အမေရိကန်စေတနာ့ဝန်ထမ်းများ တိုင်းနှင့် ပြည်နယ်သုံးခုရှိအခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာ သင်ကြားမှုစတင်

အမေရိကန်နိုင်ငံမှ စေတနာ့ဝန်ထမ်းအဖွဲ့ (Peace Corps) ၏ တတိယအသုတ်အဖွဲ့ဝင်များသည် ဇွန်လစကာတိုင်းဒေသကြီးနှင့် ပြည်နယ်သုံးခုရှိ အခြေခံပညာကျောင်းများတွင် အင်္ဂလိပ်စာသင်ကြားမည်ဟု အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

Peace Corps တတိယအ သုတ်တွင် စေတနာ့ဝန်ထမ်း  ၃၂ ဦး ပါဝင်ပြီး ရန်ကုန်တိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည် နယ်တို့ရှိ အခြေခံပညာအလယ် တန်းနှင့် အထက်တန်းကျောင်းများ တွင် အင်္ဂလိပ်ဘာသာစကား  ၂နှစ်ကြာသင်ကြားပေးမည်ဖြစ် သည်။

Peace Corps စေတနာ့ဝန် ထမ်းများသည် တာဝန်မထမ်း ဆောင်မီ သီတင်းပတ် ၁၀ပတ် ကြာကြိုတင်၍ မြန်မာဘာသာ စကား၊ မြန်မာ့ယဉ်ကျေးမှု၊ သင် ကြားရေးစွမ်းရည်၊ ကျန်းမာရေး နှင့်ဘေးကင်းလုံခြုံရေးဆိုင်ရာအ ကြိုသင်တန်းများ တက်ရောက်ပြီးနောက်  တာဝန်ထမ်းဆောင်မှု စတင်ခြင်း ကျမ်းသစ္စာကျိန်ဆို သည့် အခမ်းအနားကို ဧပြီ ၆ရက် က ရန်ကုန်မြို့တွင် ကျင်းပခဲ့ သည်။


‘‘အခုစေတနာ့ဝန်ထမ်းတွေ ဟာ မြန်မာဆရာ၊ ဆရာမတွေနဲ့ အတူ လက်တွဲအလုပ်လုပ်ကြမှာ ပါ။ အမေရိကန်အစိုးရဟာ မြန်မာ နိုင်ငံက ချမှတ်ထားတဲ့ ပညာရေး ပန်းတိုင်တွေ ၊ ဦးတည်ချက်တွေ ကို ကူညီထောက်ပံ့ပေးသွားမှာပါ’’ ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိ ကန်သံအမတ် စကော့မာစီရယ်က ပြောသည်။

Peace Corps အဖွဲ့ပထမ အသုတ် စေတနာ့ဝန်ထမ်းငါးဦး သည် ၂၀၁၆က ရန်ကုန်တိုင်းဒေ သကြီးရှိ အခြေခံပညာအလယ် တန်းကျောင်းများနှင့် အထက် တန်းကျောင်းများတွင် အင်္ဂလိပ် ဘာသာစကားသင်ကြားပေးပြီး ဒုတိယအသုတ် စေတနာ့ဝန်ထမ်း ၁၅ဦးသည် ပဲခူးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများတွင်တိုး ချဲ့သင်ကြားပေးခဲ့သည်။

၂၀၁၈-၁၉ ပညာ သင်နှစ်တွင် မွန်ပြည်နယ်ရှိအခြေ ခံပညာကျောင်းများ၌ပါ တိုးချဲ့ သင်ကြားမည်ဖြစ်ကြောင်းအမေရိကန်သံအမတ် မာစီရယ်ကPeace Corpsစေတနာ့ဝန်ထမ်းများ၏ ကျမ်းသစ္စာကျန်ဆိုပွဲတွင်  ပြောကြားသည်။

၂၀၁၄တွင် Peace Corps စေတနာ့ဝန်ထမ်းများ စေလွှတ် ခြင်းဆိုင်ရာ အမေရိကန်နှင့် မြန် မာ အစိုးရနှစ်ရပ်အကြား နှစ်နိုင်ငံ  သဘာတူစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့သည်။ အမေရိကန်သမ္မ တဟောင်းအိုဘားမား၏ ၂၀၁၄ မြန်မာနိုင်ငံခရီးစဉ်အတွင်း Peace Corps အစီအစဉ်ကို မြန်မာနိုင်ငံ  တွင်အကောင်အထည်ဖော်မည် ဖြစ်ကြောင်းကြေညာပြီး ၂၀၁၅ တွင် ပြင်ဆင်ခဲ့ကာ ၂၀၁၆ ၌ပင်စတင်ဆောင်ရွက်သည်။

Peace Corpsအဖွဲ့ကို အမေရိကန် သမ္မတဟောင်းဂျွန် အက်ဖ်ကနေဒီအမိန့်ဖြင့် ၁၉၆၁ မတ်လ၁ရက်၌ စတင်တည်ထောင် ခဲ့သည်။ မြန်မာနိုင်ငံသည် Peace Corps အစီအစဉ် အကောင်အ ထည်ဖော်သည့် ၁၄၁ နိုင်ငံမြောက် ဖြစ်သည်။