ထားဝယ်မြို့နေ ပထမတန်းကျောင်းသူကို အဓမ္မပြုကျင့်သူ စစ်ဆေးဖော်ထုတ်နိုင်ဟုဆို

ထားဝယ်မြို့နယ် ထိန် သစ်ရပ်ကွက်နေ ပထမတန်း ကျောင်းသူ အဓမ္မပြုကျင့်ခံရမှု တွင် ကျူးလွန်သူကို တစ်လကျော် အကြာ၌ စစ်ဆေးဖော်ထုတ်နိုင် ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုး က ပြောသည်။

ကျူးလွန်သူသည် အသက် (၁၉) နှစ်အရွယ် အိမ်နီးချင်းအ မျိုးသားဖြစ်ကြောင်း၊ လက်ရှိတွင် ၎င်းကို ထားဝယ်မြို့နယ်တရားရုံး သို့ တရားစွဲဆိုတင်ထားကြောင်း ၎င်းက ပြောသည်။

‘‘ကလေးကို ဆေးရုံတင် ထားတော့၊ သက်သာအောင် စောင့်နေရတော့ တစ်လနီးပါး ကြာသွားတယ်။ ကောင်မလေးကို ပြခိုင်းတော့ သူပဲလို့ပြောတယ်။ ပတ်ဝန်းကျင်ကလည်း အဲဒီလူ ခိုးဝင်လှုပ်ရှားနေတဲ့ အချိန်မှာ မြင်တဲ့သူ တွေကလည်း သူပဲလို့ ပြောတယ်’’ ဟု ရဲမှူးကြီးနေမျိုး က ပြောသည်။

(၈) နှစ်အရွယ် အဆိုပါ ကျောင်းသူသည် ဖေဖော်ဝါရီ ၂၁ ရက် ညက အိမ်အောက်ထပ် ရှိ ကွပ်ပျစ်ပေါ်၌ ဖခင်၊ ဦးလေး တို့နှင့် အတူ အိပ်နေစဉ် ပွေ့ချီခေါ် ဆောင်၍ တစ်အိမ်ကျော်ရှိ ငှက် ပျောတောအတွင်း အဓမ္မပြုကျင့် ခံရခြင်းဖြစ်သည်။