သမ္မတ ကတိ တည်ပါစေသော်

မြန်မာနှစ်သစ်ကူးဖြစ် တဲ့ နှစ်ဆန်းတစ်ရက် နေ့မှာ သမ္မတ အ သစ်စက်စက် ဦးဝင်းမြင့်က နှစ် သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

နှစ်သစ်မှာ မြန်မာနိုင်ငံသားအားလုံးအတွက် သမ္မတသစ်ရဲ့ အင်မတန် မင်္ဂလာ ရှိတဲ့ နှုတ်ခွန်းဆက်စကားလို့ တောင် ဆိုရမှာဖြစ်ပါတယ်။ နှစ် သစ်ကူး နှုတ်ခွန်းဆက်စကားဟာ သမ္မတတာဝန် စတင်ထမ်းဆောင် တဲ့ အခမ်းအနားတုန်းက ပြောခဲ့ တဲ့ မိန့်ခွန်းထက် ပိုပြီးစိတ်လှုပ်ရှား စရာ၊ ရင်ခုန်စရာ ကောင်းနေပါ တယ်။ ဒါပေမဲ့ စကားဟာ စကား ပဲဖြစ်ပြီး လက်ကျန်သက်တမ်း သုံးနှစ်အတွင်း ဘယ်လောက် လက်တွေ့ကျကျ အကောင် အထည်ဖော်နိုင်မလဲဆိုတာ၊ နှုတ် ခွန်းဆက်စကားမှာ သမ္မတပေးခဲ့ တဲ့ကတိ ဘယ်လောက်တည်၊ မတည်ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

သမ္မတရဲ့ နှစ်သစ်ကူး နှုတ် ခွန်းဆက်စကားထဲမှာ မြန်မာ ပြည်သစ် ပြန်လည်တည်ဆောက် ရေးအတွက် အဓိကကျတဲ့ အခြေခံ လုပ်ငန်းစဉ်တွေ များစွာ ပါဝင်နေပါတယ်။ နှုတ်ခွန်းဆက် စကားမှာ သမ္မတဦးဝင်းမြင့် ဘာ တွေ ထူးထူးခြားခြား ကတိပေးခဲ့ သလဲဆိုတာ ကြည့်ကြရအောင်ပါ။

သမ္မတရဲ့ နှုတ်ခွန်းဆက် စကားထဲမှာ နယ်ပယ် ၁၁ ခု အတွက် အဓိကဦးစားပေး လုပ် ဆောင်မယ့် အစီအစဉ်တွေ ပါဝင် ပါတယ်။ မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေးအတွက် လုပ် ဆောင်စရာတွေ အလွန်များပြား ပါတယ်။ နှစ်ပေါင်းများစွာ အစစ အရာရာ ချူချာစုတ်ပြတ်ခဲ့တဲ့ မြန် မာနိုင်ငံအဖို့ ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အတွက် စတင်အကောင် အထည်ဖော်ဖို့ဆိုတာဟာ အ ပြောလွယ်သလောက် အလုပ် ခက်လှပါတယ်။

ဝန်ထမ်းများ၊ အငြိမ်းစား ဝန်ထမ်းများ နေထိုင်ဖို့ ကိုယ်ပိုင် အိမ်၊ တိုက်ခန်းတွေ ဆောက်ပေး မယ့် အစီအစဉ်တွေပါသလို အောက်ခြေ ဝန်ထမ်းတွေကို လစာရဲ့ ၂၀ ရာခိုင်နှုန်း၊ အရာ ထမ်းဝန်ထမ်းတွေကို လစာရဲ့ ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေးမယ်လို့ ကတိပြုသွားပါတယ်။ လစာတိုး ပေးမယ့်အစီအစဉ်မှာ ဘယ်လက စမယ်လို့ မပါသလို လစာရဲ့ နောက်ဆက်တွဲဂယက် ကုန်ဈေး နှုန်း လိုက်ပါကြီးမြင့်နေမှုကို ဘယ်လိုစီမံဆောင်ရွက် နေပါ တယ်ဆိုတာကိုတော့ ထည့်သွင်း ပြောမသွားပါဘူး။

နိုင်ငံကို ဦးဆောင်နေတဲ့ သမ္မတတစ်ယောက်ကနေ သူ့နှစ် သစ်ကူး နှုတ်ခွန်းဆက်စကားထဲမှာ တရားစီရင်ရေးမဏ္ဍိုင်ဟာ ယိမ်း ယိုင်နေတယ်ဆိုတဲ့အကြောင်း ထပ်မံ ဝန်ခံလိုက်ပါတယ်။ ယိမ်း ယိုင်နေတာကို ဝန်ခံပြီး တည့် မတ်ဖို့ကြိုးစားတဲ့ သမ္မတကို ကျေးဇူးတင်ရပါမယ်။ တရားရေး ဟာ မဏ္ဍိုင်သုံးခုထဲမှာ ပြောင်းလဲ နိုင်မှု အနည်းဆုံး မဏ္ဍိုင်တစ်ခုလို့ တောင် ပြောရမလို ဖြစ်နေပါ တယ်။ ဒါ့အပြင် အဂတိလိုက်စား မှုတွေ ဖော်ထုတ်နိုင်ဖို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်၊ မီဒီယာနဲ့ ပြည်သူတွေကို သမ္မတက သူ့နှုတ်ခွန်းဆက်စကား မှာ အကူအညီတောင်းထားပါ တယ်။ ဒါပေမဲ့ တကယ့်လက်တွေ့ မှာ ဘယ်လောက်ထိ ပူးပေါင်း ဆောင်ရွက်နိုင်မယ်၊ ဖော်ထုတ်မှု တွေကို အစိုးရက ဘယ်လောက် အရေးယူနိုင်မလဲဆိုတာ စောင့် ကြည့်ရမှာ ဖြစ်ပါတယ်။

နိုင်ငံသားတွေရဲ့ ဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေနဲ့ နိုင်ငံသားတွေရဲ့ မူလအခြေခံ အခွင့်အရေးတွေကို ကာကွယ် ပေးဖို့၊ မြှင့်တင်ပေးဖို့အတွက် လူ့ အခွင့်အရေးကော်မရှင်က အကာ အလွယ်ပေးရေးနဲ့ CBO တွေ၊ CSO တွေ၊ မီဒီယာတွေနဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ရေး သမ္မတက ပြောသွားခဲ့ပါတယ်။ ပြောသွားချက်ကတော့ အလွန် အားရစရာကောင်းပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ လူ့အခွင့် အရေး၊ နိုင်ငံသားတွေရဲ့ မူလ အခြေခံ အခွင့်အရေးတွေကို ဒီထက်ပိုပြီး အကာအကွယ်ပေး ရမယ်ဆိုတာတော့ ငြင်းမရပါဘူး။ နမူနာအနေနဲ့ အကျဉ်းထောင်တွေ မှာရှိတဲ့ အကျဉ်းသားတွေရဲ့ အခြေအနေတွေ၊ အခွင့်အရေး တွေကို ကြည့်ရင် သိသာပါတယ်။

အစိုးရ ပြုပြင်ပြောင်းလဲရေး နဲ့ ဗဟိုချုပ်ကိုင်မှု ဖြေလျှော့ရေး အတွက်လည်း သမ္မတဟာ သူ့ နှုတ်ခွန်းဆက်စကားမှာ တခုတ် တရ ထည့်သွင်းပြောခဲ့ပါတယ်။ အစိုးရ ပြုပြင်ပြောင်းလဲရေး အတွက် ပြည်သူနဲ့နီးစပ်တဲ့ အောက်ခြေက စတင်ပြောင်းလဲ ရေးနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ရာ မှာ၊ အံမဝင်တဲ့နေရာတွေမှာ လူ စားထိုးရေးတွေပါ ပြုလုပ်မယ့် သဘောရှိပါတယ်။ ပြုပြင်ပြောင်း လဲရေးမှာ ပါမလာသူတွေ၊ ခြေ မပေါ်သူတွေကို ဒီနှစ်သစ်ကူး နှုတ်ခွန်းဆက်စကားက တပ်လှန့် လိုက်တာဖြစ်ပါတယ်။  အပြောင်း အလဲအတွက် လူစားထိုးမှုတွေ မြင်တွေ့ရဦးမှာဖြစ်ပါတယ်။

လက်ရှိ အစိုးရဟာ အနာ ဂတ်မြန်မာနိုင်ငံအတွက် ဖက် ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေး စနစ်ကို ပြောင်းလဲနိုင်ဖို့ မျှော်မှန်း ထားတယ်။ အဲဒီမျှော်မှန်းချက် ခြေလှမ်းစတင်ဖို့ ဗဟိုချုပ်ကိုင်မှု လျှော့မယ်။ ပြည်နယ်နဲ့တိုင်းတွေ အတွက် လုပ်ပိုင်ခွင့်တွေ၊ ပြောင်း လဲသင့်တာတွေ လုပ်မယ်လို့ သမ္မတကဆိုတယ်။ ဗဟိုချုပ်ကိုင် မှု လျှော့ချရေးဟာ အပြောလွယ် တယ်၊ လုပ်ဖို့တော်တော်ခက်ခဲ တယ်။ အခြေခံဥပဒေအရ ပေး ထားချက်ဘောင်ထဲကနေပဲ လုပ် ဆောင်နိုင်မယ့်သဘောရှိတယ်။ ဖက်ဒရယ်အတွက် တကယ်ပီပြင် စေချင်ရင်တော့ ၂၀၀၈ အခြေခံ ဥပဒေကို ပြင်ဆင်မှရမယ်။ ပြင်ဖို့ ကလည်း ခပ်ဝါးဝါးအခြေအနေဆို တာ အားလုံးသိပြီးသားဖြစ်ပါ တယ်။ ဘောင်ထဲကနေ ဗဟိုချုပ် ကိုင်မှု လျှော့ချမယ့်အစီအစဉ်ဟာ လက်တွေ့မှာ ဘယ်လောက်ထိ ဖြစ်လာမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

လက်ရှိ အစိုးရ မဖြစ်မနေ လုပ်ရမယ့် ဦးစားပေး လုပ်ငန်းစဉ် တွေထဲမှာ မူးယစ်ဆေးဝါး နှိမ်နင်း ရေးလည်း တစ်ခုအဖြစ် ပါဝင် တယ်။ တစ်ခါဖမ်းမိလည်း ပိုင်ရှင် မဲ့၊ တစ်ခါဖမ်းမိလည်း ပိုင်ရှင်မဲ့ဆို တော့ ပြည်သူအကြား ပြောစရာ တောင်ဖြစ်နေပါပြီ။ မူးယစ်ဆေး နှိမ်နင်းမှုနဲ့ပတ်သက်ပြီး မသိချင် ယောင်ဆောင်ပြီး မဖမ်းဘဲ လွှတ် ထားရင် အဓိက တာဝန်ရှိသူကို အရေးယူမယ်လို့ သမ္မတက သူ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ထဲမှာ ထည့်သွင်းပြောခဲ့တယ်။ တကယ်လုပ်မယ်ဆို ကြိုဆိုရမယ့် အစီအစဉ်ပါ။ လက်တွေ့မှာ အရေးယူပြရင် မူးယစ်ဆေးဝါး ကိစ္စတွေ သိသိသာသာ လျော့ပါး သွားနိုင်ပါတယ်။

သမ္မတဦးဝင်းမြင့်ဟာ မြန် မာနိုင်ငံမှာရှိတဲ့ တောင်သူလယ် သမားအရေး၊ အလုပ်သမား အရေး၊ သိမ်းဆည်းခံ လယ်ယာ မြေအရေးတွေကိုလည်း  မမေ့ မလျော့ ထည့်သွင်းပြောကြားခဲ့ပါ တယ်။ တောင်သူလယ်သမားတွေ ရဲ့ မြေယာပိုင်ဆိုင်ခွင့်လက်မှတ် တွေကို တစ်နှစ်အတွင်း ရရှိဖို့၊ စွန့်လွှတ်မြေတွေကို မြန်မြန်ပြန် ပေးနိုင်ဖို့၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ ဓာတ်မြေသြဇာ၊ ပိုး သတ်ဆေး၊ မျိုးစေ့နဲ့ တခြားစိုက် ပျိုးရေးသုံး ကိရိယာတွေကို အခွန် ကင်းလွတ်ခွင့်ပေးဖို့တွေလည်း ပါ ဝင်ပါတယ်။ အခြေခံ တောင်သူ လယ်သမား၊ အလုပ်သမားအများစုရှိတဲ့ မြန်မာနိုင်ငံမှာ တောင်သူ တွေ၊ အလုပ်သမားတွေရဲ့ဘဝနိမ့်ကျနေသမျှ မြန်မာနိုင်ငံဟာ နာလန်ထူစရာအကြောင်း မရှိပါဘူး။

သမ္မတ အသစ်စက်စက် ဦးဝင်းမြင့်ရဲ့ နှစ်သစ်ကူးနှုတ်ခွန်း ဆက်စကားဟာ ယေဘုယျဆန် လွန်းတယ်။ ဒီလိုပဲ တခြားနိုင်ငံ့ ခေါင်းဆောင်တွေလို နားထောင် ကောင်းရုံသက်သက်ပဲ ရှိတယ်လို့ မှတ်ချက်ပေးသူတွေလည်း ရှိပါ တယ်။ ဘယ်လိုပဲ ဝေဖန်နေပေ မယ့် ဒီဝေဖန်မှုတွေ မှားယွင်းနေ ကြောင်း နှုတ်ခွန်းဆက်စကားမှာ ပြောခဲ့တဲ့၊ ပေးခဲ့တဲ့ ကတိတွေကို လက်တွေ့လုပ်ပြပြီး သမ္မတ ဦး ဆောင်တဲ့ အစိုးရနဲ့ တခြားမဏ္ဍိုင် နှစ်ခုက သက်သေပြရမှာ ဖြစ်ပါ တယ်။

သမ္မတအသစ်ဟာ မြန်မာ ပြည်သစ် ဖြစ်လာရေးအတွက် လို အပ်တဲ့ အပြောင်းအလဲကို လို အပ်သလို လုပ်မယ့်ဆန္ဒများစွာ ရှိ နေတယ်ဆိုတာ သမ္မတရဲ့ နှစ် သစ်ကူး  နှုတ်ခွန်းဆက်စကားနဲ့ သူလွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တုန်းက လုပ်ဆောင်ခဲ့ တာတွေကို ကြည့်ရင် သိသာနေ တယ်။ ဒါပေမဲ့ အပြောင်းအလဲဆို တာ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့ တစ်စုနဲ့တင်မရဘဲ အားလုံးလိုက် ပါနိုင်မှ ရွေ့နိုင်မယ်ဆိုတာ သတိ ပြုရမှာဖြစ်ပါတယ်။

‘မင်းမှာကတိ၊ လူမှာသစ္စာ’ ဆိုပြီး ဆိုရိုးစကားရှိတယ်။ သမ္မတဟာ သူ့နှစ်သစ်ကူး နှုတ် ခွန်းဆက်စကားမှာ ပေးခဲ့တဲ့ ကတိတွေ တကယ်ဖော်ဆောင် နိုင်၊ မနိုင်ဆိုတာ စောင့်ကြည့်မှတ် တမ်းတင်ရမှာ ဖြစ်ပါတယ်။ သမ္မတကတိ တည်ပါစေလို့သာ . . .။

(ဖော်ပြပါ ဆောင်းပါးသည်စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)