ပြင်သစ်အခြေစိုက် ဗီဒီယိုဂိမ်းကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ပူးပေါင်း

Gameloft ကုမ္ပဏီတာဝန်ရှိသူက အခပေးမိုဘိုင်းဂိမ်းအကြောင်း ရှင်းလင်းနေစဉ်

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် အခပေးမိုဘိုင်းဂိမ်း ဈေးကွက်သို့ ပြင်သစ်နိုင်ငံအခြေ စိုက် ဗီဒီယိုဂိမ်းကုမ္ပဏီ Gameloftနှင့် ပူးပေါင်းကာ မေလ ၁၀ ရက် ကစတင် ဝင်ရောက်လာသည်။

Gameloft ကုမ္ပဏီက ထုတ် လုပ်သည့် ဂိမ်းများကို မြန်မာ့ ဆက်သွယ်ရေး ဆင်းမ်ကတ် အသုံးပြုသည့် မိုဘိုင်းဖုန်းများ၌ ကစားမည်ဆိုပါက တစ်ရက်လျှင် ကျပ် ၂၀၀ ကောက်ခံမည်ဖြစ် သည်။

ထို့အပြင် ဂိမ်းကစားနေစဉ် လိုအပ်ချက်ရှိသည့် ဂိမ်းဇာတ် ကောင် အသုံးအဆောင်များကို ၁၀၅ ကျပ်ကစတင်၍ ထပ်မံဝယ် ယူအသုံးပြုရမည်ဟု Gameloft က ကြေညာသည်။


  ‘‘အခပေးဂိမ်းတန်တယ်၊ မတန်ဘူးဆိုတာက တကယ် ဆော့ကြည့်မှပဲသိမှာ။ ဂိမ်းက ကောင်းတယ်။ ဒေါင်းလုတ်လုပ် တာက ၂၀၀ ကျပ်ထဲမှာပါတယ် ဆိုရင် တန်တယ်ပြောရမှာပဲ’’ဟု မိုဘိုင်းဂိမ်းကစားသူ ကိုဟိန်းထက်ဆွေက ပြောသည်။

လက်ရှိ၌ မိုဘိုင်းဂိမ်းကစား သူများသည် အများအားဖြင့် Play Store မှ အခမဲ့ရရှိသည့် ဂိမ်းများကိုသာ ကစားသည်။ Gameloft ကုမ္ပဏီသည် Cricket, SuperQuad Bikes, Boat Racing နှင့် Hero of Sparta စသည့်ဂိမ်းများအပါအဝင် ၎င်းတို့ဝက်ဘ်ဆိုက်ပေါ်တွင် တင်ဆက်ထားသည့် ဂိမ်းအမြောက်အမြားကို အကန့်အသတ်မရှိ ရယူအသုံးပြု နိုင်ကြောင်း ကြေညာခဲ့သည်။

‘‘မိုဘိုင်းဂိမ်းကို နှစ်သက်တဲ့ သုံးစွဲသူတွေအတွက်တော့ Gameloft ရဲ့ Asphalt® နဲ့ RealFootball® တို့လို အရည်အသွေး မြင့်တဲ့ ဂိမ်းတွေကို ဆော့ကစား ရင်း မိုဘိုင်းဖုန်းကို လက်လွှတ်နိုင် တော့မှာ မဟုတ်ပါဘူး’’ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ စီးပွား ရေးအရာရှိချုပ် Mr. Reizo Umeda က ပြောသည်။

လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းသည် ၎င်း၏မိုဘိုင်းဖုန်းအသုံးပြုသူအားလုံးထံအခပေးမိုဘိုင်းဂိမ်း ကစားရန် 7865 သို့ GAME ဟု ရေးသားပေး ပို့ရန် ဈေးကွက်ဆွဲဆောင်သည့် စာတိုများ ပေးပို့နေသည်။

မိုဘိုင်းဖုန်းဂိမ်းကစားသူများ သည် အခမဲ့ဂိမ်းများကိုသာ ကစားနေသော်လည်း မြန်မာ့ဆက်သွယ် ရေးအနေဖြင့် ဝန်ဆောင်မှုကောင်း မွန်ပါက အခပေးဂိမ်းများကို လက်ခံလာမည်ဟု မိုဘိုင်းဂိမ်း ကစားသူကိုဟန်ဇော်က ပြောသည်။