အကယ်ဒမီပြေးလမ်းပေါ်က ဇာတ်ကားတချို့ရဲ့ နောက်ကွယ်ဖန်တီးမှုများ

၂၀၁၇ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကို လာမည့်မတ်လ ၂၃ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယခုနှစ်အတွက် ဆန်ခါတင်စာရင်း၌ပါဝင်လာသော  ရုပ်ရှင်ဇာတ်ကားအချို့၏ ပိတ်ကားနောက်ကွယ်က ထူးခြားသော ဖန်တီးမှုများကို စုစည်းတင် ဆက်လိုက်ပါသည်။ 


ကွန်ဒိုတိုက်ခန်းကို တစ်လလုံး ငှားရမ်းပြင်ဆင်ရိုက်ကူးခဲ့တဲ့ ‘ရင်ဘက်ထဲကဓား’

၂၀၁၇ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ရင်ဘတ်ထဲ ကဓား ဇာတ်ကားသည် ပရိသတ် အခိုင်အမာ အားပေးနှစ်ခြိုက်သ ဘောကျသည့် ဇာတ်ကားဖြစ် သလို သရုပ်ဆောင်အင်အားအ များအပြားသုံး၍ ဟာသဇာတ် လမ်းများ ဦးစားပေးရိုက်ကူးကာ ရုံတင်ပြသနေချိန်တွင် အိမ် ထောင်ရေးဇာတ်ကြောင်းကို အဓိ ကထားပြီး သရုပ်ဆောင်အနည်း ငယ်နှင့် ကျစ်ကျစ်လျစ်လျစ်ပုံ ဖော်ရိုက်ကူးပြီး ၂၀၁၇ တွင် ရုံတင်ပြသသော ဇာတ်ကားများ ထဲ၌ ၀င်ငွေစံချိန် မြင့်တက်ခဲ့သည့် ဇာတ်ကားတစ်ကားဖြစ်သည်။ 

အဆိုပါ ဇာတ်ကားရိုက်ကူး ရေးတွင် အသုံးပြုခဲ့သော သရုပ် ဆောင်ပြေတီဦးနှင့် အိန္ဒြာကျော် ဇင်တို့နှစ်ဦးနေထိုင်သည့် ကွန်ဒို တိုက်ခန်းကို တစ်လတိတိငှားရမ်း ကာ အခန်းတွင်းအပြင်အဆင်ကို ၎င်းလိုချင်သောရိုက်ကွင်းပုံစံအတိုင်းဆက်တင်ပြုလုပ်၍ ရိုက်ကူး ခဲ့သောဇာတ်ကားဖြစ်ကြောင်း ပုံ ဖော်ရိုက်ကူးသူ ဒါရိုက်တာဝိုင်းက ပြောသည်။ 

‘‘တစ်ခန်းလုံးက အဖြူပဲဖြစ် မနေအောင် အဲဒီကတစ်ခန်းလုံးက ရှိသမျှပစ္စည်းတွေက အစ်ကိုတို့ ထည့်ထားတာပါ။ အဲဒီလိုလုပ်ပေး တဲ့ခရေဖြူထုတ်လုပ်ရေးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီဇာတ်က လူနေတဲ့တိုက်ခန်းမှာရိုက်လို့ အ ဆင်မပြေပါဘူး။ ဒီလောက်ညစ် ပတ်နေအောင်ရိုက်ရတာဆိုတော့ ရိုက်ပြီးရင်လည်းအိမ်ရှင်နဲ့စကား များမှာဖြစ်တဲ့အတွက်ကြောင့် အ လင်း၊အမှောင်ရိုက်ချက်တွေကအ စ စတူဒီယိုထဲမှာရိုက်ထားတာကို တွေ့ရသလို သေသပ်နေတာကို တွေ့ရမှာပါ’’ ဟု ၎င်းကပြော သည်။ 

ရင်ဘတ်ထဲကဓား ဇာတ် ကားသည် စာရေးဆရာမ လမင်း မိုမို၏အုပ်၆၀မြောက် အထူးထုတ် ဖြစ်သောအမှောင်ထဲမှာ ၀တ္ထုကို ရုပ်ရှင်ဇာတ်ကားအဖြစ် ပုံဖော် ရိုက်ကူးခြင်းဖြစ်သည်။ 

အမှောင်ထဲမှာ ၀တ္ထုသည် ၁၉၉၆ က ထွက်ရှိခဲ့ပြီး နှစ် ၂၀ခန့် ကြာမြင့်မှ ရုပ်ရှင်အဖြစ်ပုံဖော် ရိုက်ကူးခွင့်ရခြင်းဖြစ်ကာ  မင်းသား အချို့က လက်ခံရိုက်ကူးရန် ငြင်းပယ်ခဲ့သော   ဇာတ်လည်းဖြစ် သည်။ 

ရင်ဘတ်ထဲကဓား ဇာတ် ကားသည်မိဘ အိမ်ထောင်ရေး ဆိုးဆိုးရွားရွား ပြိုပျက်ခဲ့ရသော ကြောင့် အခြားမိန်းမ များထက်ပို၍ မိမိအိမ်ထောင်ရေးကို အောင်မြင် သာယာစေလိုသော ဆန္ဒဇောပြင်း ထန်ခဲ့သလို အောင်မြင်မည်ဟု ယုံကြည်ပြီး ကြိုးစား ခဲ့သော်လည်း နောက်ဆုံးတွင် ၎င်းမျှော်လင့် သလို  မအောင်မြင်ခဲ့သောကြောင့် မည်သို့ရှေ့ဆက်ရမည် မသိတော့ အောင် ထွက်ပေါက်ကင်းမဲ့သည့် မိန်းမတစ်ယောက်၏ ဘ၀ကို ရိုက်ကူးထားခြင်းဖြစ်သည်။ 

‘‘စာအုပ်ထွက်တဲ့ အချိန်က တည်းက ဒါရိုက်တာပေါင်းစုံ ရိုက် ချင်ကြတယ်။ ဒါရိုက်တာ တော် တော်များများလာပြောတယ်။ မင်း သမီးဇာတ်ဖြစ်တဲ့အတွက် မင်း သမီးတော်တော်များများလည်း ရိုက်ချင်ကြတယ်။ ဒါပေမဲ့ရိုက် တော့မယ်ဆိုပြီး ဒါရိုက်တာက မင်းသားကို ဇာတ်ညွှန်ပေးလိုက်တာနဲ့ မင်းသားတွေက ငြင်းလိုက်တဲ့ ကား၊အနည်းဆုံးမင်းသားလေးဦး လောက်ငြင်းတဲ့ကား၊ နှစ်ပေါင်း များစွာ အကြိမ်ကြိမ်အငြင်းခံခဲ့ရ တဲ့ကားပေါ့’’ ဟု စာရေးဆရာမ လမင်းမိုမိုက ပြောသည်။ 

ယခုဇာတ်ကားဖြင့် အကယ် ဒမီ အိန္ဒြာကျော်ဇင်ကအကောင်း ဆုံး၊ အမျိုးသမီးဇာတ်ဆောင်ဆူ၊ ထွန်းအိန္ဒြာဗိုနှင့် မြတ်ကေသီ အောင်တို့က အကောင်းဆုံး အမျိုး သမီးဇာတ်ပို့ဆုရရန် ရေပန်းစား နေသည်။ 

ကျပ်သိန်းသုံးထောင်အကုန်ခံ ရိုက်ကူးခဲ့တဲ့ ‘ထာဝရအမေ’

ပြင်ပမှ အသည်းအထူးကု ဆရာဝန်ကြီးတစ်ဦး၏ ဘ၀ဖြစ်စဉ် ကို ပြန်လည် ရိုက်ကူးထားသော ‘ထာဝရအမေ’ ဇာတ်ကားသည် ၂၀၁၇ခုနှစ်အတွက် အမျိုးသမီး ဇာတ်ဆောင်ဆုနှင့် ဒါရိုက်တာဆု ဆွတ်ခူးနိုင်သည်ဟု ထင်ကြေး ပေးခန့်မှန်းနေကြသည်။ 

အဆိုပါ ဇာတ်ကားသည် ၁၉၅၀ ပြည့်နှစ် ၀န်းကျင်ကို အခြေခံ ရိုက်ကူးထားသည့်  ဇာတ်လမ်းဖြစ်သောကြောင့် ပုံမှန် ရုပ်ရှင်တစ်ကား ရိုက်ကူးစရိတ် ထက်သုံးဆဖြစ်သော ကျပ်သိန်း သုံးထောင်အကုန်အကျခံ၍ ဇာတ် ကားအတွက် လိုအပ်သည့်အရာ များကို ပြင်ဆင်ဖန်တီးကာ အချိန် တစ်နှစ်ကြိုတင်ပြင်ဆင်ပြီးမှ ရိုက် ကူးခဲ့ကြောင်း ရိုက်ကူးသူ ဒါရိုက်တာ စင်ရော်မောင်မောင် က ပြောသည်။ 

‘‘အဓိက ဇာတ်ဝင်ရထားကြီး ၀ိညာဉ်ရှင်သန်လာအောင် လုပ်ရ တယ်။ ရထားကြီးနဲ့ ရန်ကုန်ဘူ တာက၁၉၅၅အရိပ်အငွေ့တွေဖြစ် အောင် အိန္ဒိယလူမျိုးတွေ၊ဂျစ်ကား တွေ၊ အဲဒီခေတ်ကရဲတွေ၊ နောက်  မန္တလေးမှာမရှိတော့တဲ့ မန္တလေး ဆေးတက္ကသိုလ်နဲ့တူအောင်လိုက် ပြီးတော့ ဆင်ရိုက်ရတယ်။ အသွင်  အပြင်တွေဖန်တီးရတယ်။ နောက် တစ်ခါ အဲဒီတုန်းကသုံးတဲ့ မော် တော်ကားတွေ၊ စက်ဘီးတွေ၊ အဲ ဒီတုန်းက ၀တ်တဲ့အ၀တ်အစား တွေ၊ ၁၉၅၅ တုန်းက အငွေ့အ သက်ပါအောင်၊ ဒီဘက်ခေတ် ရောက်တော့လည်း စင်ကာပူမှာ ရိုက်ရတဲ့ ဆင်းန်တွေ၊ နောက် အလယ်ခေတ်မှာလည်း အင်္ဂလန် ဆင်းန်တွေ၊ ရန်ကုန်မှာမရှိတော့ တဲ့ လေဆိပ်တွေ၊လေယာဉ်ပျံတွေ၊ တိုက်ပွဲခန်းတွေ အစုံဖန်တီးပြီး ကြိုးစားရိုက်ကူးခဲ့ရပါတယ်’’ ဟု ၎င်းက ပိတ်ကားနောက်ကွယ်မှ ကြိုးစားမှုများကို ပြောသည်။

ထာဝရအမေ ရုပ်ရှင်ဇာတ် ကား စတင်ရုံတင်ပြသသည့် အ ချိန်ကစတင်ကာ သုံးရက်ပြည့် သည်အထိ လူဝင်နည်းသော် လည်း နောက်ပိုင်းရက်များတွင် ရုံပြည့်ရုံလျှံ အားပေးကြသည့် ပရိသတ်များကြောင့် ရုံရက်သုံး ပတ်ပြသခဲ့ရပြီး ဇာတ်ကားကုန်ကျ စရိတ် သိန်းသုံးထောင်ကို ပြန် လည်ကာမိသည့်အပြင် အမြတ် အစွန်းအနည်းငယ် ပြန်လည်ရရှိခဲ့ သည်။ 

ထာဝရအမေဇာတ်ကားကို မြင်းခြံ ရေချိုရွာ၊ ၀မ်းတွင်း၊ မိတ္ထီ လာ၊ မန္တလေး၊ ရန်ကုန်နှင့် စင် ကာပူနိုင်ငံတို့တွင် သွားရောက် ရိုက်ကူးထားသည်။ 

အဆိုပါ ဇာတ်ကားသည် ဆရာကြီး ပါမောက္ခဒေါက်တာ ခင်မောင်ဝင်း(အသည်း) ၏ ဘ၀ ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူး ထားခြင်းဖြစ်ပြီး  မိခင်မေတ္တာဖွဲ့ ဒရာမာဇာတ်လမ်းဖြစ်သည်။ 

တစ်ရက်လျှင်နှစ်ဆင်းန်၊ သုံး ဆင်းန် အပြီးရိုက်ကူးရန် သတ် မှတ်ထားသော်လည်း တစ်ဆင်းန် သာပြီးခဲ့ပြီး ရိုက်ရက်သုံးဆယ် ကျော် နှင့် ဂျူတီငါးဆယ်နီးပါး အချိန်ယူ ရိုက်ကူးခဲ့ရသည်။ 

ထာဝရအမေဇာတ်ကားကို  ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးပြီး Creative ဒါရိုက်တာ ၀င်းလွင်ထက်၊ တွဲဖက်ဒါရိုက်တာ မင်းသန့်မောင်မောင်၊ ဇာတ်ညွှန်း မိုးနီလွင်၊ ဂီတမှူးအကယ်ဒမီ ဓိရာ မိုရ်၊ Director of Photography သုံးပေါင် နှင့် သရုပ်ဆောင်များ အနေဖြင့်ရဲအောင်၊ နေတိုး၊ ထွန်း ကိုကို၊ မေသန်းနုနှင့် ၀တ်မှုံရွှေ ရည်တို့ အဓိကပါဝင်သရုပ် ဆောင်ထားသည်။

ကချင်ပြည်နယ်ရေခဲတောင်ကြား မှာ ခက်ခက်ခဲခဲသွားရောက်ရိုက် ကူးခဲ့တဲ့ ငေါ့ချမ်းခသစ္စာ

ဒရာမာ၊ ရိုမန့်စ် ဇာတ်ကား များထဲတွင် ထူးထူးခြားခြား ဇာတ် ကားတစ်ကားအနေဖြင့် တိုင်းရင်း သားနှင့် ဒေသကို အဓိကထားရိုက် ကူးထားသည့် ငေါ့ချမ်းခ သစ္စာ ဇာတ်ကားသည်လည်း အ ကယ်ဒမီဆန်ခါတင် ဇာတ်ကား များထဲတွင် ပရိသတ်စိတ်ဝင်စား သည့် ဇာတ်ကားဖြစ်သည်။ 

‘‘အန္တရာယ်တော့များတယ် ဗျ။ ရေခဲတောင်ပေါ်တက်တဲ့လမ်း တွေမှာ ရေခဲတုံးကြီးတွေပေါ် တက်ရတာဆိုတော့ ချော်ကျတာ မျိုး၊ ကားတွေဆို မတက်နိုင်တော့ လို့ မြေကော်တဲ့ကားတွေကို ဘီး တွေမှာ သံကြိုးတွေပတ်ပြီးတက် ရတာမျိုးပေါ့။ တကယ့်အရင့်အ မာ လူကြမ်းကြီးတွေတောင်မှ ကြောက်ပြီးချုံးပွဲချငိုတဲ့အထိ အဲ့ဒီလို  အန္တရာယ်တွေတော့ရှိတယ်။ ရုပ်ရှင်သမားတွေက ရိုက်ချင်ရင် တော့ မရရအောင် ရိုက်ကြတယ်’’ ဟု သရုပ်ဆောင်လူမင်းက ပြော သည်။ 

အဆိုပါဇာတ်ကားကို ဂျိမ်း ဖော့မြေ ထုတ်လုပ်ရေးက စီစဉ်၍  ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိမ်း ထွဋ်က ပုံဖော်ရိုက်ကူးပြီး သရုပ် ဆောင့် လူမင်း၊ M လန်းဘောမ်၊ မင်းရာဇာ၊ ပက်ထရစ်ရှာ၊ မေရီတိန့်နန့်နှင့် ချိုပြုံးတို့က အဓိကပါဝင်သရုပ်ဆောင် ထား သည်။ အမှတ်တရ အနေဖြင့် ဇာတ်ကားရိုက်ကူးနေစဉ် ၎င်း တို့နှင့်အတူ လိုက်ပါရိုက်ကူးခဲ့ သည့် ဦးစိုးသိမ်းထွဋ်သည် အဆို ပါဇာတ်ကား  ရိုက်ကူးပြီးနောက်  ကွယ်လွန်ခဲ့သည်။ 

ငေါ့ချမ်းခသစ္စာ ဇာတ်ကား ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် ၂၀၁၆က နှစ်လကြာအ ချိန်ယူရိုက်ကူး ခဲ့ပြီးအခက်အခဲ များစွာ ရင်ဆိုင်ကြုံတွေ့ရသည့် ဇာတ်ကားဖြစ်သည်။ 

‘‘အဆိုးထဲက အကောင်း ပေါ့။ အစ်ကိုတို့ သွားရိုက်နေတဲ့ အချိန်မှာ နှင်းမုန်တိုင်းတွေကျ တော့ ရေခဲတွေ၊ နှင်းတွေကျနေ တဲ့ ငေါ့ချမ်းခချောင်းကြီးနဲ့ တော် တော်လှလှကို ရိုက်နိုင်ခဲ့တယ်’’ ဟု သရုပ်ဆောင်လူမင်းကပြော သည်။

အဆိုပါဇာတ်ကားကို မြစ် ကြီးနားတစ်မြို့တည်းတွင်သာ ရုံတင်ပြသပြီးဖြစ်ပြီး အခြားမြို့ကြီး များတွင် ရုံမတင်ရသေးပေ။ 

‘ငေါ့ချမ်းခသစ္စာသည်’ က ချင်တိုင်းရင်းသား မျိုးနွယ်စုများ ထဲမှ တစ်ခုဖြစ်သည့် တိုင်းရင်း သားမျိုးနွယ်စုတစ်ခုကို အခြေခံ ကာ မိမိတိုင်းပြည် သယံဇာတ များကို တန်ဖိုးထားရန် ဖော်ကျူး ထားသည့် ရည်ရွယ်ချက်ကောင်း သော ဇာတ်ကားဖြစ်သည်။ ငေါ့ချမ်းခသစ္စာ ဇာတ်ကားသည် အချစ်၊ အလွမ်း၊ အက်ရှင်၊ ပညာပေးနှင့် ရသမျိုးစုံကြည့် ရှုခံစားနိုင်မည်ဖြစ်ပြီး ကချင်တိုင်း ရင်းသားတို့၏ နေထိုင်မှုပုံစံများ၊ ရေခဲတောင်များ၊ ကချင်ပြည်နယ် ရှိ ရှုခင်းများ၊ အထင်ကရနေရာများ  တွင် ခက်ခက်ခဲခဲသွားရောက် ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ 

မိတ်ကပ်အထူးပြုလုပ်ချက်နဲ့ ပရိ သတ်ကိုဆွဲဆောင်ခဲ့တဲ့ တာတေ ကြီး

နေတိုး၏ အနုပညာအစွမ်း များကို ကြည့်ရှုခွင့်ရရှိခဲ့သော တာတေကြီး ဇာတ်ကား သည် ၂၀၁၇ အတွင်း ရုံတင်ခဲ့သော ဇာတ်ကားတွင် ပရိသတ်အား ပေးမှုရရှိခဲ့သည့် ဇာတ်ကား တစ်ကားဖြစ်သည်။ အိန္ဒိယရုပ်ရှင် ဇာတ်ကားတစ်ကားကို မှီငြမ်း၍ ရိုက်ကူးခဲ့ခြင်း ဖြစ်သောကြောင့် ကော်ပီရိုက်ကူးမှုနှင့် ပတ်သက်၍ ဝေဖန်မှု အချို့ရှိသော်လည်း နေတိုး၏ သရုပ်ဆောင်မှုကိုပရိ သတ်က ချီးကျူးခဲ့သည်။ 

အထူးသဖြင့်နေတိုး၏ မိန်းမ လျာ ကာရိုက်တာနှင့် သရဲဝင်ပူး သည့် ဇာတ်ဝင်ခန်းများကို ပရိ သတ်များ အထူးနှစ်ခြိုက်ခဲ့ကြ သည်။ အိန္ဒိယဇာတ်ကားတွင် မင်း သားနှစ်ဦး ပါဝင်သရုပ်ဆောင် ထားသည့်  ဇာတ်ရုပ်ကို နေတိုးက တစ်ဦးတည်း ပီပီပြင်ပြင်သရုပ် ဆောင်နိုင်ခဲ့သည်။ 

ထို့အပြင် သရဲကားဖြစ်သော ကြောင့် ယင်းဇာတ်ကားတွင် ပါဝင်သည့် မိတ်ကပ်အထူးပြုလုပ်ချက်  များကလည်း တောတေကြီးဇာတ် ကားရုပ်လုံးပိုကြွလာရန် ပံ့ပိုးပေး ထားသည်။ ယင်းဇာတ်ကား၏ မိတ်ကပ် အထူးပြုလုပ်ချက်များ ကို ကိုအောင်ကျော်ထွန်းက တာဝန်ယူဆောင်ရွက်ပြီး ဇာတ် ကား၏ ဇာတ်ရှိန်အမြင့်ဆုံးအခန်း ဖြစ်သည့် သရဲရှိ၊မရှိစမ်းသပ်သည့် ဇာတ်ဝင်ခန်းအပါအ၀င် မိတ်ကပ် အထူးပြုလုပ်ချက်များကို သေသေ သပ်သပ်ဖန်တီးပေးနိုင်ခဲ့သည်။ 

ပုဆိန် အခုတ်ခံရသော ကြောင့် သေဆုံးခဲ့သည့် သရုပ် ဆောင်လူမုန်း၏ မျက်နှာကို ပုဆိန်စိုက်နေသည့် ဓာတ်ပုံသည် ယင်းဇာတ်ကား ရိုက်ကူးစဉ်က တည်းက ပရိသတ်များ၏ စိတ် ၀င်စားမှုကို ရယူနိုင်ခဲ့သည်။ ယင်း  ဇာတ်ရုပ်ပီပြင်စေရန်  ကြိုတင် ပြင်ဆင်မှုများ အချိန်ယူပြုလုပ် ခဲ့ရသည်ဟု ကိုအောင်ကျော်ထွန်း ကပြောသည်။ 

‘‘ထူးထူးခြားခြားဖန်တီးမှုအ နေနဲ့ကတော့ ပိုစတာထဲမှာနေတိုး  လက်ထဲက ဆွဲထားတဲ့ခေါင်းပြတ် ကြီးက ကျွန်တော်လုပ်ထားတာ။ တကယ်လည်း ရုပ်ရှင်ရိုက်တဲ့အ ချိန်က နေတိုးကိုတကယ်ခုတ်ချခဲ့ တာ ခုတ်ချလိုက်တဲ့အခါမှာ ကိုယ် လုံးနဲ့ ခေါင်းပြတ်ကြီး သတ်သတ် ဆီ ဖြစ်သွားတဲ့ဇာတ်ဝင်ခန်း အတွက်  လုပ်ပေးတာ။ ဒါပေမဲ့  မြန်မာ့ရုပ်ရှင်က အရမ်းကြမ်းလို့ ဆိုပြီး ခေါင်းကိုခုတ်ချပြီး ပြတ်တဲ့ အခန်းတော့ပါမလာဘူး၊ သင်္ချိုင်း ကုန်း အခန်းတွေမှာပဲပါတယ်’’ ဟု နေတိုး၏ ခန္ဓာကိုယ်နှင့်ခေါင်းသတ် သတ်စီ ဖန်တီးပေးခဲ့သော်လည်း ရုပ်ရှင်ဇာတ်ကားထဲတွင် မပါဝင် ခဲ့သည့် အကြောင်းကို ကိုအောင် ကျော်ထွန်းက ပြောသည်။ 

ယင်းဇာတ်ကားအတွက် ၎င်း တို့ ဖန်တီးထားသည့် သွေးများမှာ  သွေးနှင့် တူညီသော်လည်း ၎င်း တို့မရှိချိန်တွင်  ရိုက်ကူးသည့် ဇာတ်ဝင်ခန်းများတွင် ပါဝင်သည့် သွေးများမှာ ပန်းရောင်သန်းနေ သည့် အပေါ်ပြန်လည်ကြည့်ရှု ချိန်တွင် အားမရဖြစ်မိသည်ဟု ဆိုသည်။ 

တာတေကြီး ဇာတ်ကား သည် မှီငြမ်းဇာတ်ကားဖြစ်သော ကြောင့် ထူးချွန်ဆုအနေဖြင့် အခြားဆုများထက် အမျိုးသား ဇာတ်ဆောင်ဆုအတွက် နေတိုးရ ရှိရန်ရေပန်းစားနေသည်။ 

နေအိမ်အလုံး၂၀ကျော် အသုံးပြု ရိုက်ကူးခဲ့တဲ့ ‘ည’ 

ဈေးကွက်ဝင် အနုပညာရှင် များ၏ ဇာတ်ကားများသာ အောင် မြင်မှုရရှိသည့် မြန်မာ့ရုပ်ရှင်ဈေး ကွက်တွင် မျက်နှာသစ်သရုပ် ဆောင်များနှင့် ရိုက်ကူးထားသည့် ‘ည’ ဇာတ်ကားကို ၂၀၁၇အတွင်း ရုံတင်ခဲ့ရာပရိသတ်အား ပေးမှုရ ရှိခဲ့သည်။ 

များသောအားဖြင့် မျက်နှာ သစ်သရုပ်ဆောင်များပါဝင်ထား သည့် ဇာတ်ကားများကို ပရိသတ် အားပေးမှုနည်းသော်လည်းသမား ရိုးကျ ဇာတ်လမ်းများမှ ခွဲထွက် ထားသည့် တင်ဆက်မှုပုံစံ၊ ကင် မရာအယူအဆ၊ အလင်းအမှောင် များနှင့် အသံစနစ်တို့ ကောင်း မွန်မှုကြောင့် ည ဇာတ်ကားကို ပရိသတ် များသတိပြုမိခဲ့ကြသည်။ 

ယင်းဇာတ်ကားကို အမ်တီဗီ ရိုက်ကူးမှုများနှင့် ပရိသတ်အား ပေးမှု ရရှိနေသည့် လူငယ်ဒါရိုက် တာထူးပိုင်ဇော်ဦးက ၎င်း၏ပွဲဦး ထွက် ရုပ်ရှင်အနေဖြင့် ရိုက်ကူးခဲ့ သည်။ 

ယင်းဇာတ်ကား၏ အဓိက ထူးခြားချက်မှာပါဝင်သည့် သရုပ် ဆောင်များကို တစ်နှစ်ခန့် အချိန် ယူလေ့ကျင့်ခဲ့ခြင်း ဖြစ်ပြီး ယင်း ကဲ့သို့လေ့ကျင့်ပေးမှု ကြောင့် သရုပ်ဆောင်များသည် ရိုက်ကွင်း  ပေါ်တွင် ဇာတ်ညွှန်းကို အလွတ် ရနေခဲ့သည်ဟု ဒါရိုက်တာက ဆို သည်။ 

ထို့အပြင် ယင်ဇာတ်ကားအ တွက် ရိုက်ကွင်းနေရာ(Location)များကို ပရိသတ်များ ကြည့်ရှု နေကျ နေရာများနှင့် မတူညီ အောင်ကြိုးစားပုံဖော်ခဲ့သည်ဟု ၎င်းကဆိုသည်။ 

‘‘ဒီကားက သရုပ်ဆောင် ၁၀ယောက်ပါတယ်။ ရှစ် ယောက်ကအိမ်တွေပြတယ်။ ဒါ ပေမဲ့ တကယ်ရိုက်တဲ့ အချိန်မှာ ကျွန်တော်တို့လိုချင်တဲ့ ကင်မ ရာအန်ဂယ်တွေလိုချင်တဲ့ ဇာတ် ကွက်အတိုင်းမရတဲ့အတွက် တစ် ယောက်တစ်အိမ်နဲ့ မရတော့ဘဲ။  တစ်ယောက်ကို နှစ်အိမ်ကနေ သုံးအိမ် အထိရိုက်တယ်။ အိမ် တွေက အလုံး၂၀ကျော် လောက် သုံးထားတယ်’’ဟု ‘ည’ ဇာတ် ကားရိုက်ကူးရေးနှင့် ပတ်သက်၍ ဒါရိုက်တာထူးပိုင်ဇော်ဦးက ၎င်း၏  ကြိုးစားမှုကိုပြောသည်။ 

‘ည’ ရုပ်ရှင်ကို ၂၀၁၇ မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် အ တတ်ပညာဆိုင်ရာဆုများ ရရှိနိုင် သည်ဟု ရေပန်းစားနေသည်။ 

ယင်းရုပ်ရှင် ကုန်ကျ စရိတ်မှာ ငွေကျပ်သိန်း ၁,၅၀၀ ခန့်ရှိပြီး ရုံတင်ချိန်တွင် အမြတ် အစွန်းရရှိခဲ့သည်ဟု ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောသည်။ မျက် နှာသစ် သရုပ်ဆောင်များကို အ သုံးပြုသော ကြောင့်သရုပ်ဆောင် ပိုင်းနှင့် ပတ်သက်၍ငွေကြေး ကုန်ကျမှု မများသော်လည်း Production ပိုင်းနှင့်ပရို မိုးရှင်းပွဲများ ပြုလုပ်ခဲ့သောကြောင့်  ကျပ် သိန်း ၁၅၀၀ခန့် ကုန်ကျ ခဲ့သည်ဟု ၎င်းကဆိုသည်။ 

ယင်းရုပ်ရှင်သည် သူငယ် ချင်းများအကြား  စနောက်သည့် ဖြစ်ရပ်တစ်ခုမှ အစပြု၍ ည တစ်ည တွင်ကြုံခဲ့ရသည့် အ ကြောင်းအရာကို ရိုက်ကူးတင် ဆက်ထားခြင်းဖြစ်သည်။ 

ဒရုန်းရိုက်ချက်တွေနဲ့ ပုဂံဒေသရှု ခင်းတွေကို ပုံဖော်ရိုက်ကူးခဲ့တဲ့ အမှောင်မှာ ရွာချတဲ့မိုးတိမ် (ကျွန်)

ပုဂံဒေသ အလှအပများနှင့် အတူပုဂံဒေသတွင် ရှိဖူးသည့် ဘုရားကျွန်များအကြောင်း ထည့် သွင်းရိုက်ကူးထားသည့် ‘အမှောင် မှာရွာချတဲ့မိုးတိမ် (ကျွန်)’ ဇာတ် ကားလည်း ၂၀၁၇မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် မေ့ထား ၍ မရသည့်ဇာတ်ကားဖြစ်သည်။ 

ယင်းဇာတ်ကားသည် ဘုရား ကျွန်များအကြောင်းနှင့်အတူ နေ တိုး၊ မြင့်မြတ်နှင့် ၀တ်မှုံရွှေရည် တို့ သုံးဦးကြား သုံးပွင့်ဆိုင်အ ချစ်ဇာတ်လမ်းအကြောင်းကို ပုံ ဖော်ရိုက်ကူးပြီး ပရိသတ်အားပေး မှုရရှိထားသော်လည်း ကျွန် ဟုအမည်ပေးထားသည့် အပေါ် ပုဂံဒေသခံများက ကန့်ကွက်ခဲ့ပြီး 

အစိုးရဌာနဆိုင်ရာက တရား စွဲမည့် အခြေအနေအထိရောက်ရှိ သောကြောင့် ‘ကျွန်’ မှ‘အမှောင် မှာရွာချတဲ့မိုးတိမ်’ ဟု အမည် ပြောင်းလဲပေးခဲ့ရသည်။ 

ယင်းဇာတ်ကားတွင် ပရိ သတ်နှစ်ခြိုက်သည့် ဇာတ်ဝင် ခန်းတစ်ခန်းဖြစ်သည့် ၀တ်မှုံရွှေ ရည်လာမည့် လမ်းကို ပုသိမ်ထီး များမိုးပေးထားသည့် ဇာတ်ဝင်ခန်း သည် မိနစ်ပိုင်းသာ ပါဝင်သော် လည်း ပြင်ဆင်မှုပိုင်းသည်  လွယ်လွယ်ကူကူမဟုတ်ခဲ့ချေ။ 

ယင်းဇာတ်ဝန်ခန်း အတွက် ဒါရိုက်တာ ညွန့်မြန်မာညီညီ အောင်က ချာလီထီးများပြင်ဆင် ခဲ့သော်လည်း ၎င်းတို့ရိုက် ကူးသည့် ဟိုတယ် မန်နေဂျာ၏ အကြံပေးမှုနှင့် ပါဝင်ကူညီမှုများ ကြောင့် ပုသိမ်ထီးအလက် ၁၂၀ ဖြင့် ယင်းဇာတ်ဝင်ခန်းကို ရိုက်ကူး ခဲ့သည်။ 

ထို့အပြင် ယင်းဇာတ်ကား၌  ပုဂံဒေသကို အပေါ်စီးမှ ရိုက်ကူး ထားသည့် ဒရုန်းရိုက်ချက်များ သည် ယခင်ပုဂံရူခင်းများကို မြင် နေကျပုံစံများမှ ခွဲထွက်နိုင်ခဲ့သည် ဟု အားပေးမှုများရရှိထားသည်။  အဆိုပါ ရိုက်ချက်များ ဖန်တီး သူသည် ဇာတ်ကား ရိုက်ကူးစဉ်က  အသက် နှစ်ဆယ်ဝန်းကျင်သာရှိ သေးသည့် လူငယ်တစ်ဦးဖြစ် သည်။ 

‘‘ကျွန်တော့်ဘ၀ရဲ့ ပထမဆုံး  Drone ပျံတဲ့အမှတ်တရ။ အဲဒီ တုန်းက Drone က Panel 2 ပဲ ရှိသေးတယ်။ အခုလိုမော်နီတာက လည်းကြည့်လို့မရဘူး။ Go Pro နဲ့ချိတ်ထားတာ။ Go Pro တောင် မှ Hero 3 ပဲထွက်သေးတယ်’’ ဟု  ယင်းဇာတ်ကား ရိုက်ကူးရေးပိုင်း ကိုတာဝန်ယူထားသည့် အာကာ တိုးကပြောသည်။ 

မော်နီတာတွင် ပြန်လည် ကြည့်ရှု မရသလို ဖုန်းဖြင့်သာ  Wifi နှင့်ချိတ်၍ ရိုက်ကူးရသော ကြောင့် Wifi လွတ်သွားသည့် အချိန်၌ မှန်းဆရိုက်ကူးရသည့် အချိန်များလည်းရှိသည်ဟု ၎င်းက ဆိုသည်။ 

‘‘ပုဂံဆိုတဲ့မြို့ကြီးကို စုံလင် အောင်ရိုက်ပြနိုင်တယ်။ တစ်ခါမှ မတူတဲ့ မြင်ကွင်းလေးတွေလည်း ဆန်းထားတယ်။ အရင်လိုသမား ရိုးကျမြင်ကွင်းမဟုတ်ဘူး။ ပုဂံဆို တဲ့ရသလည်းစုံတယ်။ အရင်ကား တွေနဲ့တော့ မတူဘူး။ တော်တော် အားရတယ်’’ ဟု အာကာတိုးက ရိုက်ကူးရေးပိုင်းနှင့် ပတ်သက်၍ ပြောသည်။ 

ယင်းဇာတ်ကားတွင် အမျိုး သားဇာတ်ပို့ဆုအဖြစ် သရုပ် ဆောင်ဟိန်းမင်းနှင့် အတတ်ပညာ ပိုင်းဆိုင်ရာဆုများ ရရှိမည်ဟု ရေပန်းစားနေသည်။ 

ပြည့်တန်ဆာအစစ်တွေထည့်ရိုက် ခဲ့တဲ့ ခေါက်ထီးကလေးမလုံ့တလုံ

ပြည့်တန်ဆာ ဘ၀သို့ရောက် ရှိခဲ့သည့် မိန်းကလေးတစ်ဦး၏ အ ကြောင်းကို ဘ၀သရုပ်ဖော်၊ ကျန်း မာရေးပညာပေးအနေဖြင့် ရိုက် ကူးထားသည့် ခေါက်ထီးကလေး မလုံ့တလုံ ရုပ်ရှင်ဇာတ်ကားသည် ဒရာမာ ဇာတ်ကားရှားပါးသည့် မြန်မာ့ရုပ်ရှင်လောကတွင်အောင် မြင်မှုအတိုင်းအတာ တစ်ခုရရှိခဲ့ သည့် ဇာတ်ကားဖြစ်သည်။ 

ငယ်ရွယ်လှပသည့် အချိန်မှ နောက်ဆုံးတွင် အေအိုင်ဒီအက်စ် ရောဂါဖြင့် သေဆုံးခဲ့ရသည့် မိန်း ကလေးတစ်ဦး၏ အကြောင်းကို ရိုက်ကူး ပုံဖော်ထားသဖြင့် သရုပ် ဆောင် အေးမြတ်သူကဇာတ် ကောင်၏ ပုံစံအတိုင်းရရှိနိုင်ရန် ပြင်ဆင်ခဲ့သည်ဟု ဇာတ်ညွှန်း မိုးနီလွင်ကပြောသည်။ 

‘‘နောက်ဆုံး ရောဂါရသွား တာကို ရိုက်တဲ့အချိန်ကစရိုက်တဲ့  အချိန်နဲ့ဆိုရင် ခြောက်လလောက် တောင်ခြားတယ်။ အဲဒီလိုခြားပြီး တော့ကို ရိုက်ခဲ့တာ၊ မှတ်မှတ်ရရ အနေနဲ့ နောက်ဆုံးဇာတ်သိမ်းကို ငွေဆောင်သွားရိုက်တဲ့အချိန်အေး မြတ်သူက သူကိုယ်တိုင် နေမ ကောင်းဖြစ်နေတယ်။ ချောင်း လည်းတကယ်ကိုဆိုးနေတာ’’ ဟု ၎င်းကပြောသည်။ 

ထို့အပြင် ယင်းဇာတ်ကား ရိုက်ကူးရေးအတွက် မရိုက်ကူးမီ ကတည်းက အေးမြတ်သူသည် ပြည့်တန်ဆာအလုပ်  လုပ်ကိုင် သည့်အမျိုးသမီးများနှင့်  တွေ့ ဆုံလေ့လာခဲ့ပြီး ယင်းဇာတ်ကား၏ ဇာတ်ဝင်ခန်း တစ်ခုတွင်လည်း ပြည့်တန်ဆာအစစ်များနှင့် ရိုက် ကူးခဲ့သည်ဟု မိုးနီလွင်ကပြော သည်။ 

ဇာတ်ဝင်ခန်းလိုအပ်ချက်အ  ရ Night Club များတွင် ရိုက်ကူး ရန် ကြိုးစားခဲ့သော်လည်း Club များက ရိုက်ကူးခွင့်မပေးခဲ့သလို အခြားသောနေရာများတွင်လည်း ရိုက်ကူးရန် အဆင်မပြေသော ကြောင့် ပန်းဆိုးတန်းခုံးတံတား တွင်ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ 

‘‘ရိုက်မယ်ဆိုတဲ့လူတွေလိုက်  ခဲ့။ အပြင်မှာတကယ်လုပ်စားနေ တဲ့မိန်းကလေးတွေပေါ့။ တကယ့် အစစ်တွေ။ အဲဒါကို ကားနဲ့ခေါ် သွားပြီး သရုပ်ဆောင်တွေကို ၀င် ရောပြီး ရိုက်ခဲ့တာ’’ ဟု ရိုက်ကူး စဉ်က ကြုံခဲ့ရသည့် အမှတ်တရ ကိုမိုးနီလွင်ကပြောသည်။ 

ယင်းဇာတ်ဝင်ခန်းသည် ၎င်း ရေးသားထားသည့် ဇာတ်ညွှန်း အတိုင်း ရိုက်ကူးခဲ့ခြင်း မဟုတ် သော်လည်း ပြင်ပသဘာဝနှင့် အနီးစပ်ဆုံးတူအောင် ရိုက်နိုင်ခဲ့ သည်ဟု ၎င်းကခံယူထားသည်။ 

ခေါက်ထီးကလေး မလုံ့ တလုံဇာတ်ကားတွင် အမျိုးသမီး သရုပ်ဆောင်များဖြစ်သော အေး မြတ်သူ၊ စိုးပြည့်သဇင်တို့၏ အား ပြိုင်မှုများပါဝင်သလို ၂၀၁၇  မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် လည်း အမျိုးသမီးဇာတ်ဆောင်နှင့် ဇာတ်ပို့ဆုရရှိနိုင်သည်ဟု တစ်ကြို ပေးထားကြသည်။