စစ်ပွဲများ ရပ်တန့်ပေးရန် ဆန္ဒပြသူများကို ဖြိုခွင်းဖမ်းဆီးရာတွင် အရပ်သားများ အသုံးပြုခဲ့ခြင်းမရှိကြောင်း ရဲချုပ်ပြော

တန်ပြန်ဆန္ဒပြသူများကိုလည်း ဥပဒေနှင့်အညီ စိစစ်အရေးယူမည်ဟုဆို

စစ်ပွဲများရပ်တန့် ရန် ရန်ကုန်မြို့တာမွေ အဝိုင်း ထိပ်တွင် ဆန္ဒပြတောင်းဆိုသူများ ကို ဖြိုခွင်းဖမ်းဆီးရာ၌ အရပ်သား များ အသုံးပြုခြင်းမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲချုပ် အောင်ဝင်းဦးက ပြောသည်။

‘‘တာမွေကိစ္စမှာ အရပ်သား တွေ အသုံးပြုမှု မရှိဘူးလို့ပဲ ကျွန် တော်ဖြေကြားပါရစေ’’ ဟု မေလ ၁၅ ရက်က နေပြည်တော်၌ပြု လုပ်သည့် အစိုးရသက်တမ်း ၂ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲ တွင် ၎င်းကပြောသည်။

ထိုဆန္ဒပြပွဲတွင် သတင်း ထောက်များနှင့် ဆန္ဒပြသူများကို အော်ဟစ်ဆဲဆိုကာ ကိုယ်ထိ လက်ရောက် ကျူးလွန်ခဲ့သည့် အ ရပ်သားအချို့ ရှိခဲ့ပြီး အမျိုးသား ရေး လှုပ်ရှားသူအချို့က ‘မူဆယ် ကို ဝင်တွယ်တာ အရပ်ဘက်ပစ် မှတ်ကို တိုက်တာလား၊ စစ်ဘက် ကို တိုက်တာလား၊ စစ်ပွဲတွေရပ် ဆိုတဲ့ ခင်ဗျားတို့ ဖြေပါဦး’ ဟု စာ သားများပါရှိသော ကတ်ထူပြား ကို ကိုင်ဆောင်သည့် ဆန္ဒပြမှုများ ရှိခဲ့သည်။

‘‘ဒီအရပ်ဝတ်နဲ့သူတွေကို ကျွန်တော်တို့ ဘယ်သူတွေလဲဆို တာလည်း ဥပဒေနဲ့အညီဆောင် ရွက်သွားပါမယ်။ တန်ပြန်ဆန္ဒပြ သူဆိုပြီး သတင်းထောက်ကြီး မေးပါတယ်။ ဒါကိုလည်း ဥပဒေ နဲ့အညီ ကျွန်တော်တို့အနေနဲ့ စိစစ်ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ရဲချုပ်အောင်ဝင်းဦးက ပြောသည်။ဆန္ဒပြသူများသည် ငြိမ်းစုစီ ဥပဒေနှင့်အညီ အသိပေးတင်ပြမှု မရှိသဖြင့် အရေးယူခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ် မ ၁၂၇ အရ ဒုရဲအုပ်အောက် မနိမ့်သည့် ရဲအရာရှိက အများ ပြည်သူ ငြိမ်းချမ်းခြင်းကိုအနှောင့် အယှက်ပြုဟန်ရှိသည့် လူစုလူ ဝေးအား လူစုကွဲရန် အမိန့်ပေးနိုင် သည်ဟု ပြဋ္ဌာန်းထားကြောင်း ရဲ ချုပ်အောင်ဝင်းဦးက ပြောသည်။

ယင်းအမိန့်အရ လူစုမခွဲပါ က ဒုရဲအုပ်အောက်မနိမ့်သည့် ရဲ အရာရှိက အစုအဝေးကို လူစု ကွဲအောင် ဆောင်ရွက်နိုင်ကြောင်း ၎င်းကရှင်းပြသည်။

ဆက်လက်၍ ထိုသို့ပြုလုပ် ရာတွင်လည်း လက်နက်ကိုင် မ ဟုတ်သူ မည်သည့်အမျိုးသားကို မဆို အကူအညီတောင်းခံနိုင် သည်ဟု ဖော်ပြထားကြောင်း ရဲ ချုပ်အောင်ဝင်းဦးက ဆိုသည်။

‘‘သို့သော် အဲဒီဖြစ်စဉ်မှာ အ ရပ်သားအင်အား မသုံးကြောင်း သိရှိရပါတယ်’’ ဟု ၎င်းကပြော ကြားသည်။

ငြိမ်းချမ်းရေး လှုပ်ရှားသူ များက မြန်မာနိုင်ငံအတွင်း ဖြစ် ပွားနေသော စစ်ပွဲများ ရပ်တန့် ရေးနှင့် စစ်ဘေးသင့်ပြည်သူများ အား လွတ်လပ်စွာ ကူညီထောက် ပံ့ခွင့်ရရှိရေး မေလ ၁၂ ရက်က ငြိမ်းချမ်းရေး လူထုလှုပ်ရှားမှု ချီ တက်လမ်းလျှောက် ဆန္ဒပြပွဲကို ရန်ကုန်မြို့ တာမွေအဝိုင်းထိပ်ရှိ Ocean စင်တာရှေ့မှ မဟာဗန္ဓုလ ပန်းခြံအထိ ပြုလုပ်ရန် စီစဉ်ခဲ့ သော်လည်း တာမွေအဝိုင်းထိပ် တွင် ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီးရာ တစ်နာရီခန့်အကြာ ရုန်းရင်းဆန် ခတ်ဖြစ်ပွားခဲ့သည်။

ယင်းသို့စစ်ပွဲများ ရပ်တန့် ရန် ဦးဆောင်ဆန္ဒပြတောင်းဆို ရာတွင် ပါဝင်သူ ၁၇ ဦးကို အမှု ဖွင့်ထားပြီး ဖမ်းဆီးခံထားရသူ ရှစ်ဦးကို အာမခံဖြင့် ပြန်လွှတ် ပေးခဲ့သည်။

More in News Section