အသုံးများ၍ မှားတတ်သော သတ်ပုံများ

တစ်ရက်မှာ တပည့်မတစ် ယောက်က ကျွန်တော့်ထံ ဖုန်းဆက်၍ မေးသည်။

‘‘ဆရာ နေ့လယ်က ညသတ်နဲ့ လည်ရတာလား၊ ယပက်လက် သတ်နဲ့ လယ်ရတာလား’’

ကျွန်တော်က ‘‘နေ့လယ်ဆို တာ နေ့တစ်နေ့ရဲ့ အလယ်ကိုပြော တာလေ သမီးရဲ့။ ယပက်လက် သတ်နဲ့ လယ်မှ မှန်မှာပေါ့ သမီး ရဲ့’’ဟု ဖြေလိုက်သည်။ ထိုတပည့် မက ဆက်၍ ‘‘အလှူဖိတ်စာ၊ စာ ကြမ်းရေးနေတာ ဆရာကြီးရေ။ အဲဒါသမီးက ယပက်လက်သတ်ပါ ဆိုတာကို ဆရာမတွေက ညသတ် ဆိုပြီး ၀ိုင်းငြင်းနေကြလို့ ဆရာကြီး ကို ဖုန်းဆက်ပြီး လှမ်းမေးတာ။ ဟဲ-ဟဲ သမီးက ဆရာကြီးတပည့်ပါ’’ ဟု ဆိုကာ သူတို့သတ်ပုံငြင်းပွဲမှာ အနိုင်ရသွားသဖြင့် ကျွန်တော့်ကို ပုဏ္ဏားတိုင်ပြုကာ ကြွားလုံးထုတ် လိုက်သေးသည်။

ထိုတပည့်မကလည်း ဆရာမ ပဲ ဖြစ်သည်။ သူတို့ကျောင်းမှာ အလှူတစ်ခုလုပ်ပုံရသည်။ ဖိတ် စာအကြမ်းရေးရင်း ‘နေ့လယ်’ သတ်ပုံအငြင်းပွားရာက ကျွန် တော့်ဆီ ဖုန်းဆက်မေးခြင်း ဖြစ်၏။ထို ‘နေ့လယ်’စကားလုံးသည် အ သုံးများသလောက် အမှားလည်း များ၏။ လွန်ခဲ့သည့် သုံး၊ လေးနှစ် ပိုင်းကဆိုလျှင် မြန်မာ့ရုပ်မြင်သံ ကြားကအစ ‘နေ့လည်’ဟုပဲ ရေး သည်။ အခုတော့ MRTV က မမှားတော့ပေမယ့် DVB တို့၊ MRTV-4တို့က ယခုထိ ‘‘နေ့လည်’’တုန်းပဲရှိ သေး၏။

ကျွန်တော်မှတ်မိသေးသည်။ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ် ကျွန်တော်တို့ မြို့က ကျောင်းသားဟောင်း များ၏ (၁၂) ကြိမ်မြောက်အာစရိ ယပူဇော်ပွဲလုပ်တော့ ဗီနိုင်းကြော် ငြာစာသားကို ကျွန်တော်က ရေး ပေးရ၏။ ကွန်ပျူတာစာစီပြီးတော့ လည်း ကျွန်တော်ပဲ သေသေချာချာစစ်ပေးလိုက်သည်။ ထိုစဉ်က ဗီနိုင်းရိုက်သည့်စက် ကျွန်တော်တို့မြို့မှာ မရှိသေး၍ ရန်ကုန်သွားအပ်ရ သည်။ ကြော်ငြာဘုတ်တွေထောင် တော့ အလုပ်များနေ၍ ကျွန်တော် မရောက်ဖြစ်။ နောက်တစ်နေ့မှာ အာစရိယပူဇော်ပွဲကော်မတီအ တွင်းရေးမှူးအဖွဲ့မှာပါသည့် မူလ တန်းကျောင်းအုပ်တစ်ယောက်က ကျွန်တော့်ထံ ပျာပျာသလဲဖုန်း ဆက်သည်။ အာစရိယပူဇော်ပွဲ ကြော်ငြာဆိုင်းဘုတ်မှာ သတ်ပုံမှားနေသည့်အကြောင်း၊ တကယ့်မြို့ လယ်ကောင်လူမြင်ကွင်းကြီးမို့ အရုပ်ဆိုးလှကြောင်းစသဖြင့် အပြစ်တင်သည့် လေသံလေးပင် ပါသည်။ ကျွန်တော်လည်း သေ သေချာချာစစ်ပေးလိုက်ပါလျက် ဘယ်လိုဖြစ်ပါလိမ့်ဟူသော အ တွေးဖြင့် စိတ်ရှုပ်သွားသည်။ သို့ နှင့် ‘‘ကျွန်တော်သေသေချာချာစစ် ပေးလိုက်ပါတယ်ဗျာ။ ဘယ်နေရာ မှားသွားတာလဲ’’ဟု ပြန်မေးတော့ ‘‘ကျင်းပမည့်အချိန်မှာ နေ့လယ် (၁၂) နာရီကို ယပက်လက်သတ် ကြီးနဲ့ လယ်ထားတယ်။ ညသတ်နဲ့ လည်ရမှာလေ’’ဟု ထိုဆရာက ဆို ပါသည်။ သည်တော့မှ ကျွန်တော်လည်း သက်ပြင်းချနိုင်ပြီး ‘‘ဆရာ့ ကျောင်းမှာ စာလုံးပေါင်းသတ်ပုံ  ကျမ်းရှိတယ်မို့လား။ ပြန်ကြည့်ပါ ဆရာရယ်။ နေ့လယ်ကို ယပက် လက်သတ်နဲ့ပဲ ရေးပါတယ်’’ဟု ပြောရသည်။ ဒါတောင် ထိုဆရာ က ‘‘ဘယ်တုန်းက ပြောင်းသွားတာ လဲ’’လုပ်နေသေး၏။

ထိုနေ့လယ်ပြဿနာက ထိုမျှနှင့်မပြီး။ ဆရာကန်တော့ပွဲနေ့မှာ ရပ်ဝေးမှ ရောက်လာသည့် ဆရာမ ဟောင်းကြီးတစ်ဦးက အခမ်းအ နားတွင် ကျေးဇူးတင်စကားပြော ရာ၌ အခမ်းအနားတစ်ခုလုံးဘာမျှ အပြစ်ပြောစရာမလိုအောင် ကောင်းမွန်ကြောင်း၊ သို့သော် လက်ကမ်း ကြော်ငြာမှာ ကျင်းပမည့်အချိန်- နေ့လယ် (၁၂) နာရီဟု ယပက် လက်သတ်ကြီးနှင့် မှားရိုက်ထား သည်ကတော့ အရုပ်ဆိုးကြောင်း ထည့်ပြောသွားသည်။ ဤမျှဆို လျှင် ‘နေ့လယ်’ဟူသော စကား လုံးကို ယခုမှ မှားသုံးသည်မဟုတ်။ ဟိုးယခင်ကတည်းက မှားသုံးလာ ခဲ့ကြကြောင်း သိသာသည်။ အမှား ကြာ၍ အမှန်ထင်နေကြခြင်း ဖြစ် ၏။ နေ့လည်ဟု ဆိုလျှင် နေ့တစ် ပတ်လည်သွားခြင်းဖြစ်ပြီး နေ့ လယ်ဟုဆိုမှသာ နေ့တစ်နေ့၏ အလယ်ကောင်ကို ပြောခြင်းဖြစ် ပေလိမ့်မည်။ ဤစကားလုံးသည် အသုံးများသလောက် ယခုတိုင် အသုံးမှားနေကြဆဲ ဖြစ်သည်။

ကလေးတွေကို ကိုယ်တိုင် ကိုယ်ကျသင်ပေးနေရသည့် ဆရာ၊ ဆရာမများတောင် အမှုမဲ့၊ အမှတ် မဲ့မှားသုံးနေကြသည်ဆိုလျှင် တခြားဌာနဆိုင်ရာများနှင့် အပြင်လူ တွေဆိုလျှင် ဆိုဖွယ်ရာမရှိတော့ ပေ။ နေ့လယ်ကဲ့သို့ပင် အသုံးများ သလောက် အသုံးမှားနေသော စကားလုံးတစ်လုံးရှိသေး၏။ ‘ရန် ပုံငွေ’ဟူသော စကားလုံးဖြစ် သည်။ ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့များ၊ ပါတီအဖွဲ့အစည်းများ ၏ ရန်ပုံငွေအဖြစ် ရောင်းချသော ဈေးရောင်းပွဲများ၌ တော်တော်များများက ‘ရံပုံငွေ’ဟု မှားသုံးနေကြ သည်။ တစ်ခါတစ်ရံ ထိုရန်ပုံငွေ ဈေးရောင်းပွဲဆိုင်းဘုတ်များက သတင်းဓာတ်ပုံအဖြစ် သတင်းစာ တွေ၊ ဂျာနယ်တွေထဲပါလာတတ် သေးသည်။ အမှန်မှာ ‘ရန်’နှင့် ‘ရံ’၏ အဓိပ္ပာယ်ကို မကွဲပြားခြင်း ဖြစ် သည်။ ‘ရန်’ဟူသည် အစားထိုး ရန်၊ လဲလှယ်ရန် ကြိုတင်လျာထား သည့်သဘော၊ အပိုဆောင်ထား သည့် သဘောဖြစ်သည်။ ‘ရံ’ဟူ သည်က ၀န်းရံသည့်သဘောဖြစ် သည်။ ရန်ပုံငွေဟူသည်အကြောင်းကိစ္စတစ်ခုအတွက် လိုအပ်လျှင် သုံးစွဲရန် ကြိုတင်စုဆောင်းထား သည့် ငွေဖြစ်သဖြင့် ‘ရန်ပုံငွေ’ ဟု သုံးမှသာ အဓိပ္ပာယ်ရှိပါသည်။

ပြောရင်းနှင့် တစ်ခုသတိရ သွားသည်။ မြို့နယ်တစ်ခုက ထုတ်ဝေသော ဘာသာရေးမဂ္ဂဇင်းတစ် ခုက ကျွန်တော့်အား စေတီပုထိုး များနှင့် ပတ်သက်သော ဆောင်း ပါးတစ်ပုဒ်ရေးပေးရန် တောင်း သည်။ ကျွန်တော်က စေတီပုထိုး များရှိ အရံစေတီများအကြောင်း ဆောင်းပါးရေးပေးလိုက်သည်။ သူတို့မဂ္ဂဇင်းကို တာဝန်ယူရိုက်နှိပ် ပေးသော စာပေတိုက်မှ စာပြင် ဆရာက ကျွန်တော့်ဆောင်းပါးမှ ‘အရံစေတီ’ဟူသော စကားလုံး အားလုံးကို ‘အရန်စေတီ’ဟု ပြင် ရိုက်ပေးလိုက်သည်။ ကျွန်တော်က ‘‘အရံစေတီ’’ဟု သုံးမှမှန်ကြောင်း၊ ၀န်းရံထားသည့် အဓိပ္ပာယ်ကို ဆို လိုတာဖြစ်ကြောင်း ပြောတော့ ထို စာပြင်ဆရာက မြန်မာစာလုံး ပေါင်းသတ်ပုံကျမ်းတွင် ‘အရန်’ ဟုသာပါကြောင်း၊ ‘အရံ’ဟု မတွေ့ကြောင်း ပြောပါသည်။ ကျွန်တော်က သတ်ပုံကျမ်းမှာမပါတိုင်းအမှားဟုယူဆ၍ မရကြောင်း၊ စေတီတော်ကြီးကို ၀န်းရံထား သည့် အဓိပ္ပာယ်ရသည့်အတွက် ‘အရံစေတီ’ဟု ရေးမှ အဓိပ္ပာယ်ရှိ ကြောင်း တော်တော်ရှင်းပြလိုက် ရသည်။

ထို ‘ရန်’ နှင့် ‘ရံ’ကဲ့သို့ပင် အသံတူ၊ အဓိပ္ပာယ်ကွဲအသုံးတွေ မြန်မာစကားတွင် အများကြီးရှိ၏။ ဥပမာ- စိမ့်နှင့် ဆိမ့်၊ ကပ်နှင့် ကတ်၊ ဖက်နှင့် ဘက်စသဖြင့် ဖြစ် သည်။ စိမ့်ဟူသည် နည်းနည်းချင်း ယိုစီးနေသည့်သဘောဖြစ်သည်။ ဆိမ့်ဟူသည် အရသာ၏ သဘော ဖြစ်သည်။ လက်ဖက်ရည်ချိုဆိမ့် ဟု သုံးလေ့ရှိ၏။ တီဗီတွင်လာ သော ကြော်ငြာတစ်ခု၌ ‘ရင်တုန် ကင်းဝေး၊ စိမ့်သက်လေးမို့’ဟု တွေ့လိုက်တော့ ကျွန်တော်အ တော်လန့်သွားသည်။ ကျွန်တော့် အိမ်သူကို ပြောရသည်။ ‘‘ခရီးသွား ရင်း သောက်လို့မဖြစ်ဘူးဟ။ တော်ကြာ တို့ပုဆိုးတွေ၊ ထဘီတွေစိုနေ မှဖြင့် လူကြားထဲရှက်စရာကြီး’’ဟု။ထိုနည်းတူ ‘ကပ်နှင့် ကတ်’ သည်လည်း နှစ်မျိုးစလုံးအသုံးရှိ သည်။ သာဓကအားဖြင့် မောင် ထွန်းအေးသည် မိဘမရှိ၍ ငယ်စဉ်ကတည်းက ရွာဦးဘုန်းကြီးကျောင်းမှာ ခိုကပ်နေရသည့်ဆိုလျှင် ပ သတ်ဖြင့် ‘ကပ်’ဟု ရေးရသည်။ သို့သော် မောင်ထွန်းအေးသည် ရွာလမ်းဖို့ လုပ်အားပေးရာတွင် ခို ကတ်နေသည်ဆိုလျှင်တော့ တသတ်နှင့် ‘ကတ်’မှ မှန်ပါသည်။ သူ တစ်ပါးထံမှာ၊ သူတစ်ပါးရပ်ရွာမှာမှီခိုနေထိုင်တာကို ‘ကပ်’ဟု သုံး သော်လည်း အလုပ်ထဲမှာ ရေသာ ခိုနေတာ၊ သူများနှင့် ညှိပြီးတွက် ကတ်နေတာ၊ ဆန့်ကျင်ဘက်ပြော ပြီး ဘေးတိုက်လိုက်နေတာကို ‘ကတ်’ဟု သုံးပါသည်။ သို့သော် တော်တော်များများကတော့ ‘ခို’ နှင့် တွဲလာလျှင် အဓိပ္ပာယ်ကြည့် မနေဘဲ ‘ခိုကပ်’ဟုသာ သုံးနေကြ လေသည်။

‘ဘက်နှင့် ဖက်’တွင်မူ ပစ္စည်းအဖြစ် သုံးသည့်အခါ အမှားများ ကြသည်။ ဥပမာ- ‘ဘက်နှစ်ဖက်’ဟု ရေးရမည့်အစား ‘ဘက်နှစ် ဘက်’ဟု ရေးနေကြသည်။ သတိ ပြုသင့်သည်မှာ ‘ဖက်’ကို ပစ္စည်း အဖြစ်သုံးသည့်အခါ သင်္ချာကိန်း ဂဏန်းတစ်ခုခုနှင့် တွဲသုံးလေ့ရှိ ခြင်းပင် ဖြစ်သည်။ ‘‘တစ်ဖက်နှင့် တစ်ဖက်ပြေပြေလည်လည်ပြော ကြပါ’’၊ ‘‘နှစ်ဖက်မိဘများအမှူး ထား၍’’၊ ‘‘ဒီရုပ်ရှင်ကသုံး ဖက်မြင် လေ’’၊ ‘‘လေးဖက်နာရောဂါက တော်ရုံဆေးနဲ့ မပျောက်ဘူး’’၊ ‘‘၀ လာလိုက်တာ၊ လေးလုံးခြောက် ဖက်ကြီး’’စသဖြင့် သုံးလေ့ရှိကြပါ သည်။ ‘ဘက်’ကိုမူ သူ့ဘက်ကိုယ့်ဘက်၊ တောင်ဘက်မြောက်ဘက်၊ အဘက်ဘက်စသည့်နေရာများ တွင် သုံးကြပါသည်။

ယခုကျွန်တော်ရေးပြခဲ့သည် မှာ အသုံးများသလောက် အသုံး မှားနေကြသော စကားလုံးများထဲ မှ အနည်းငယ်မျှသာရှိပါသေး သည်။ အသုံးမများသော်လည်း အသုံးမှားနေကြဆဲ စကားလုံးတွေ လည်း အများကြီးရှိပါသေးသည်။ အထူးသဖြင့် ယနေ့ခေတ်ကဲ့သို့ ဆိုရှယ်မီဒီယာထွန်းကားကျယ်ပြန့် လာသော ခေတ်တွင် စကားလုံး တွေကို အသံထွက်လို့ရလျှင် ပြီး ရော ရေးလာကြသည်ကို တွေ့လာ ရသည်။ ဖေ့စ်ဘွတ်ခ်တွင် ထွင်ရေး သော စကားလုံးများကို ဆိုလိုခြင်း မဟုတ်ဘဲ အတည်အခံ့ရေး ရ မည့်နေရာများတွင်ပါ ရေးချင်သ လိုရေးနေကြသည်ကို စိတ်မ ကောင်းစွာတွေ့နေရပါသည်။ အမှားကြာလျှင် အမှန်ထင်သွား တတ်ကြသည့် သဘာဝအတိုင်း ကြာလျှင် အသုံးမှားများက အများသုံးဖြစ်သွားတတ်ပါသည်။

ဆရာ၊ ဆရာမများမှစ၍ မြန် မာစာနှင့် မကင်းနိုင်ကြသူတိုင်း အသုံးများ၍ မှားတတ်သော စကားလုံးများကို ဂရုပြုသင့်ပါကြောင်း စေတနာခေါင်းလောင်းထိုးလိုက် ရပါသည်။        ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)