Breaking News

ရန်ကုန်- မြန်မာနိုင်ငံသို့ မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း သတင်းအမှားများ ထွက်ပေါ်နေ၍ ယင်းကောလာဟလများကိုမယုံကြည်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မေလ ၁၁ ရက်တွင် ထုတ်ပြန်သတိပေးသည်။


မေလ ၂၀ နှင့် ၂၁ ရက်တွင် Roanu အမည်ရှိ ဆိုင်ကလုန်းမုန် တိုင်းသည် မြန်မာနိုင်ငံဒေသများ ပေါ်သို့ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ကြောင်း ဓာတ်ပုံများနှင့် သတင်းမှားများ ပျံ့နှံ့နေပြီး Roanu မုန်တိုင်းသည်လည်း ၂၀၁၆ မေလက ဖြစ်ပေါ်ခဲ့သည်ဟု ရှင်းပြ ထားသည်။

ယင်းသတင်း အမှားသည် ဧပြီအတွင်းကပင် ပျံ့နှံ့နေပြီး မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကလည်း သတင်းအမှားကို  မယုံကြည်ရန် လွန်ခဲ့သော ရက် ၂၀ ခန့်ကပင် သတိပေးခဲ့သည်။