ဟွာဝေး စမတ်ဖုန်းသစ်နှစ်မျိုးကို မေလနောက်ဆုံးအပတ်တွင် ရောင်းချမည်

ကျောဘက်ကင်မရာ သုံးလုံးပါဝင် သည်P20 Pro နှင့် နောက်ဆုံးပေါ် နည်းပညာများ အသုံးပြုထားသည့် P20 စမတ်ဖုန်းနှစ်မျိုးကို မေလ နောက်ဆုံးအပတ်တွင် မြန်မာနိုင်ငံ၌ စတင်ရောင်းချမည်ဖြစ်ကြောင်း တရုတ်အခြေစိုက်ကုမ္ပဏီ ဟွာ ဝေးမြန်မာရုံးခွဲက သတင်းထုတ် ပြန်သည်။

ဟွာဝေးအနေဖြင့် ၎င်းတို့၏ စမတ်ဖုန်းသစ်နှစ်မျိုးကို မတ်လ ကုန်က ပြင်သစ်နိုင်ငံ ပါရီမြို့တွင် စတင်မိတ်ဆက်ခဲ့ပြီး P20 Pro သည် လက်ရှိအထိ ထွက်ရှိထား သမျှ စမတ်ဖုန်းအားလုံးထဲတွင် အမြင့်ဆုံး Pixe၊ ပမာဏပါဝင် သည့် ကင်မရာသုံးလုံး တပ်ဆင် ထားသော စမတ်ဖုန်းအဖြစ် ဈေး ကွက်အတွင်း မိတ်ဆက်ခဲ့ပြီး မြန်မာပြည်ဈေးကွက်၌ စတင် ရောင်းချရန် ကြေညာခြင်းဖြစ် သည်။

P20 စမတ်ဖုန်းတွင် ဂျာမနီ အခြေစိုက် ကင်မရာကုမ္ပဏီ Leicaက တပ်ဆင်ထားသည့် ကျော ဘက်ကင်မရာနှစ်ခုပါရှိပြီး ဓာတ် ပုံရိုက်ကူးမှုများကို ပရော်ဖက်ရှင် နယ်ဆန်ဆန် ရိုက်ကူးနိုင်စေမည့် Master AI နှင့် ရုပ်ထွက်တည်ငြိမ် မှုကို အထောက်အကူပြုစေရန် AIS နည်းပညာတို့ကို စမတ်ဖုန်း နှစ်မျိုးစလုံးတွင် ထည့်သွင်းထား သည်။

အဆိုပါ စမတ်ဖုန်းနှစ်မျိုး စလုံးတွင် ဟွာဝေး၏ ကိုယ်ပိုင် CPU Kirin 970 ကို တပ်ဆင်ထား ပြီး Android 8.1 ကို အခြေခံထား သော EMUI 8.1 ပါရှိသည်။ ဖုန်း တွင်း မှတ်ဉာဏ် 128GB ပါရှိပြီး P20 တွင် RAM 4GB နှင့် P20 Pro ၌ RAM 6GB ပါရှိမည်ဖြစ် သည်။

ဟွာဝေး မြန်မာအနေဖြင့် အဆိုပါ စမတ်ဖုန်းနှစ်မျိုးစလုံးကို မေလ ၂၁ ရက်မှသာ တရားဝင် ရောင်းချမည်ဖြစ်သော်လည်း မေလ ၁၃ ရက်မှ ၂၀ ရက်အတွင်း ကြိုတင်  မှာယူလိုသူများအား တရားဝင်အရောင်းဆိုင်များမှတစ် ဆင့်လက်ခံကာ  မှာယူနိုင်ရန် စီစဉ်ပေးမည်ဖြစ်သည်။

ဈေးနှုန်းအနေဖြင့် P20 ကို ကျပ်ရှစ်သိန်းခွဲနှင့် P20 Pro ကို ကျပ် ၁၁ သိန်းခန့်ဖြင့် မြန်မာနိုင်ငံ တွင် ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။