အာဆင်နယ်မှ ထွက်ခွာရန် အချိန်သတ်မှတ်ချက် မိမိဆုံးဖြတ်ချက်မဟုတ်ဟု ဝင်းဂါးပြောကြား

၂၂ နှစ်ခန့် ကိုင်တွယ်ပြီး နောက် အာဆင်နယ်မှထွက်ခွာ ရန် အချိန်သတ်မှတ်ခြင်းသည် မိမိ ဆုံးဖြတ်ချက်မဟုတ်ဟု အာဆင် နယ်မန်နေဂျာ အာစင်ဝင်းဂါးက ပြောကြားသည်။

စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိသော်လည်း ရာသီကုန်တွင် အသင်းမှ အာစင်ဝင်းဂါး ထွက်ခွာ မည်ဟု ပြီးခဲ့သည့် သောကြာနေ့ က ကြေညာခဲ့သည်။

အက်သလက်တီကိုနှင့် ယူ ရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအ ကျော့ မတိုင်မီ ပြောကြားရာ၌ မစ္စတာဝင်းဂါးက ၎င်းအနေဖြင့် နေ့ စဉ်လုပ်ရမည့်အလုပ်ကို အာရုံ စိုက်ထားကြောင်းနှင့် လောလော ဆယ် ခါတိုင်းကဲ့သို့ပင် အလုပ် ကြိုးစားလုပ်ကိုင်နေကြောင်း ပြော ကြားသည်။

အနာဂတ်တွင် သေချာ ပေါက် အလုပ်ဆက်လုပ်မည်ဟု ဝင်းဂါး (၆၈) နှစ်က ပြောကြားသော်လည်း လောလောဆယ်ဘာ ကိုမှ စိတ်ပိုင်းဖြတ်မှု မထားသေး ဟု ပြောကြားသည်။

အာဆင်နယ်သည် ဝင်းဂါး ကိုင်တွယ်နေစဉ် ပရီးမီးယားလိဂ် ဖလား သုံးကြိမ်၊ အက်ဖ်အေဖ လား ခုနစ်ကြိမ် ရရှိခဲ့ပြီး ၁၉၉၈ နှင့် ၂၀၀၂ တွင် ယင်းဖလားနှစ်လုံးစ လုံး ရယူနိုင်ခဲ့သည်။

ထိုအတောအတွင်း ဝင်းဂါး ၏ နေရာတွင် အသင်းခေါင်း ဆောင်ဟောင်း ဗီအဲရာနှင့် ဘာစီ လိုနာနည်းပြဟောင်း အင်းနရစ် တို့ အစားထိုးမည်ဟု ရေပန်းစား နေပြီး အာစင်ဝင်းဂါးက ၎င်းအနေဖြင့် အင်းနရစ်ကို အထင်ကြီးလေး စားသည်ဟု ပြောကြားသည်။

ဝင်းဂါးနေရာ အစားထိုး မည့်သူကို အမြန်ဆုံးရှာဖွေမည်ဟု အာဆင်နယ်အသင်းက ယခင်က ပြောကြားခဲ့ပြီး အမှုဆောင်အရာ ရှိချုပ် အီဗန်ဂါဇီဒစ်က မိမိအနေ ဖြင့် မန်နေဂျာသစ်ရှာဖွေရာတွင် ရဲရင့်သတ္တိရှိရမည်ဟု ပြောကြား သည်။

ထို့အပြင် ရာသီကုန်တွင် ထွက်ခွာရန် အချိန်သတ်မှတ်ချက်သည် အမှန်တကယ် မိမိဆုံးဖြတ် ချက်မဟုတ်ဟု ဝင်းဂါးက ထပ်မံ အတည်ပြု ပြောကြားသည်။

—Ref:BBC