ထိုင်းကျောင်းသူ အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထားရသော မြန်မာလုပ်သားလေးဦးကို ယနေ့အပြီးသတ် အမိန့်ချမည်

ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုဖြင့် ဖမ်းဆီးခံထား ရသော မြန်မာလုပ်သားလေးဦး ကို ရနောင်းမြို့ ထိုင်းတရားသူကြီးက ယနေ့အပြီးသတ်အမိန့်ချမည် ဖြစ်သည်။

မြန်မာလုပ်သား လေးဦးကို မတ်လ ၂၉ ရက်တွင် အပြီးသတ် အမိန့်ချရန် ထိုင်းတရားသူကြီးက ချိန်းဆိုခဲ့သော်လည်း ဧပြီ ၁၉ ရက်တွင် အမိန့်ချရန်ပြန်လည် ချိန်းဆိုခဲ့သည်။

ထိုင်းနိုင်ငံ တောင်ပိုင်း ရ နောင်းမြို့တွင် ၂၀၁၅ စက်တင် ဘာ ၂၈ ရက်က အသက်(၁၈)နှစ် အရွယ် ထိုင်းကျောင်းသူတစ်ဦးကို မိုးဇင်အောင်၊ ကျော်စိုးဝင်း၊ စိန် ကတုံးနှင့် ဝေလင်းတို့က ဓားဖြင့် ၁၇ ချက်ထိုးသတ်ခဲ့သည်ဟူသော သံသယဖြင့် ထိုင်းရဲတပ်ဖွဲ့က ယင်းနှစ်အောက်တိုဘာ ၂၀ ရက် ၌ ဖမ်းဆီးခဲ့သည်။

၎င်းတို့လေးဦးကို တရားရုံး ချိန်း ၄၄ ချိန်း ရုံးထုတ်စစ်ဆေးအ ပြီးတွင် ထိုင်းတရားသူကြီးက အ ပြီးသတ်အမိန့်ချရန် ဆုံးဖြတ်ခဲ့ ကြောင်း ရနောင်းလူသတ်မှု၌ မြန်မာလုပ်သားလေးဦးအရေး ကူ ညီပေးနေသော ထိုင်းနိုင်ငံ တောင် ပိုင်းပညာရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးဖောင်ဒေးရှင်း(FED) အဖွဲ့ ဒါ ရိုက်တာဦးထူးချစ်က ပြောသည်။

‘‘အပြစ်ကတော့ သူတို့မ လုပ်ခဲ့ဘူးဆိုတာ တရားခွင်မှာလည်း ပေါ်လွင်တယ်။ လိပ်ကျွန်းလူ သတ်မှုဖြစ်စဉ်နဲ့တော့ မတူဘူး။ လွှတ်မယ်လို့တော့ ယုံကြည်တယ်။ ဒါပေမဲ့ ထိုင်းအစိုးရရဲ့ မတရားတဲ့ အမိန့်ချမှတ်မှု ပြုလုပ်လာမှာကို တော့ စိုးရိမ်တယ်’’ဟု ဦးထူးချစ် က ပြောသည်။

မြန်မာလုပ်သားလေးဦး၏ အလုပ်ရှင် ထိုင်းသူဌေးက စွပ်စွဲခံ မြန်မာလုပ်သားလေးဦးသည် အခင်းဖြစ်ပွားချိန်၌ ၎င်း၏လုပ် ငန်းခွင်တွင် ရှိနေသည်ဟု ထွက် ဆိုထားသည်။

စွပ်စွဲခံမြန်မာလုပ်သား လေး ဦးကလည်း လူသတ်မှုကျူးလွန် ခြင်း မရှိကြောင်း တရားရုံး၌ ငြင်း ဆိုထားသည်။

‘‘ရနောင်းအမှုကတော့ လိပ် ကျွန်းလိုမဟုတ်ဘူး။ တော်တော် လေး အားရတယ်။ ကိုယ့်ဘက်က အရမ်းအားသာချက်တွေ ရှိတယ်။ ရလဒ်ကောင်းတွေ ထွက်မယ်လို့ လည်း မျှော်လင့်တယ်’’ဟု FED အဖွဲ့မှ ကိုမင်းဦးက ပြောသည်။

ထို့အပြင်  ၂ နှစ်ခွဲအတွင်း ရုံးထုတ်စစ်ဆေးရာ၌   တရားခံ များဘက်က တရားရုံးချိန်းပျက် ကွက်ခြင်း မရှိသော်လည်း တရား လို သက်သေများ တရားရုံးမလာ ရောက်မှုကြောင့် ရုံးချိန်း ၁၀ ကြိမ် ခန့် ပျက်ကွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

စွပ်စွဲခံမြန်မာလုပ်သားလေး ဦးအနက် အသက်မပြည့်သေး သည့် မိုးဇင်အောင်နှင့် ကျော်စိုး ၀င်းတို့ကို ရနောင်းမြို့ကလေးသူ ငယ်တရားရုံးတွင် ရုံးထုတ်စစ် ဆေးခဲ့သည်။ လူသတ်မှု၊ ပူးပေါင်း ကြံစည်မှုနှင့် လိမ်လည်ထွက်ဆိုမှု  ပုဒ်မသုံးခုဖြင့် ၎င်းတို့လေးဦးကို ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုထား သည်။

သေဆုံးသူ ထိုင်းကျောင်း သူ၏မိခင်သည် မြန်မာနိုင်ငံသား ဖြစ်ပြီး ဖခင်သည်ထိုင်းနိုင်ငံသား ဖြစ်သည်။ ဖမ်းဆီးခံရသော မြန်မာရေလုပ်သား လေးဦးသည် ထားဝယ်မြို့ဇာတိဖြစ်သည်။ အ ဆိုပါအမှုတွင် မြန်မာလုပ်သား လေးဦးကို ထိုင်းရဲတပ်ဖွဲ့က လိပ် ကျွန်းလူသတ်မှုဖြစ်စဉ်ကဲ့သို့ သက်သေအထောက်အထား တိတိကျကျ မရှိဘဲ ဖမ်းဆီးထား ကြောင်း မြန်မာသံရုံးအထူးအဖွဲ့ မှ ဦးထူးချစ်က ပြောသည်။

၂၀၁၄ စက်တင်ဘာက  ထိုင်းနိုင်ငံ တောင်ပိုင်း ဆူရတ်ဌာနီခရိုင်ခိုတောင်ကျွန်း(လိပ်ကျွန်း)၌ ဗြိတိန်စုံတွဲအသတ်ခံရမှုနှင့် ပတ်သက်၍ လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှုအပါအ၀င် ပုဒ်မခုနစ်ခုဖြင့် ထိုင်းတရားရုံးက မြန်မာလုပ်သား ဇော်လင်းနှင့် ၀င်းဇော်ထွန်း တို့ကို သေဒဏ်အပြစ်ပေးထား သည်။