တစ်သက်တာရုပ်ရှင်ထူးချွန်ဆု ဗိုလ်ကလေးတင့်အောင် ရရှိနိုင်ကြောင်း ခန့်မှန်း

ဓာတ်ပုံ−ဇွဲဉာဏ်

 မြန်မာ့ရုပ်ရှင်ထူးချွန်ဆု သမိုင်းတွင် ပထမဆုံးအကြိမ် ချီး မြှင့်မည့် တစ်သက်တာရုပ်ရှင် ထူးချွန်ဆုကို ဗိုလ်ကလေးတင့် အောင် ရရှိနိုင်ကြောင်း ဝါရင့်အနုပညာရှင်များက ခန့်မှန်း သည်။

မတ်လ ၂၃ ရက်တွင် ပြု လုပ်မည့် ၂၀၁၇ အတွက် ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားတွင် အသက် (၈၀) ကျော် ရုပ်ရှင် အနုပညာရှင်များအနက် တစ်ဦး ကို တစ်သက်တာ ရုပ်ရှင်ထူးချွန် ဆု ပေးအပ်ရန် စီစဉ်နေသည်။

ထို့အပြင် အဆိုပါပုဂ္ဂိုလ် သည် လက်ရှိအချိန်အထိ အနု ပညာအလုပ်များ လုပ်ကိုင်နေရ မည်ဖြစ်သောကြောင့် ယင်း စည်းကမ်းချက်များနှင့် ကိုက်ညီ သည့် ဗိုလ်ကလေးတင့်အောင် သာ ဖြစ်နိုင်သည်ဟု ခန့်မှန်းကြ သည်။

‘‘သူ (ဗိုလ်ကလေးတင့် အောင်) ပဲ ရလိမ့်မယ်ထင်ပါ တယ်။ သူ့ထက်ဝါရင့်တဲ့လူ၊ ပညာရင့်တဲ့လူမှ မရှိတာ’’ဟု ဒါ ရိုက်တာဇော်မြင့်ဦးက ပြော သည်။

ထို့အပြင် လူမှုကွန်ရက် စာ မျက်နှာတွင်လည်း တစ်သက်တာ ရုပ်ရှင်ထူးချွန်ဆု ဗိုလ်ကလေးတင့် အောင် ရရှိမည်ဟု ပျံ့နှံ့နေသည်။

‘‘ဘဘက စာပေရော၊ ပြ ဇာတ်ရော၊ ရုပ်ရှင်ရော၊ ဂီတရော စံပြဖြစ်တယ်။ ဥပဒေစည်းကမ်း တွေရှိတော့ ညီညွတ်တဲ့လူရမှာ ပါ။ ဖေ့စ်ဘွတ်ခ်မှာလည်း အကုန် လုံးသိနေပြီပဲ’’ဟု ဒါရိုက်တာ ညီညီထွန်းလွင်က ပြောသည်။

ဆုရရှိသူသည် ထူးချွန်ဆုနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများသာမက ၎င်း၏ သက်တမ်းတစ်လျှောက် လစဉ် ထောက်ပံ့ကြေးရရှိမည် ဖြစ်သည်။

‘‘ဘဘ ဗိုလ်ကလေးတင့် အောင်ကတော့ နံပါတ် (၁) ပေါ့။ သူက ငယ်ကျွမ်းဆွေနဲ့ တို့ငယ် ငယ်တုန်းကဆိုရင် တိုးကြိတ်ပြီး ကြည့်ရတာ’’ဟု ဒါရိုက်တာ စင်ရော်မောင်မောင်က တစ်သက် တာ ရုပ်ရှင်ထူးချွန်ဆုနှင့် ပတ် သက်၍ ၎င်း၏အမြင်ကို ပြော သည်။ ဗိုလ်ကလေးတင့်အောင် သည် အသက် (၉၆)နှစ်ရှိပြီဖြစ်ပြီး နိုင်ငံတော်က ချီးမြှင့်သည့် စည် သူဘွဲ့အပါအဝင် လူမှုထူးချွန် (ပထမအဆင့်)၊ အမျိုးသား စာပေဆု၊ အမျိုးသားယဉ်ကျေး မှုနှင့် အနုပညာတက္ကသိုလ်က ပေးအပ်ထားသည့် ဂုဏ်ထူး ဆောင် ဒေါက်တာဘွဲ့များ ရရှိ ထားကြောင်း  ၎င်း၏သမီးကပြော သည်။ဗိုလ်ကလေးတင့်အောင် သည် လက်ရှိအချိန်အထိ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယ က တစ်ဦးဖြစ်သည်။