ဒူးဒဏ်ရာကြောင့် ဗီဒယ် ရာသီကုန်အထိ အနားယူရမည်ဟု ဘိုင်ယန်အတည်ပြု

 ချီလီကွင်းလယ်လူ ဗီဒယ်သည် ဒူးဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရမည် ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် အသင်းက အတည်ပြုပြောကြား သောကြောင့် ၎င်းသည် ချန်ပီယံ လိဂ် ဆီမီးဖိုင်နယ်ရီးရဲလ်နှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။

လေ့ကျင့်ရေးကွင်းတွင် ဒူး ဒဏ်ရာ ရရှိခဲ့သည့် ဗီဒယ်သည် ရီးရဲလ်နှင့် ဒုတိယအကျော့တွင် ပါဝင်နိုင်မည်ဟု ကနဦး မျှော်လင့် ထားသော်လည်း ဒဏ်ရာအတွက် ခွဲစိတ်ကုသမှု ခံယူရာ၌ ပထမ အကြိမ် စစ်ဆေးထားသည်ထက် ပြဿနာပိုဆိုးရွားနေကြောင်း တွေ့ရှိခဲ့သည်။

ဘွန်ဒက်စ်လီဂါဖလား ရထားပြီးဖြစ်သည့် ဘိုင်ယန်မြူး နစ်သည် လာမည့် သီတင်းပတ် တွင် ရီးရဲလ်နှင့် ရင်ဆိုင်ရန်ရှိနေ စဉ် ဘိုင်ယန်နည်းပြ ဂျပ်ဟိုင်း နက်စ်အနေဖြင့် ကွင်းလယ်နေရာ အတွက် လူရွေးရန် အခက်ကြုံနေ သည်။ ဗီဒယ်သည် ယခုရာသီ ဘိုင်ယန်အတွက် ဘွန်ဒက်စ်လီဂါ၂၂ ပွဲတွင် ခြောက်ဂိုး သွင်းထား သော်လည်း ပုံမှန် ပွဲထွက်ခွင့်မရ ဖြစ်ခဲ့သည်။

ဗီဒယ် (၃၀) နှစ်၏ ဒူးဒဏ် ရာ ခွဲစိတ်ကုသမှု အောင်မြင် ကြောင်းနှင့် ရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း ဘိုင် ယန်အသင်း၏ ကြေညာချက်၌ ဖော်ပြပြီး ဗီဒယ်က ဘောလုံး ပြန်ကစားနိုင်ချိန်တွင် ပိုကောင်း သော ခြေစွမ်းမျိုး ပြသနိုင်မည်ဟု မျှော်လင့်ကြောင်း လူမှုကွန်ရက် ၌ ရေးသားထားသည်။

Ref: Marca