နိုင်ငံကူးလက်မှတ်တွင် အမည်ပြောင်းလိမ်လည်၍ မလေးရှားသို့ သွားမည့်သူတစ်ဦးကို အရေးယူ

နိုင်ငံကူးလက်မှတ်တွင် နာမည်ပြောင်း လိမ်လည်၍ မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူတစ်ဦးကို မတ်လ ၁၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်၌ သတင်းရဲတပ်ဖွဲ့က ဖမ်း ဆီးအရေးယူခဲ့ကြောင်း မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြော သည်။

ရန်ကုန်မြို့ ပုဇွန်တောင်မြို့ နယ် ရေကျော်လမ်းနေ ဦးသန်းနိုင် (ဘ) ဦးမြတ်နိုင်သည် မလေးရှား နိုင်ငံသို့သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရောက်ရှိချိန်တွင် သတင်းရဲတပ် ဖွဲ့က စစ်ဆေးရာ နိုင်ငံကူးလက် မှတ် အထောက်အထား ပြည့်စုံ စွာ မပြနိုင်ကြောင်း အဆိုပါအရာ ရှိက ပြောသည်။

ယင်းကဲ့သို့ အထောက်အ ထားမပြနိုင်သဖြင့် ဆက်လက်စစ် ဆေးရာတွင် ဦးသန်းနိုင်အမည် မှန်ကို ဦးသိန်းနိုင်ဟု လိမ်လည် လျှောက်ထားခြင်း  တွေ့ရသဖြင့် ရာဇသတ်ကြီးပုဒ်မ ၄၂၀ /၄၆၈ လိမ်လည်မှု၊ အတုပြုလုပ်မှုဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီက အိမ် ထောင်စု စာရင်းလိမ်လည်ပြုလုပ်ထားသည့် နိုင်ငံကူးလက်မှတ်ဖြင့် ပြည်ပခရီးသွားမည့်သူတစ်ဦးကိုဖမ်းဆီးအရေးယူခဲ့ကြောင်း  အဆိုပါအရာရှိက ပြောသည်။

လက်ရှိတွင် နိုင်ငံကူး လက် မှတ်၌ အမည်ပြောင်းလဲ လိမ် လည်ခြင်း၊ မှတ်ပုံတင်နံပါတ်အ တု ပြုလုပ်ခြင်း ကျူးလွန်သူများကို Black List စာရင်းပြုလုပ်ထားပြီး စောင့်ကြည့်အရေးယူမှု ဆောင်ရွက်နေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရဲအရာရှိတစ်ဦးက ပြောသည်။

နိုင်ငံကူးလက်မှတ်လျှောက် ထားခြင်းနှင့် သက်တမ်းတိုးခြင်း တွင် မှတ်ပုံတင်နံပါတ် တူသည့် ဖြစ်စဉ်များ နေ့စဉ်ဖြေရှင်းနေရပြီး မှတ်ပုံတင်နံပါတ်အတု  ကိုင်ဆောင်ထားကြောင်း ထင်ရှားသူကို နယ်စပ်နှင့် အဓိကလေဆိပ်မှ တာဝန်ရှိသူများထံ  အကြောင်း ကြားပြီး အရေးယူရန် ဆောင်ရွက် ထားကြောင်း မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံး မှ အရာရှိတစ်ဦးက ဆိုသည်။

More in News Section