မကွေးမြို့ပတ်လမ်းဟောင်းဘေးရှိ ကျူးကျော်နေအိမ်နှင့် ဆိုင်ခန်းများကို ဖယ်ရှားခိုင်းသဖြင့် မိသားစုများအခက်ကြုံ

မကွေးမြို့ပတ်လမ်းဟောင်းရှိ ကျူးကျော်နေအိမ်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ − မိုးကျော်)

မကွေးမြို့ မြို့ပတ်လမ်း ဟောင်း တိုင်းက.ည.နရုံး၏ နောက်ကျောဘက်တွင် ကျူးကျော်နေ ထိုင်သည့် နေအိမ်များနှင့် ဈေးဆိုင်တန်းများကို ကျူးရှင်းလင်း ရေးဦးစီးကော်မတီက ဖယ်ရှားပေးရန် ပြောဆိုလာသဖြင့် နေထိုင်ရေးအခက်အခဲများ ရင်ဆိုင်နေ ရကြောင်း ကျူးကျော်မိသားစုများ က ပြောသည်။ 

ကျူးကျော်နေထိုင်သည့် နေ အိမ်နှင့် ဈေးဆိုင်ပိုင်ရှင် ၂၇ ဦး ကို မေလ ၁၄ ရက်တွင် ကျူးကျော် နေအိမ်နှင့် ဈေးဆိုင်များ ဖယ်ရှား ရှင်းလင်းရေးဦးစီးကော်မတီနှင့် သက်ဆိုင်ရာ ဌာနအကြီးအကဲ များက မကွေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအ ဝေးခန်းမသို့ ခေါ်ယူညှိနှိုင်းဆွေး နွေး၍ ဖယ်ရှားပေးရန် ပြောဆိုခဲ့ သည်။ 

ကျူးကျော်များ မေလ  ၁၅ရက်ကစ၍ ၂၁ ရက်အတွင်း ဖယ်ရှားပေးရန် သတိပေးစာထုတ်မည်ဖြစ်ကြောင်း၊ တစ်ပတ်တစ်ကြိမ်နှုန်းနှင့် သုံးကြိမ်သတိပေးကာ ဇွန်လ ၇ ရက်အတွင်း ဖယ်ရှားခြင်းမရှိပါကဥပဒေလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်မည်ဖြစ်ကြောင်း  မကွေးမြို့နယ်  အထွေထွေအုပ် ချုပ်ရေးမှူး ဦးမြင့်လွင်က ပြော သည်။ 

‘‘ကျွန်မတို့ကို ခေါ်ယူဆွေး နွေးညှိနှိုင်းတယ်လို့ ပြောပေမယ့် ညှိနှိုင်းတာမဟုတ်ပါဘူး။ ဒါ လုပ် ကိုလုပ်ရမယ်။ ဖယ်ကိုဖယ်ရမယ် လို့ သူတို့သဘောကိုပဲ ခေါ်ပြော တာပါ။ ကျွန်မတို့တင်ပြတာကို ဘာတစ်ခုမှ နားထောင်တာမ ဟုတ်ပါဘူး’’ဟု ကျူးကျော်နေ ထိုင်သူ ဒေါ်ခင်စန်းတင့်က ပြော သည်။ 

မကွေးမြို့ပတ်လမ်းဟောင်း ဘေးတွင် လွန်ခဲ့သည့် (၁၈)နှစ်ခန့် က စ၍ နေထိုင်ခဲ့ကြောင်း၊ အဆိုပါနေရာသည် ယခင်က လမ်း၏မြေနိမ့်ပိုင်း အမှိုက်နှင့် ကန္တာရဆူးတောချုံပုတ်များသာ တည်ရှိပြီး ကျူးကျော်များက ရှင်းလင်းမြေ ဖို့၍ ယခင်ရပ်ကွက်ဥက္ကဋ္ဌများ၏ ခွင့်ပြုချက်ဖြင့် နေထိုင်ခြင်းဖြစ် ကြောင်း ကျူးကျော်မိသားစုများ က ပြောသည်။ 

‘‘တိုင်းဒေသကြီးအစိုးရအဖွဲ့ က ဒါကိုဖယ်ရှားပါဆိုပြီး ညွှန် ကြားလာတယ်။ ညွှန်ကြားလာ တော့ ကျွန်တော်တို့က စီမံချက်နဲ့ လုပ်ရတာ။ ဒါကြောင့် သူတို့ကို ခေါ်တွေ့ပြီး ပြောတယ်။ သူတို့ ဘက်ကလည်း တစ်လဆိုင်းပါ။ တစ်နှစ်ဆိုင်းပါ။ မြေနေရာစီစဉ် ပေးပါ။ တောင်းဆိုလာတာ ရှိ တယ်။ ဒါကို တိုင်းအစိုးရကို ပြန် တင်ပြပေးမယ်’’ဟု မကွေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့် လွင်က ဆိုသည်။ 

သို့သော် လက်ရှိ ညွှန်ကြား ချက်နှင့် စီမံချက်တွင် မြေနေရာ အစားပေးမည့် အစီအစဉ်မပါရှိ သောကြောင့် သတ်မှတ်ရက်အ တွင်း ဖယ်ရှားပေးခြင်းမရှိပါက စီမံချက်နှင့်အညီ သက်ဆိုင်သည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သွား ရောက်ဖယ်ရှားရမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ 

အဆိုပါကျူးကျော်အိမ်နှင့် ဈေးဆိုင်များတွင် အိမ်ထောင်စု ၃၀ ခန့်ရှိပြီး လူဦးရေတစ်ရာ ကျော်နေထိုင်ကာ ပညာသင်ယူ နေသည့် ကလေးငယ် ၃၀ ကျော်ရှိကြောင်း နေထိုင်သူများက ပြော သည်။ 

Top News