နမီးဘီးယားနိုင်ငံကို ဟန်းနီးမွန်းထွက်ဖို့ စဉ်းစားထားတဲ့ ဗြိတိန်တော်ဝင်မင်းသား စုံတွဲ

 မေလတွင် မင်္ဂလာဆောင်မည့် ဗြိတိန် တော်ဝင်မင်းသား ဟယ်ရီနှင့် အမေရိကန်မင်းသမီး မီဂန်မာ ကယ်တို့စုံတွဲသည် ဟန်နီးမွန်းခရီး စဉ်အဖြစ် အာဖရိကသို့ သွား ရောက်ရန် ရွေးချယ်ထားသည်။

တော်ဝင်မင်းသားဟယ်ရီ (၃၃) နှစ်နှင့် မီဂန်မာကယ် (၃၆) နှစ်တို့သည် အာဖရိက အနောက် တောင်ဘက်ရှိ နမီးဘီးယား နိုင်ငံသို့ ဟန်းနီးမွန်းခရီးထွက်ရန် ရွေးချယ်ထားကြောင်း သတင်း ရင်းမြစ် တစ်ခုက အတည်ပြုသည် ဟု Travel & Leisure ခရီးသွား မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

သို့သော် ၎င်းတို့စုံတွဲ၏ ဟန်းနီးမွန်းခရီးစဉ်နှင့် ပတ်သက် ၍ ဗြိတိန် တော်ဝင်မိသားစုက တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

မင်းသားဟယ်ရီနှင့် မီဂန် မာကယ်တို့သည် ပြီးခဲ့သည့်နှစ်က သီတင်းသုံးပတ်ကြာ အာဖရိက ခရီးစဉ် ထွက်ခွာခဲ့ပြီး ဘော့ဆွာ နာနှင့် ဇမ်ဘီယာ စသည့်နိုင်ငံ များသို့ သွားရောက်လည်ပတ်ခဲ့ သည်။

၎င်းတို့နှစ်ဦး၏ တော်ဝင် မင်္ဂလာပွဲကို မေလ ၁၉ ရက်တွင် ကျင်းပမည်ဖြစ်သည်။

Ref: Justjared