် အကောင်ကြီးဆယ် ဂဏန်းရှိလာခဲ့သည်။ သို့နှင့် ၂၀၀၀ ပြည့်နှစ်အပြီးကာလများ တွင် မိကျောင်းများအကောင်အ ရေအတော်များလာပြီဖြစ်သည်။ ထိုထဲမှ အချို့မိကျောင်းအကောင် ကြီးများသည် ၁၆ ပေမှ ပေ ၂၀ ခန့်အထိကြီးမားသည်။ ထိုအရွယ် အစားသည် လူ ၁၁ ယောက်စီး သာမန်စက်လှေတစ်စီးထက်ကြီး သည့်အရွယ်ဖြစ်သည်။

‘‘တော်တော်များများတွေ့ နေရတဲ့အကောင်တွေက ၁၈ ပေ လောက်ထိရှိတယ်။ စက်လှေနဲ့ သွားရင်းတွေ့လို့ ကျွန်တော်တို့က စပ်စုပြီးဘေးချင်းယှဉ်တိုင်းကြည့် တာပေါ့။ တချို့အကောင်တွေဆို စက်လှေထက်တောင် ကျော် တယ်’’ ဟု ဘိုကလေးမြို့မှ စက် လှေသမားကိုမောင်လေးက ပြော သည်။

ထို့အပြင် ကျွန်းရှိမိကျောင်း များသည် ၎င်းတို့နာမည်အသီးသီး နှင့်၊ သူ့ရာဇ၀င်နှင့်သူရှိကြ၏။ လွန်ခဲ့သော ငါးနှစ်ခန့်ကမိန်းမလှ ကျွန်းတစ်ခုလုံးတွင် အကြီးဆုံးမိ ကျောင်းကြီးသည် ‘မဲလုံး’ဆိုသော မိကျောင်းကြီးဖြစ်သည်။ ပေ ၃၀ ခန့်အရှည်ရှိမည်ဟု ဒေသခံများက ခန့်မှန်းထားပြီး နှုတ်ခမ်းထိပ်တွင် ရေညှိများပါကပ်ငြိနေသည်။ မိ ကျောင်းမဲလုံးသည် ၂၀၁၂ ခန့် တွင် မိန်းမလှကျွန်းမှ အလိုလိုထူး ဆန်းစွာပျောက်ကွယ်သွားသည်။ အရပ်သူ၊ အရပ်သားများကတော့ ဦးခေါင်းသုံးတောင်ကျော်သွား လျှင် နတ်မိကျောင်းဖြစ်ကာ ပင် လယ်သို့ဝင်ရသည်ဟု အယူရှိ သည်။ ထို့ကြောင့် မဲလုံးကြီးသည် နတ်မိကျောင်းဖြစ်သည်ဟု ဒေသ ခံများက ယုံကြည်သည်။


အာပဲ့ကြီးမိကျောင်းက တိုက်ခိုက်၍ပျံလွန်တော်မူခဲ့သည့် ကိုရင်၏ဓာတ်ပုံ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

မဲလုံးကြီး မရှိတော့သောအ ခါ မိန်းမလှကျွန်းတွင် အာပဲ့ကြီး၊ နှုတ်ဖြူကြီး၊ အဝါမစသည့် မိ ကျောင်းကြီးများက အကြီးဆုံးဖြစ် လာသည်။ ၎င်းတို့သည် ၁၈ ပေ ခန့်ရှိသည်။ ထို့အပြင် ၎င်းတို့နှင့် မတိမ်းမယိမ်းအရွယ်ဖြင့် မိ ကျောင်းကြီးများရှိသည်။ ၂၀၁၇ ဒီဇင်ဘာတွင် ကောက်ယူထား သော စာရင်းများအရ မိန်းမလှ ကျွန်းနှင့်၎င်း၏ ရေပြင်ဧရိယာတွင် မိကျောင်း အကောင် ၉၀ ခန့် ရှိ သည်ဟု သဘာဝပတ်ဝန်းကျင် သားငှက်ထိန်းသိမ်းရေး ဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။ သို့သော်လက်တွေ့တွင် ထိုပမာ ဏထက်များသည်ဟု ဌာနက ဝန် ခံထားသည်။ ဒေသခံများက မိန်းမ လှကျွန်းဧရိယာတွင် မိကျောင်း အကောင် ၂၀၀ ထက် မနည်းရှိ မည်ဟု ယုံကြည်နေသည်။

မိကျောင်းအကောင်ရေ နှစ်စဉ် တိုးလာသလို တစ်ဖက်တွင်လည်း  မိန်းမလှကျွန်းဒေသ တစ် ဝိုက်တွင် မိကျောင်းများ၏ စား ကျက်ကို နယ်ချဲ့မည့် လူနေဒေသ များကတိုးလာသည်။ ထိုအခြေအ နေများကစ၍ လူနှင့်မိကျောင်းများကြား ပဋိပက္ခဖြစ်ပေါ်လာတော့ သည်။

‘‘အရင်က ဘိုကလေးမြို့ရဲ့ ဒီမိကျောင်းတွေရှိတဲ့ မိန်းမလှ ကျွန်းတို့ ဟိုးဘက် ကဒုံကနိရွာတို့  အထိမှာ လူသိပ်မနေဘူးဗျ။ အခု ကျတော့ လူတွေက ကျူးကျော်ဝင် နေရင်း ရွာတွေတည်၊ အိမ်တွေ ဆောက်လုပ်တော့ ဒီမိကျောင်း တွေရဲ့စားကျက်ကို လူတွေက ဝင် လာတာ။ ဒီပြဿနာက လူတွေစ တာဗျ’’  ဟု WCS (သားငှက်ထိမ်း သိမ်းရေးအဖွဲ့)မှ ပညာရှင် ဦးဝင်း ကိုကိုက ပြောသည်။  

သူက မိကျောင်းများကို ဖမ်း ဆီးရောင်းချသည့် ပြည်သူ့ပုလဲနှင့် ရေလုပ်ငန်း ကော်ပိုရေးရှင်းတွင် ဝန်ထမ်း လုပ်ကိုင်ဖူးသလို သာ ကေတ မိကျောင်းထိန်းသိမ်းရေး တပ်ဖွဲ့စုတွင် မွေးမှူးကြီးရာထူး ဖြင့် ၁၅ နှစ်ခန့် တာဝန်ထမ်းဆောင် ခဲ့သည်။

ဦးဝင်းကိုကိုက ထိုဒေသများ တွင် မိကျောင်းများ၏ တိုက်ခိုက်မှု  မကြာမဏဆိုသလို ဖြစ်နေခြင်း သည် လူများ၏  စားဝတ်နေရေး လောဘကြောင့်ဟု ယုံကြည်နေ သည်။  အမှန်တကယ်လည်း ထို သို့ဆိုစရာရှိ နေသည်။ နဂိုမှုလက လူမနေသော မိန်းမလှကျွန်းဒေသ များသည် ၂၀၀၀ ပြည့်ခန့်ကစ၍ စည်စည်ကားကား ဖြစ်လာသည်။ မိန်းမလှကျွန်းဒေသရှိ နေရာအ တော်များများကို မြေတိုင်းဦးစီးမှ ပုံစံ (၇) များ ချပေးကာ လူနေနိုင် ရန် ခွင့်ပြုသည်များ ရှိခဲ့သည်။ နဂိုမိကျောင်းများ ကျင်လည်ကျက် စားသည့် မိန်းမလှကျွန်းနှင့်တကွ ဧရာဝတီ၏ မြစ်လက်တက်ချောင်း ၁၁ ခုသည်လည်း  ရွာများဖြစ်လာ သည်။

နာဂစ်မုန်တိုင်းက မြစ်ဝကျွန်း ပေါ်ကို မွှေနောက်ပြီး ရွှေ့ပြောင်း ကျေးရွာများ မိန်းမလှကျွန်းဒေသ တွင် မှိုလိုပေါက် လာသောအခါ နဂိုက ကျွန်းကိုမင်းမူနေသော မိ ကျောင်းများအတွက် စားကျက် ကျဉ်းလာသည်။ သို့နှင့် လက်ရှိ တွင် မိန်းမလှကျွန်းဝန်းကျင်၌ကျေး ရွာ ၄၁ ရွာရှိလာပြီး အချို့ရွာများ ၌ မိကျောင်းများ၏  တိုက်ခိုက်မှု ကို ကြောက်မက်ဖွယ်ခံစားရတော့ သည်။

အထူးသဖြင့် ဆတ်ကျွန်း၊ ငါးပိချောင်း၊ ရေကျော်ချောင်းနှင့် ကြိမ်ချောင်းကြီးရွာ မြစ်ကမ်း နံဘေးတွင် နေထိုင်သူများသည်တစ်လတစ်ကြိမ်ခန့် မိကျောင်းများ၏ အန္တရာယ်ပြုမှုကို ခံစားရသည်။

‘‘ဟိုးပြီးခဲ့တဲ့လတုန်းကဆတ် ကျွန်းအပိုင် ဝဲချောင်းရွာက အမျိုး သားတစ်ယောက် ချောင်းထဲသွား ပြီး ရေခပ်တာ မိကျောင်းကရေသုံး ပေလောက် အနက်လောက်ကိုဝပ် နေတာ အသံလုံးဝမထွက်ဘူးနော်။  ပြီးမှ ဝုန်းခနဲ လှမ်းဆွဲတာ ဟိုလူကံ ကောင်းလို့ မသေရုံတမည် ရုန်း ရင်း ကန်ရင်းလွတ်လာတာ’’ ဟု ဦးစိုးချစ်ကပြောသည် ။

မိကျောင်း တိုက်ခိုက်ခံရမှု များကြောင့် အသက်ဆုံးရှုံးသည့် သတင်းများသာ လူသတိထားမိ သော်လည်း ခြေပြတ်၊လတ်ပြတ် ဒုက္ခိတဖြစ်ရသည်များလည်း ရှိနေ သည်။ သက်ဆိုင်ရာဌာနနှင့်ရဲတပ်ဖွဲ့က ထိုသို့ ခြေပြတ်၊ လက်ပြတ်အတိုက်ခိုက်ခံရသည်များကို စာရင်းကောက်ယူထားခြင်း  မရှိပေ။


ဒေသခံများက အာပဲ့ကြီးကို ပြန်လည်သတ်ဖြတ်ပြီးနောက် မှတ်တမ်းတင်ထားပုံ ( (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)))

ယခုလအတွင်းတွင် ငယ်သူ ကျေးရွာမှ အသက် (၂၂) နှစ်  အရွယ် အမျိုးသားလေးတစ်ဦး မိ ကျောင်းကိုက်ခံရပြီး လက်ပြတ် ခဲ့သလို ကဒုံကနိကျေးရွာအုပ်စု  တွင် မိကျောင်းကိုက်ခံရ၍   တင် ပါးအကွင်းလိုက် ပြတ်ပါသွား သည့် အမျိုးသမီးတစ်ဦး ရှိခဲ့သည်။

မိကျောင်းဆွဲခံရသူများမှာ ဒေသအခေါ် ဘဝင်းပိုက်ဟုခေါ် သည့် ငါး၊ ပုစွန်ပိုက်ထောင်သူများ ကို အများဆုံး အဆွဲခံရသည်။ ၎င်း တို့က  ဘဝင်းပိုက်ကို ကမ်းစပ်၊ ချောင်းစပ်တစ်လျှောက် ပိုက် ထောင်ရင်း စီး ပွားရှာသူများဖြစ်ပြီး မိကျောင်းများ၏ အနီးဆုံးပစ်မှတ် ဖြစ်လေ့ရှိ၏။

‘‘ကိုယ်က တစ်နိုင်တစ်ပိုင် လုပ်ရတာဆိုတော့ သူများတွေလို  လုပ်ကွက်လည်း မရှိဘူး။ လူအင် အား၊ စက်လှေလည်း မရှိဘူး။ ဒီ တော့ ရေထဲဗိုက်လောက်ဆင်းနေ လို့ မိကျောင်းက ဆွဲရင်လည်းခံရ မှာ’’ ဟု ဆတ်ချောင်းရွာမှ ဦးမြင့် သိန်းက ပြောသည်။ သူက မိ ကျောင်းကြောက်၍ ရေလုပ်ငန်းအ လုပ်ကို စွန့်လွှတ်ချင်နေပြီဟု ပြော သည်။

မိကျောင်းများသည် အချိန် ပြည့် ရန်လိုနေသည့် တိရစ္ဆာန်များ တော့ မဟုတ်ချေ။ သို့သော် မထင် လျှင် မထင်သလို တိုက်ခိုက်တတ် သည်။ အထူးသဖြင့် ယခုကဲ့သို့ ဧပြီ၊ မေနှင့် မတ်လတို့တွင် မိ ကျောင်းများ မိတ်လိုက်ရာသီဖြစ် သည်။ မိတ်လိုက်ရာသီတွင် မိ ကျောင်းများသည် အစာကိုအ လျင်စလိုစားဖို့သာ စိတ်ကူးရှိပြီး မည်းမည်းမြင်ရာ ဆွဲတတ်သည်ဟု လေ့လာသူများက ဆိုသည်။ ထို့ ကြောင့် ယခုလများသည် မိ ကျောင်းတိုက်ခိုက်မှုများသည့် အ ချိန်ဖြစ်ပြီး မိကျောင်းသတိပေး ချက်များနှင့် ရေထဲအလွယ်တကူ မဆင်းရန် သတိပေးချက်များကို ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက လော်စပီကာဖြင့် လိုက်လံအော် လေ့ရှိသည်။

‘‘အရင်အချိန်တွေဆို သူက အစာအတွက် အရမ်းမစွန့်စားဘူး။ ဒီ ကာလတွေမှာ သူကရွာထဲက ကြက်၊ ဘဲတွေ ဝင်ဆွဲတာမျိုး၊ လူ နဲ့နီးရင် လူကို ဆွဲတာမျိုးလုပ်လာ ပြီ။ မိတ်လိုက်ဖို့ကို အာရုံရောက် နေတော့ အစာကို မြန်မြန်စား၊ ဝဝ စားတဲ့ သဘော’’ ဟု မိန်းမလှကျွန်း မျောက်တစ်ရာစခန်းမှ တောအုပ် ဦးစိုးဝင်းက ပြောသည်။ ဦးစိုးဝင်း သည် မိန်းမလှကျွန်း၏ မျောက် တစ်ရာစခန်းတွင် မိကျောင်းနှင့် ပတ်သက်၍ နှစ်အတော်ကြာ ထိန်းသိမ်းရေး လုပ်ကိုင်နေသူဖြစ် သည်။

မိကျောင်းများသည် ၎င်းတို့ ၏ အမြီးဖြင့်လည်း တိုက်ခိုက်တတ် သည်။ သဘာဝတောရိုင်း မိ ကျောင်းများသည် အမြီးသန်လွန်း လှသောကြောင့် တောကောင်ကို အမြီးဖြင့် တစ်ပတ်လည်ရိုက်ကာ ပါးစပ်ထဲဝင်အောင် တန်းထည့်နိုင် သည်ဟု WCS မှ ပညာရှင် ဦးဝင်း ကိုကိုက ပြောသည်။ သို့သော် မိကျောင်း၏ အားနက်ချက်သည် မျက်လုံးဖြစ်သည်။ မျက်လုံးကို တိုက်ခိုက်လျှင်၊ ကုတ်ဖဲ့လျှင် မိ ကျောင်းများမခံနိုင်။ မိကျောင်းကို ဖမ်းမည်ဆိုလျှင်လည်း မျက်လုံးကို  ရေစိုဝတ်ဖြင့် အရင်အုပ်ထားရ သည်။

မိကျောင်းနှင့် လူကြား ပဋိ ပက္ခတွင် မိကျောင်းကသာ တိုက် ခိုက်သတ်ဖြတ်သည် မဟုတ်ပါ။ လူဘက်ကလည်း ကြုံလျှင် ကြုံသ လို တိုက်ခိုက်သည်။ ကြီးကျယ် သော ဖြစ်ရပ်များလည်း ရှိခဲ့သည်။ သို့သော် ဇီဝမျိုးစုံမျိုးကွဲများ ဥပဒေ အရ သစ်တောဌာနမှ ထိန်းသိမ်း ထားသည့်သတ္တဝါကို သတ်လျှင် ထောာင်ဒဏ် ၁၀ နှစ်အထိ ကျခံ နိုင်သည်။

‘‘လူသတ်တာမှ ခုနစ်နှစ်၊ မိ ကျောင်းသတ် ၁၀ နှစ်ဆိုတော့ တော်ရုံလည်း မလုပ်ရဲဘူး။ လုပ် ရင်လည်း ကိုယ်တစ်ယောက်တည်း ချလို့ရတဲ့အကောင်မှ မဟုတ်တာ။ သူတို့က ရေထဲနေတာဘယ်အချိန်ပေါ်လို့ ပေါ်မှန်းမသိဘူး။ ကိုယ်ကနိုင်မယ်လည်း မသေချာဘူး’’ ဟု ဦးစိုးချစ်က ပြောသည်။

သို့သော် လွန်ခဲ့သည့် ငါးနှစ် ခန့် ၂၀၁၃ က ကြီးမားသည့် မိကျောင်းသတ်ပွဲတစ်ခု ဆတ် ချောင်းရွာတွင် ဖြစ်ခဲ့သည်။ ထိုစဉ် က ဖြစ်ရပ်များကို ဆတ်ကျွန်းရွာ သားများ ဘယ်တော့မှ ပြောကုန် မည် မဟုတ်တော့ပါ။

‘‘အဲဒီတုန်းက ရွာက ကိုရင် လေးကို မိကျောင်းက ဆွဲသွား တယ်။ ဆွဲသွားတဲ့မိကျောင်းက အာပဲ့ကြီး။ အရင်လကပဲ ဘဲစာ ဆင်းကျွေးနေတဲ့ မိန်းကလေးတစ် ယောက်ကို ဆွဲသွားပြီး စားပစ် လိုက်လို့ သူ့ကိုငြိုးနေကြတာ။ အဲ ဒီမှာ သူက ရေကူးနေတဲ့ ကိုရင် လေးကို ဆွဲသွားတာ’’ ဟု ဆတ် ကျွန်းရွာသား ဦးသန်းရွေက ပြော သည်။ ‘‘အဲဒါနဲ့ပဲ အာပဲ့ကြီးကို သတ်ဖို့ ဆတ်ကျွန်းရယ်၊ အလယ် ကျော် ရယ်၊ ဝဲချောင်းရယ် ပေါင်း ပြီးသတ်ဖို့လုပ်ရော’’။ ဦးသန်းရွေ က အာပဲ့ကြီးကို သတ်ရာတွင်ကိုယ် တိုင်ပါဝင်ခဲ့သူ ဖြစ်၏။

အာပဲ့ကြီးသည်အလျား ၁၉ ပေခန့်ရှိပြီး လုံးပတ်ခုနစ်ပေရှိ သည့် မိကျောင်းကြီးဖြစ်သည်။

ကိုရင်လေးကို ဆွဲထားသည့် အာပဲ့ကြီးသည် ကိုရင်လေး၏ သင်္ကန်းစ မျက်လုံးတွင်အုပ်၍ ဝေး ဝေးမပြေးနိုင်ဖြစ်ခဲ့သည်ဟု ဦး သန်းရွှေအပါအ၀င် အာပဲ့ကြီးကို သတ်စဉ်က ပါဝင်သူများကပြော သည်။အာပဲ့ကြီးကို လူ၃၀၀ခန့် ပါဝင်သည့် သုံးရွာပေါင်းထား သည့်ရွာသားများက စက်လှေဖြင့် နောက်ကလိုက်သည်။ လူအစုအ ဝေးက အာပဲ့ကြီးကို တွေ့ရာနေ ရာတွင် ၀ါးချွန်များ၊ သားလွတ် (မိကျောင်းဖမ်းကိရိယာ) များဖြင့် ၀ိုင်းထိုးသည်ဟု ဦးသန်းရွှေက ပြောသည်။ ဤသို့ဖြင့် အာပဲ့ကြီး  သေသွားမှ မြို့နယ်သစ်တောရုံးသို့  ပို့ဆောင်ခဲ့သည်။

မိန်းမလှကျွန်း ဒေသတစ် ၀ိုက်ရှိပြည်သူများက မိကျောင်း နှင့် ပဋိပက္ခများကို အမြန်အဆုံး သတ်လိုပြီဖြစ်သည်။ ရွာနီးချုပ် စပ်မှလူများ မိကျောင်းကိုက်ခံရ သည်ဆိုသော သတင်းကိုမကြား ချင်တော့သလို ကိုယ်တိုင်လည်း ရေထဲဆင်းလျှင် ကျောမလုံသည့် အဖြစ်မျိုး မခံစားလိုတော့ဟု  ဦး စိုးချစ်ကပြောသည်။ သို့သော်ဖြေ ရှင်းရန်နည်းလမ်းကို သူမစဉ်းစား တတ်ဟု ရိုးသားစွာဆိုသည်။

‘‘ဒီမှာရေလုပ်ငန်းလုပ်တဲ့သူ တွေပေမယ့် ရေထဲဆင်းရမှာ တော်တော်လန့်နေတယ်။ တာဝန် ရှိသူတွေက ဘယ်လိုဖြေရှင်းရမလဲ ပိုစဉ်းစားတတ်မယ်ထင်ပါတယ်’’ ဟု ၎င်းကပြောသည်။

သဘာဝပတ်ဝန်းကျင် သား ငှက် ထိန်းသိမ်းရေးဦးစီးဌာနအရာ ရှိတစ်ဦးက မူလကမိန်းမလှကျွန်း ဧရိယာကို ခြံခတ်ပြီးမွေးမြူရန် စီစဉ်ဖူးကြောင်း၊ သို့သော် ငွေကြေးအကုန်အကျများမည်နှင့် မအောင်မြင်မည့် အခြေအနေများကြောင့် မဖြစ်ခဲ့ကြောင်း ပြောသည်။

မိန်းမလှကျွန်းမှတောအုပ်ဦး စိုးဝင်းက မိကျောင်းနှင့် လူကြား က ပဋိပက္ခသည် လူနှင့်တိရစ္ဆာန်  စားကျက်လုသည့် ကိစ္စဖြစ်နေ၍  တစ်ဖက်ဘက်က အလျှော့ပေးမှရ မည်ဟုဆိုသည်။ သို့သော်လူသား များဘက်မှ အလျှော့ပေးရန် မရှိသည်မှာ သေချာကြောင်း၎င်း ကပြောသည်။

WCS မှ ပညာရှင်ဦးဝင်းကို ကိုက ယခုပြဿနာသည် ဤနိုင်ငံ အနေအထားနှင့် ဖြေရှင်းရခက် သည်ဟု ဆိုသည်။ ၎င်းက အတန် ကြာစဉ်းစားပြီး‘‘ဒီနိုင်ငံမှာပြဿနာ ရှိပြီးအဖြေရှာမရတဲ့ ကိစ္စတွေအ များကြီးရှိတယ်။ ဒီမိကျောင်းကိစ္စကလည်း ဒါတွေထဲက တစ်ခုပဲ ပေါ့’’ ဟုဆိုသည်။

Top News