နယ်စပ်ဂိတ်မှ တရုတ်ခရီးသွားဝင်ရောက်မှု လက်ရှိအချိန်တွင် ခွင့်မပြုသင့်ဟုဆို

နယ်စပ်ဂိတ်မှ တရုတ်ခရီး သွား ဝင်ရောက်မှုကို လက်ရှိတွင် လုံးဝခွင့်မပြုသင့်ဘဲ လေကြောင်း ဖြင့် ဝင်ရာက်ခြင်းကိုသာ ခွင့်ပြု သင့်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် ဦးခင်ဇော်က ပြောသည်။


‘‘အများကြီးရောက်လာရင် လက်ခံနိုင်တဲ့ အတိုင်းအတာထက် လွန်သွားရင် မကောင်းဘူး။ ဝန် ဆောင်မှုပေးနိုင်ဖို့က အဆင်သင့် မဖြစ်သေးဘူး။ ဧည့်လမ်းညွှန် အပြည့်မရှိသေးဘူး။ ဟိုတယ်တွေ အဆင်သင့်မရှိဘူး။ သူတို့က မန္တ လေးမှာ 3 Star လောက်တည်း တယ်။ မလုံလောက်ဘူး’’ဟု ဦးခင် ဇော်က ပြောသည်။

ဒုတိယအဆင့်အနေဖြင့်သာ နယ်စပ်ဂိတ်မှ ဝင်ရောက်မှုကို ခွင့်ပြုသင့်ကြောင်း၊ လက်ရှိတွင် ခွင့်ပြုပါက မြန်မာနိုင်ငံအတွက် ဆိုးကျိုးများသာရရှိမည်ဖြစ်ကြောင်းပြောသည်။

ထို့အပြင် တရုတ်ခရီးသွား ဈေးကွက်အတွက် ဥပဒေ၊ နည်း ဥပဒေများ စနစ်တကျ ချမှတ် ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုသည်။

အမေရိကန်နှင့် ဥရောပခရီး သွားဝင်ရောက်မှုနှုန်း ကျဆင်းလာ ပြီး တရုတ်အပါအဝင် အာဆီယံ၊ ဂျပန်၊ ကိုရီးယား ခရီးသွားဈေးကွက်ကို မြန်မာနိုင်ငံ အနေဖြင့် ဦးတည် ဆောင်ရွက်သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက အကြံပြုခဲ့သည့်နောက်ပိုင်း ၎င်းကယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

တရုတ်ခရီးသွားများသည် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင် ငံအတွင်း လာရောက်လည်ပတ် ရန် ကြိုးစားနေကြောင်း၊ ခရီးသွား ဝင်ထွက်သွားလာခွင့်ကို မူဆယ် ဂိတ်တွင် ပိတ်ပင်ထား၍ လာ ရောက် လည်ပတ်လိုသူများ အခက်အခဲရှိကြောင်း မူဆယ်ခရီး သွားလုပ်ငန်းရှင်အသင်း အတွင်း ရေးမှူး ဦးမျိုးသန်းက ပြောသည်။

ခွင့်ပြုတာ၊ ခွင့်မပြုတာ အစိုး ရအပိုင်းပါ။ ခရီးသွားလုပ်ငန်းရှင် အနေနဲ့ကတော့ ခွင့်ပြုရင် အဆင် ပြေတာပေါ့။ ခွင့်ပြုလိုက်ရင် ကား သမားတွေ၊ ဟိုတယ်တွေ၊ ဧည့် လမ်းညွှန်တွေ၊ ထမင်းဆိုင်တွေ အားလုံး အဆင်ပြေလာမှာပဲ။ ဆိုးကျိုးအနေနဲ့ကတော့ ဘာမှမရှိ နိုင်ပါဘူး။ ခွင့်မပြုတာက လုံခြုံရေး အမြင်အရလို့ ထင်ပါ တယ်’’ဟု ၎င်းကပြောသည်။

လက်ရှိတွင် နေ့ချင်းပြန်ခရီး စဉ်အဖြစ် တရုတ်နိုင်ငံသားများ ကို မူဆယ်ဂိတ်မှ ဝင်ထွက်သွား လာခွင့်ပြုထား၍ တစ်ရက်လျှင် ၅၀၀ ခန့် လာရောက်လည်ပတ် နေကြောင်း ဦးမျိုးသန်းက ပြော သည်။ တစ်နှစ်လျှင် တရုတ်နိုင်ငံ သား သန်း ၁၂၀ ခန့် ကမ္ဘာလှည့် ခရီးသွားလာနေပြီး မြန်မာနိုင်ငံသို့ တစ်နှစ်လျှင် တရုတ်ခရီးသွား တစ်သန်းခန့် ဝင်ရောက်မည်ဆိုပါ က နိုင်ငံ၏ ခရီးသွားကဏ္ဍ ၁၀ ဆ ခန့် တိုးမြင့်လာမည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံသို့ တစ်နှစ်လျှင် တရုတ်ခရီးသွား နှစ်သိန်းခန့် ဝင် ရောက်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံ အနေဖြင့် တရုတ်ခရီးသွားများကို ပိုမိုဆွဲဆောင်ရန် တရုတ်-မြန်မာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးကော်မတီကို ယမန်နှစ်က ဖွဲ့ စည်းခဲ့သည်။

ပြည်ပခရီးသွား ဝင်ရောက် သည့်ရာသီကို အောက်တိုဘာမှ မတ်လအထိ သတ်မှတ်ထားပြီး ၂၀၁၈-၁၉ ခရီးသွားရာသီတွင် တရုတ်ခရီးသွား ဝင်ရောက်မှု ၁၂ ရာခိုင်နှုန်းအထိ တိုးတက်လာမည် ဟု ဦးခင်ဇော်က ခန့်မှန်းပြောကြား သည်။