မတ္တရာမြို့နယ်နေ အသက်(၂)နှစ်ကျော်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်သူအား သေဒဏ်ချနိုင်သည့်ပုဒ်မဖြင့် စွဲချက်တင်

မတ်လ ၂၃ ရက်တွင် အပြီးသတ်အမိန့်ချမည်

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ၀န်းစုကျေးရွာ နေ(၂)နှစ်ကျော်အရွယ် မိန်းက လေးငယ်အား အဓမ္မပြုကျင့်သတ် ဖြတ်သည့်အမျိုးသားကို သေ ဒဏ်ချမှတ်နိုင်သည့် ပုဒ်မ ၃၀၂ (၁)(ဂ)ဖြင့် စွဲချက်တင်ခဲ့သည်။

အဓမ္မပြုကျင့် လူသတ်မှု ကျူးလွန်သူ (၂၅)နှစ်အရွယ် ဖြိုး ထက်အောင်ကို အဓမ္မပြုကျင့်မှု ပုဒ်မ ၃၇၆ နှင့် လူသတ်မှုပုဒ်မ ၃၀၂ တို့ဖြင့် ရဲစခန်းတွင် အမှုဖွင့် ပြီး ပြင်ဦးလွင်ခရိုင်တရားရုံး၌ တရားစွဲဆိုစစ်ဆေးကာ  မတ်လ ၂၂ ရက်တွင် တရားရုံးက ရာဇ သတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)ဖြင့် စွဲချက်တင်ခဲ့သည်။

အဆိုပါအမျိုးသားသည် အဓမ္မမှုကျူးလွန်နေစဉ် လူသတ် မှုထပ်မံကျူးလွန်သဖြင့် ရာဇ သတ်ကြီးပုဒ်မ ၃၀၂(၁)(ဂ)ဖြင့် စွဲချက်တင်ပြီး ယင်းပုဒ်မအရမဖြစ် မနေ သေဒဏ်ပေးရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

အဆိုပါအမှုအတွက် တရား လိုပြသက်သေ ၂၄ ဦးတင်သွင်း ခဲ့ပြီး ၂၃ဦးကို စစ်ဆေးကာ တစ်ဦးကို ပယ်ခဲ့သည်။ အဓမ္မပြု ကျင့်လူသတ်မှုကျူးလွန်သူအမျိုး သားက ကျူးလွန်ခဲ့ကြောင်းဝန်ခံ သည်ဟု တရားလို၏အကျိုး ဆောင်ရှေ့နေ ဦးဝေဖြိုးမောင် မောင်က ပြောသည်။

‘‘ဒီနေ့ပဲ စွဲချက်တင်လိုက် တယ်။ တရားခံကလည်း ကျူး လွန်ပါတယ်လို့ ၀န်ခံတယ်။ သက် သေတွေ အကုန်စစ်ပါတယ်။ တစ်ဦးကိုပဲ ပယ်လိုက်ပါတယ်’’ ဟု ၎င်းကပြောသည်။

အဆိုပါအမှုနှင့်ပတ်သက် ၍ မတ်လ ၂၃ ရက်တွင် အပြီး သတ်အမိန့်ချမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အဓမ္မပြုကျင့်လူသတ်မှု ကျူးလွန်သူကို မတ်လ ၁၂ ရက် ကစတင်ကာ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်စစ်ဆေး၍ စတင်တရားစွဲဆိုပြီး ၁၀ ရက် အတွင်း  အပြီးသတ်အမိန့်ချမည် ဖြစ်သည်။ ယင်းအမှုအတွက် တရားရုံးချိန်းငါးကြိမ် ချိန်းဆိုစစ် ဆေးခဲ့သည်။

အမှုကို မြန်မြန်ဆန်ဆန် စစ်ဆေးမှုနှင့်ပတ်သက်၍ ပြင်ဦး လွင်ခရိုင်တရားသူကြီး ဒေါ်သဇင် ရွှေက ‘‘ဒီအမှုကလည်း အများ ပြည်သူစိတ်ဝင်စားတဲ့အမှုလည်း ဖြစ်နေတယ်’’ ဟု ဖြေကြားထား သည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၃ ရက်က မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ၀န်းစုကျေးရွာနေ (၂)နှစ်ကျော်အရွယ်မိန်းကလေး ငယ်တစ်ဦး(၂၅)နှစ်အရွယ်အမျိုး သားတစ်ဦး၏ အဓမ္မပြုကျင့်ခံရ ပြီး သေဆုံးခဲ့သည်။

အဆိုပါမိန်းကလေးငယ် အဓမ္မပြုကျင့်အသတ်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို  သေ ဒဏ်ပေးရန် သေဆုံးသူကလေး ငယ်၏မိဘများအပါအ၀င် ဒေသ ခံ ၁,၅၀၀ ခန့်က ဖေဖော်ဝါရီ ၁၈ ရက်တွင် ဆန္ဒထုတ်ဖော်တောင်း ဆိုခဲ့သည်။