ဒေါက်တာမင်းဇော်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

‘‘ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရှိမှ တရုတ်ရဲ့ One Belt One Road က အကောင်အထည်ဖော်လို့ရမှာ။ အဲဒီအတွက် ငြိမ်းချမ်းရေးက သူတို့(တရုတ်)အတွက် အရေးကြီးသွားပြီ’’
ဒေါက်တာမင်းဇော်ဦး (ဓာတ်ပုံ − စိုင်းဇော်)

ယခင်အစိုးရလက်ထက်ကတည်းက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဒေါက်တာမင်းဇော်ဦးကို မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတကာ ပါဝင်ပတ်သက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေးဆောင်ရွက်သင့်သည့် အကြံပြုချက်များကို ဆက်သွယ်မေးမြန်းထားပါသည်။ဒေါက်တာမင်းဇော်ဦးသည် လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အကြံပေးတစ်ဦးလည်းဖြစ်သည်။ ထို့အပြင် တပ်မတော်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC - U) အလုပ်အဖွဲ့ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည်။ လက်ရှိတွင် အဆိုပါတာဝန်မှ နုတ်ထွက်ကာ Myanmar Institute For Peace and Security ၏ အလုပ်အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူထားသည်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နိုင်ငံတကာရဲ့ ပါဝင်မှုက ဘယ်လောက်အရေးပါပါသလဲ။ ငြိမ်းချမ်းရေး ဖြစ်စဉ်အစမှာ ပါဝင်ခဲ့သူတစ်ဦး ရဲ့အမြင်ကို ပြောပြပေးပါဦး။

ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးစလုပ်တော့ နိုင်ငံရေး အရကတော့ ရှိသမျှအနောက် နိုင်ငံအစိုးရတွေရော၊ တရုတ်ရော အကုန်လုံးက ဝိုင်းထောက်ခံကြ တယ်။ အဲဒီမှာ ဒီ EU ကနေစပြီး တော့ Myanmar Peace Center လည်ပတ်နိုင်ဖို့အတွက် ငွေကြေး ဆိုင်ရာ အထောက်အပံ့ပေးတယ်။ နောက်ထိုနည်းလည်းကောင်းပဲ ဂျပန်ကလည်း ဒီငွေကြေးဆိုင်ရာ အထောက်အပံ့ပေါ့။ အဓိကက တော့ သွားလာတဲ့အခါတွေမှာ လို အပ်တဲ့ အကူအညီအထောက်အ ပံ့တွေ ပေးတယ်။ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေလုပ်ဖို့ အထောက်အပံ့တွေပေးတယ်။ ဆေးရုံ ဆောက်တာ၊ အိမ်ဆောက်တာတို့ ဒါမျိုးတွေ လုပ်ပေးတာပေါ့။ နောက်ပြီးတော့ ဒီမှာရှိတဲ့ အခု NRPC အ ဆောက်အအုံကိုလည်း ဂျပန်က ဆောက်ပေးတာပေါ့။ တရုတ်ကျတော့လည်း စစချင်းမှာတော့ သူ့ကို အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းတွေက ဖိတ်ခေါ်ချင်တယ်။ အစိုးရက လက်ခံလိုက်တယ်။ လက်ခံလိုက်တော့ လေ့လာသူအ နေနဲ့ တရုတ်ရယ်၊ UN ရယ် စပြီးတော့ ပါလာတယ်။ ဒါက မြန်မာအစိုးရအတွက် ဆုံးဖြတ်ချက်အ သစ်လေ။ တစ်ခါမှ သူတို့က ပြည် တွင်းအရေးကို ပြည်တွင်းမှာပဲ လုပ်မယ်ဆိုတဲ့ အခြေခံနဲ့ ချဉ်းကပ်လာတော့ ဒီလိုမျိုးခွင့်ပြုဖို့ဆိုတာ က တော်တော်ကြီးကို သူတို့အ တွက်က စဉ်းစားခဲ့ရတာ။ ဒါပေမဲ့ နောက်ပိုင်းမှာ လက်ခံခဲ့တယ်။ လက်ခံခဲ့တဲ့အတွက်ကြောင့် UNက မစ္စတာနမ်ဘီးယားနဲ့ တရုတ်က အခုမစ္စတာ ဆွန်ကော်ရှန်း မလာခင် တရုတ်ကိုယ်စားလှယ် ပေါ့။ သူတို့တွေ လေ့လာသူအနေ နဲ့ ကြည့်ရှုပေးခဲ့တာရှိတယ်။ အခု ချိန်ထိတော့ အရင်တုန်းကပါခဲ့တဲ့ ဟာထက်စာလို့ရှိရင် အနောက် နိုင်ငံတွေရဲ့ ပါဝင်မှုကတော့ ပို နည်းသွားတယ်လို့ ပြောလို့ရ တယ်။ နောက်တစ်ခုကလည်း ဒီအနောက်နိုင်ငံတွေနဲ့ အစိုးရနဲ့ ကြားမှာလည်း ပိုပြီးတော့ ဆက် ဆံရေးကျဲသလိုဖြစ်သွားတာပေါ့။ အရင်တုန်းကကျတော့ အနောက် နိုင်ငံတွေမှာ Myanmar Peace Center ကနေတစ်ဆင့် EU တို့ ဘာတို့ဆို ပါဝင်တာရှိခဲ့တယ်။ အခုကျတော့ JPF (Joint Peace Fund) ဆိုပြီး ဖွဲ့ပြီးလုပ်တယ်။ ကျွန်တော်သိသလောက်တော့ Joint Peace Fund နဲ့ အစိုးရနဲ့ ကြားထဲ မှာ ကွာဟချက်တွေ နည်းနည်းရှိပုံ ရတယ်ပေါ့နော်။ လက်ရှိအထိ တော့ အစိုးရကတော့ ဘာမှတော့ မပြောသေးဘူး။ ဒါပေမဲ့ နောက် ပိုင်းကျရင်တော့ ဘယ်လိုလာမလဲ တော့ မသိဘူး။ JPF လည်း သူတို့ က အနောက်နိုင်ငံတော်တော်များ များပါတာကိုး အဲဒီထဲမှာ။ ပါတော့ အဲဒီအပေါ်မှာ တချို့ကလည်း အ မြင်တစ်မျိုးရှိရင်ရှိမှာပေါ့။ ဒါက အ နောက်နိုင်ငံတွေနဲ့ ပတ်သက်တာ ပေါ့။ ဒါပေမဲ့ တရုတ်နဲ့ပတ်သက် တဲ့ အပိုင်းမှာတော့ ပိုနီးကပ်လာ တယ်လို့ ပြောလို့ရမှာပေါ့။ တရုတ်ကနေပြီးတော့ ပိုပြီးတော့ ကမ ကထ လုပ်ပေးတယ်။ ဒီတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်း အထူးသဖြင့် မြောက်ပိုင်းက အဖွဲ့ တွေနဲ့ တွေ့ဖို့၊ ဆုံဖို့ ကိစ္စတွေမှာ အများကြီး တရုတ်က ကူညီတယ် ဆိုတော့ အရင်အစိုးရနဲ့၊ ဒီအစိုးရ နဲ့ ယှဉ်လိုက်လို့ရှိရင် အရင်အစိုးရ ခေတ်တုန်းက အနောက်နိုင်ငံတွေ ရဲ့ ပါဝင်မှုက ပိုများပြီးတော့ ဒီ အစိုးရလက်ထက်မှာတော့ အ နောက်နိုင်ငံတွေရဲ့ ပါဝင်မှုက ပို နည်းသွားတယ်လို့ ပြောလို့ရပါ တယ်။

Joint Peace Fund နဲ့ အစိုးရနဲ့ ကွာဟချက်ဆိုတာကို နည်းနည်း ရှင်းပြပေးပါလား။

Joint Peace Fund ဆိုလို့ရှိ ရင် အစိုးရနဲ့ ကြားထဲမှာ သူတို့ တိကျတဲ့ မူဝါဒတွေမရှိဘူး။ အစိုးရကလည်း သူ့ကို သိပ်မတိုင်ပင်ဘူး။ နောက်ပြီးတော့ သူတို့လုပ်နေတဲ့ ဟာတွေအပေါ်မှာလည်း သိပ်ပြီး Approval မဖြစ်တဲ့သဘောမျိုးရှိ တယ်။ အခု နောက်ပိုင်းတွေမှာကျ တော့ ဒီအနောက်နိုင်ငံတွေက Joint Peace Fund တင်မကဘူး Bilateral ပရိုဂရမ်ဆိုတာတွေရှိ တယ်။ ဒါက ဒီနိုင်ငံတွေက သူတို့ ဘာသာသူတို့ ပေးကြတဲ့ဟာတွေ ရှိတယ်ပေါ့နော်။ ဥပမာ အမေရိ ကန်ဆိုရင်လည်း သူတို့ဘာသာ ဘာပရိုဂရမ် ညာပရိုဂရမ်ဆိုပြီး ပေးကြတာတွေရှိတယ်။ အဲဒီပေး တာတွေက အစိုးရနဲ့ သူတို့တိုင်ပင် ပြီးပေးတာမဟုတ်ဘူး။ သူတို့ဘာ သာသူတို့ ပိုက်ဆံထုပ်ကိုယူလာ တယ်။ ယူလာပြီးတော့ ဒီမှာ ပိုက် ဆံဝေတယ်ပေါ့ဗျာ။ အဲဒီ ပုံစံမျိုး လုပ်တော့ အဲဒါတွေကိုလည်း အစိုးရက ဒီမှာရှိတဲ့ Rules တွေ၊ ဂိုက်လိုင်းတွေနဲ့ မကိုက်ညီတဲ့ဟာ တွေ အများကြီးရှိတယ်။ ဥပမာဆို ရင် နိုင်ငံတကာအဖွဲ့အစည်းတွေ လည်း ဒီမှာ ဘာမှ မှတ်ပုံမတင်ဘဲ နဲ့ လာလုပ်နေတာတွေ အများကြီး ပဲ။ တချို့တွေဆိုရင် ဒီပဋိပက္ခဖြစ် တဲ့ဒေသတွေ၊ ကန့်သတ်ဧရိယာ တွေအထိ သွားလုပ်နေတဲ့ သူတွေ ရှိတယ်။ အဲဒီအပေါ်မှာလည်း ဒီ အစိုးရပိုင်းမှာရော၊ တပ်ပိုင်းမှာ ရော ဒီကိစ္စတွေကိုသိတော့ ဒါတွေ အပေါ်မှာ သိပ်ပြီးတော့ သဘော မကျကြဘူးပေါ့ဗျာ။ သဘောက တော့ ဒီနိုင်ငံတကာ အဖွဲ့အစည်း တွေအနေနဲ့ ဒီမှာရှိတဲ့ ဥပဒေကို မလိုက်နာဘူးဆိုတဲ့ ကိစ္စမျိုးဖြစ် လာတယ်ပေါ့လေ။ နောက်ပြီး အ ခွန်ကိစ္စနဲ့ပတ်သက်တဲ့ဟာတွေ မှာလည်း ဖြစ်လာတယ်။ နိုင်ငံ တကာအဖွဲ့အစည်းတွေကလာ တယ်။ ဒီမှာလုပ်တယ်။ ပြီးရင် အစိုးရကို အခွန်မပေးဘူး။ တချို့ ဆိုရင် Consultant ဆိုပြီးလာ တယ်။ လာပြီးရင် ဒီမှာအကြာကြီး နှစ်နဲ့ချီပြီးနေတယ်။ အလုပ်လုပ် ပေမယ့် အစိုးရကို အခွန်မပေးဘူး ပေါ့ဗျာ။ ဒါမျိုးတွေကလည်း အဖွဲ့ အစည်းတော်တော်များများမှာ ဖြစ်နေတဲ့ဟာတွေလေ။ နောက်ပြီး တော့ ဒီနိုင်ငံတကာအဖွဲ့အစည်း တွေက ဒီမှာရှိတဲ့ အဖွဲ့အစည်းတွေ ကို ပိုက်ဆံပေးတဲ့အခါမှာလည်း Reporting တွေ၊ ဘာတွေ သေချာ မလုပ်ကြဘူးလို့ သိရတယ်။ Reporting ဆိုတာ ဘယ်အဖွဲ့အ စည်း ပိုက်ဆံဘယ်လောက်ရတယ် တို့၊ ဘာတို့က ဒါက အစိုးရမှာ စာရင်းဇယားရှိရမယ်လေ။ ဒါပေ မဲ့ အစိုးရမှာ ဒါမျိုးတွေ စာရင်း ဇယားမရှိဘူးပေါ့ဗျာ။ နိုင်ငံတကာ နဲ့ ယှဉ်လိုက်လို့ရှိရင် နိုင်ငံတကာ မှာ ကျွန်တော်တို့ နိုင်ငံတကာအဖွဲ့ အစည်းတွေ၊ ထောက်ပံ့မှုကိစ္စ တွေ၊ ဘာတွေဆိုတာ အကုန်လုံး တိတိကျကျနဲ့ တင်ပြတာ။ အစီရင်ခံရတဲ့ဟာတွေရှိတာပေါ့။ မြန်မာ ပြည်မှာ အဲဒီလိုမျိုးဟာတွေ မရှိ တော့ ဒါပွင့်ပွင့်လင်းလင်းပြောရ ရင် မြန်မာပြည်ရဲ့ ဒီနိုင်ငံတကာ ဝင်ရောက်ထောက်ပံ့မှုဆိုတဲ့ဟာ က အာဖဂန်နစ္စတန်လောက် တောင် တိကျမှုမရှိဘူးပေါ့ဗျာ။ တော်တော်ကြီးကို လျော့လျော့ ယွင်းယွင်းဖြစ်နေတာ။ အဲဒီအပေါ် မှာလည်း ဟာတာတွေရှိမှာပေါ့ နော်။ အဲဒီတော့ နိုင်ငံတကာရဲ့ သဘောကတော့ဗျာ။ သူတို့ ပေါ် လစီနဲ့ သူတို့ပိုက်ဆံထုပ်ယူလာ တာ သူတို့ပေါ်လစီနဲ့ လုပ်ချင်တိုင်း လုပ်လို့ရတဲ့ အနေအထားဖြစ်တဲ့ အပေါ်မှာ အစိုးရက ဒါကိုလည်း သိပ်ကျေနပ်ပုံမရဘူး။

အဲဒီလိုဖြစ်နေတဲ့အပေါ် ဘယ်လိုမြင်လဲ။

အဓိကကတော့ Rule of Law ဖြစ်ဖို့လိုတာကိုး။ ဘယ်တိုင်း ပြည်မှာမဆို ဥပဒေရှိရင် အဲဒီ ဥပဒေတွေကို လိုက်နာဖို့လိုတယ်။ ဒါပါပဲ။


ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

တရုတ်က ငြိမ်းချမ်းရေးမှာ တစ်ဖက်ကလည်း ကူတာပေါ့။ ဒါပေမဲ့ မြောက်ပိုင်းအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီး တချို့က ပြောကြတာက တရုတ်က ကူညီလို့ အင်အားကြီးလာတာမျိုး ပြောတာရှိတာပေါ့။ ဒါကိုကော ဘယ်လိုသုံး သပ်ပါသလဲ။

မြောက်ပိုင်းအဖွဲ့တွေက သူတို့ရဲ့ ရပ်တည်ရေးက တရုတ်ကို မှီခိုရတာမှန်တယ်။ ဥပမာ ဆန်ကအစ ဆေးဝါး၊ လက်နက်ခဲယမ်းမီး ကျောက် အကုန်လုံးက တရုတ် ပြည်ကနေပြီးတော့ သွင်းရတဲ့ဟာ တွေ။ ပြီးလို့ရှိရင် သူတို့ ငွေရဖို့အတွက် ဗမာပြည်က သယံဇာတ တွေ ရောင်းရတာလည်း တရုတ် ပြည်ကို ရောင်းရတာပဲ။ အဲဒီတော့ တရုတ်ပြည်ကို အတိုင်းအတာ တစ်ခုအထိတော့ မှီခိုပြီး သူတို့ရပ်တည်ရတာပေါ့။ ဒါကတော့ ငြင်း လို့မရဘူး။ တချို့တွေကလည်း ပြောတာရှိတယ်။ အရင်တုန်းက လောက်ကိုင်တို့ ဘာတို့မှာ ဖြစ်သလိုပေါ့။ အဲဒီမှာဆိုလို့ရှိရင် လက်နက်ကိုင်အဖွဲ့အစည်းတွေက သူတို့စစ်ရေးလှုပ်ရှားမှုကို တရုတ် ပြည်ထဲက လုပ်လာတာတို့ ပြော တာရှိတာပေါ့။ တကယ်တမ်း ကျွန်တော်တို့ မသိတာက ဒါက တရုတ်ရဲ့ ပေါ်လစီလား၊ ဒါက နယ်စပ်မှာပဲ အကျင့်ပျက်ခြစားတဲ့အရာရှိ တွေကြောင့် ဖြစ်တာလား။ ဒါတွေက ကျွန်တော်တို့ မသိဘူး။ တရုတ် ရဲ့ ပေါ်လစီက ဒါမျိုးတွေ အကူ အညီမပေးဘူးဆိုတာ တရားဝင်လည်းပြောတယ်။ အစည်းအဝေး တွေမှာလည်း ပြောတယ်။ ဒါပေမဲ့ အခုကြည့်ရတာ တရုတ်ရဲ့ အဓိက မြန်မာပြည်မှာရှိတဲ့ အရေးပါမှုက လက်နက်ကိုင်အဖွဲ့အစည်းတွေ နယ်စပ်မှာရှိတာထက် သူတို့ အဓိကစိတ်ဝင်စားတာက မြန်မာပြည် မှာ သူတို့ရဲ့ Belt and Road Initiative ပေါ့။ သူတို့ရဲ့ ဖောက်မယ့် ကမ္ဘာပတ်လမ်းပေါ့။ အဲဒီ လမ်းနဲ့ပတ်သက်ပြီးတော့ မြန်မာပြည်က တော်တော်အရေးပါတဲ့နေရာမှာရှိတယ်။ အဲဒီအနေအထားမှာမြန်မာပြည်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို သူတို့ကလိုချင်တယ်။ အဲဒါက သူတို့အတွက် နံပါတ် (၁) အရေးကြီးဆုံး။ အဲဒီဟာလုပ်မယ်ဆိုရင် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးက ဒီလိုပုံစံရှိလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူက  စစ်ဖြစ်နေတဲ့နေရာကို ဖြတ်လာရမှာကိုး။ ဒါတွေကို ဖြတ်လာရမယ်ဆိုတော့ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရှိဖို့ လိုတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေးရှိမှ တရုတ်ရဲ့ One Belt One Road က အကောင်အထည်ဖော်လို့ရမှာ။ အဲဒီအတွက် ငြိမ်းချမ်း ရေးက သူတို့အတွက် အရေးကြီး သွားပြီ။ မြန်မာအစိုးရနဲ့ တရုတ် အစိုးရနဲ့ Belt and Road Initia-tive အပေါ်မှာ သဘောတူညီမှုရ ပြီဆိုရင် တရုတ်က သူ့နယ်စပ်မှာရှိတဲ့ အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးမရရအောင် လုပ်တော့မှာ။ ဘာကြောင့်လဲဆိုရင် သူ့အတွက်က အရမ်းအရေးကြီးနေတာ။ အဲ ဒါမျိုးတော့ ရှိပါတယ်။

နိုင်ငံတကာက ကျွန်တော်တို့ဆီ ဝင်တဲ့ပုံစံက သူတို့နိုင်ငံအကျိုးစီးပွားတွေနဲ့ သက်ဆိုင်တာမျိုးရှိနိုင်လားဗျ။

ဘယ်နိုင်ငံမဆို သူ့နိုင်ငံ အ ကျိုးစီးပွားနဲ့က နံပါတ် (၁)ပဲ။ နိုင်ငံတစ်ခုကို ပေါ်လစီလုပ်တယ်ဆို တာ စေတနာသက်သက်ချည်းနဲ့ တော့ လာလုပ်နေတာမျိုးမရှိဘူး။ အကုန်လုံးကတော့ သူ့နိုင်ငံ အကျိုးစီးပွားကို နံပါတ် (၁)ထားပြီး စဉ်း စားတာ။ ဒါကိုလည်း အပြစ်သွား ပြောလို့မရဘူး။ ဒါက သဘာဝပဲ။

အဲဒီနိုင်ငံတွေရဲ့ သူတို့အကျိုး စီးပွားဆိုတာ ဘယ်လိုဟာမျိုးကို ရည်ညွှန်းလို့ရပါသလဲ။

အမျိုးမျိုးရှိပါတယ်။ တချို့ တွေကျတော့လည်း သူတို့ရဲ့ Ideology ကို ဒီမှာ လာပြီးတော့ ပြန့်ပွားစေချင်တဲ့ဟာမျိုးပေါ့။ အ ထူးသဖြင့် အနောက်နိုင်ငံတွေမှာ ဆို အဲဒီလိုဟာမျိုးရှိတယ်။ နောက်တစ်ခုကလည်း တရုတ်နဲ့ အရမ်းနီး ကပ်သွားမှာကိုလည်း စိုးရိမ်တဲ့ နိုင်ငံတွေလည်းရှိတယ်။ နောက်တစ်ခုက မြန်မာပြည်မှာ လုံးဝဒီမိုကရေစီဖြစ်သွားပြီ၊ အနောက်နိုင်ငံဘက် အရမ်းကပ်သွားပြီဆိုလို့ရှိရင် လည်း တရုတ်ဆန့်ကျင်ရေးတွေ ပိုဖြစ်လာမှာတို့ အခုက တရုတ်မှာ လည်း အရမ်းစိုးရိမ်တာရှိတယ်။ သူတို့ခေါ်တာတော့  Colour Revolution ပေါ့။ ရောင်စုံဆန္ဒပြ တာ၊ ထကြွတဲ့ဟာမျိုးတွေ။  ဒီ Colour Revolution လိုဟာမျိုး အိတ်စပို့လုပ်တဲ့ဟာမျိုး ဒီလိုအဆင့်မျိုးတွေ စဉ်းစားကောင်းလည်း စဉ်းစားမှာပေါ့။ ဒါပေမဲ့ နံပါတ် (၁)အရေးကြီးဆုံးကတော့ Ideologyတို့၊ Human Rights တို့၊ ဒီမိုကရေစီတို့ ဒါတွေကို သူတို့က ဒီမှာ အဓိ ကထားပြီး ဒီမှာရှိတဲ့လူတွေကို ဒီ အယူအဆ တွေ ပိုပြီးခိုင်မာအောင်သွတ်သွင်းတဲ့သဘောပါပဲ။ တစ် ဖက်ကလည်း အဲဒီလို သွတ်သွင်းခြင်းအားဖြင့် မူဝါဒချမှတ်သူတွေသူတို့နဲ့ နီးစပ်လာတယ်ဆိုရင် တချို့မဟာ ဗျူဟာကျတဲ့ကိစ္စတွေ မှာ သူတို့ဘက်ကို ယိမ်းဖို့ပေါ့။ဥပမာ အခု တရုတ်လမ်းဖောက် မယ့်ကိစ္စကို အနောက်နိုင်ငံတော် တော်များများက မကြိုက်ဘူးလေ။မကြိုက်ဘူးဆိုတော့ မြန်မာနိုင်ငံမှာ ဒါမျိုး မဖြစ်ဖို့ဆိုတဲ့ဟာမျိုးကို လည်း စဉ်းစားတာရှိချင်ရှိမှာပေါ့။

အဲဒီအခြေအနေတွေကကော မြန် မာပြည်ငြိမ်းချမ်းရေးအတွက် ခက်သွားတာမျိုးဖြစ်နိုင်ပါသလား။

အဲဒီလောက်ထိတော့ ဖြစ် တော့မဖြစ်ပါဘူး။ ကျွန်တော့်အ မြင်မှာတော့ အနောက်နိုင်ငံတွေ က ဒီတရုတ်နဲ့ မြန်မာနဲ့ စီမံကိန်း မဖြစ်အောင်ဆိုပြီးတော့ ငြိမ်းချမ်း ရေးပျက်အောင်လောက်ထိတော့ သူတို့ဘက်က ငြိမ်းချမ်းရေးကို ဖျက်လိုဖျက်ဆီးလုပ်တဲ့ ဟာမျိုး တော့ မဖြစ်နိုင်ပါဘူး။

ဒီအခြေအနေမှာ ပြည်တွင်းကလူ တွေက ငြိမ်းချမ်းရေးအောင်မြင် အောင် ဘာတွေ လုပ်ဖို့ လိုသလဲ။ ဘာတွေ အကြံပြုလိုလဲ။

နံပါတ်တစ် ကျွန်တော်တို့ရဲ့ ပြဿနာက Strategy (မဟာဗျူ ဟာ)မရှိတဲ့ ပြဿနာဗျ။ ကျွန်တော့်အမြင်က တကယ် မြန်မာပြည်ဟာ နောင်လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀ မှာ နိုင်ငံတကာမှာ ဘယ်လိုပုံစံမျိုးနဲ့ ရပ်တည်မလဲဆိုတဲ့ Strategy ကောင်းကောင်းမရှိဘူး။ မရှိတော့၊ဥပမာ တရုတ်ပြည်နဲ့ လုပ်မယ့် စီမံကိန်းဆိုလို့ရှိရင် ဒါမျိုးတွေကို ကျွန်တော်တို့က ထိထိရောက်ရောက် တုံ့ပြန်တဲ့ဟာမျိုး မလုပ်နိုင်ဘူး။ အခု ပြန်ကြည့်မယ်ဆိုရင် ဒီစီမံ ကိန်းက ပါကစ္စတန်မှာဆို အရမ်း ထိရောက်တယ်။ ဒေါ်လာဘီလီ ယံ ၄၀ ဖိုးလောက်ရှိတယ်။ အဲဒီလောက်ထိ သူတို့ လုပ်နေတာမျိုး ခရီးရောက်တယ်။ ကျွန်တော်တို့ ဆီမှာကျတော့ ဘာမှ ခရီးမရောက်တာမျိုးရှိတယ်။ အဲဒါက တစ်ခုပေါ့။ နောက်တစ်ခုက Over all မဟာဗျူဟာပေါ့ဗျာ။ အဲဒီ မဟာဗျူဟာမရှိဘူး။ အထူးသဖြင့် တပ်မတော်နဲ့ အစိုးရကြားမှာ အဓိက က ဘယ်ပုံစံနဲ့ မြန်မာပြည်ရဲ့ အနာဂတ်ကို အကောင်အထည်ဖော်မှာလဲ။ ဒါတွေက ကျွန်တော် သိသလောက် ဘာမှရှင်းရှင်းလင်း လင်းဆွေးနွေးထားတာမရှိဘူး။ မရှိဘူးဆိုတော့ ကျွန်တော်တို့က နိုင်ငံတကာမျက်နှာစာမှာလည်း မဟာဗျူဟာပျောက်နေတယ်။ ကိုယ့်ရဲ့ပြည်တွင်းမှာလည်း ဘယ်လိုပုံစံနဲ့ တိုင်းပြည်ကို ဆက်သွားမလဲဆိုတာ မဟာဗျူဟာပျောက်နေတယ်။ ပြဿနာတစ်ခုဖြစ်လာရင် ဖြစ်လာတဲ့ ပြဿနာအပေါ်မှာ လိုက်ရှင်းရတဲ့ အနေအထားဖြစ် ပြီးတော့ တကယ့်မဟာဗျူဟာဦး တည်ချက်၊ မဟာဗျူဟာရည်မှန်း ချက် ဒါတွေ ကျွန်တော်တို့မှာ မရှိ ဘူးဖြစ်လာတယ်။ ကျွန်တော်မြင် တာကတော့ အဓိက ကျွန်တော်တို့ တိုင်းပြည်ရဲ့ အားနည်းချက်က အဲဒါပဲ။

ငြိမ်းချမ်းရေးအတွက် မဟာဗျူဟာ ချမှတ်မယ်ဆိုရင်ကော ဘယ်လိုချ မှတ်သင့်ပါသလဲ။

နံပါတ်တစ်က အစိုးရနဲ့ တပ် မတော်ကြားမှာ ပြတ်အောင် ပြော ရမယ်။ ဘာပုံစံနဲ့သွားမှာလဲ။ ဘယ်ဖက်ဒရယ်သွားမှာလဲ။ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေထဲက ဘယ် အပိုင်းကို ပြင်ပေးနိုင်မလဲ။ ဒီလို ပြတ်အောင်ပြောရမယ်။ အဲဒီလို ပြတ်အောင်ပြောပြီး အစိုးရနဲ့ တပ် မတော်ကြားမှာ နားလည်မှုတစ်ခု၊ သဘောတူညီမှုတစ်ခု   ယူဖို့လို တယ်။  အနာဂတ်မြန်မာပြည်မှာ တပ်မတော်ရဲ့  အခန်းကဏ္ဍက ဘယ်အချိန်မှာ ဘယ်လောက်ထိ ရှိမယ်။ ဒါတွေ ကျွန်တော်တို့ တဲ့ တိုးပြောရမှာပေါ့။ အစိုးရနဲ့ တပ်မ တော်ကြားမှာ အဲဒီလိုဟာမျိုးရှိပြီ ဆိုရင် ရလာတဲ့ အချက်တွေအပေါ် အခြေခံပြီး တိုင်းရင်းသားလက် နက်ကိုင်တွေနဲ့ ထိုင်ပြီး ဟုတ်ပြီ ငါတို့ရဲ့သွားချင်တဲ့ ရည်မှန်းချက် က ဘာလဲ ဒါကို အရင်ချရမယ်။ ရည်မှန်းချက်တူသွားပြီဆိုလို့ရှိရင် အဲဒီရည်မှန်းချက်ရောက်အောင် ဘယ်လိုသွားမလဲဆိုတဲ့ ကိစ္စတွေ က လုပ်ရတာ ပိုလွယ်သွားလိမ့် မယ်။ အခုက တိုင်းရင်းသားလက် နက်ကိုင်တွေဘက်မှာ ရှိတဲ့ ရည် မှန်းချက်နဲ့ အခု အစိုးရဘက်က တပ်မတော်ဘက်မှာ ရှိတဲ့ ရည်မှန်း ချက်တွေက တစ်ခုနဲ့တစ်ခု သဟ ဇာတမဖြစ်ဘူးဖြစ်နေတယ်။ သဟဇာတမဖြစ်ဘူးလို့ ပြောရတာထက် တစ်ဖက်နဲ့တစ်ဖက် ရည်မှန်းချက်  က ဘာလဲဆိုတာတောင် မသိသလိုဖြစ်လာတယ်။ နောက်ပြီး အဓိပ္ပာယ်ပြန်တဲ့ပုံစံတွေက တစ်ဖက်စောင်းနင်းပြီး အဓိပ္ပာယ်ပြန်တာတွေဖြစ်လာတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလည်း တပ်မတော်၊ အစိုးရအပေါ်မှာ သံသယပိုကြီးလာတယ်။ သူတို့ ရည်မှန်းချက်က တကယ်ပဲ ဖက်ဒရယ်သွားချင်တာလား၊ ဖက်ဒရယ်သွားချင်စိတ် တကယ်မှရှိရဲ့လားဆိုတာ ဖြစ်လာတယ်။ ထိုနည်းလည်းကောင်း  တပ်မတော်ဘက်ကလည်း မြင်တာက ဒီလူတွေက ဖက်ဒရယ်ပေးလည်း တစ်သက်လုံး သေနတ်ဖြုတ်ချင်တဲ့လူတွေ   မဟုတ်ဘူးဆိုတဲ့ ပုံစံမျိုးတွေ သံသယရှိလာတယ်။ ဒီလိုသံသယတွေရှိလာတဲ့အခါမှာ အကောင်းဆုံးက အားလုံးထိုင်ပြီးတော့ ငါတို့ သွားချင်တဲ့ ရည်မှန်းချက်က ဘာလဲ၊ အကုန်လုံးပွင့်ပွင့်လင်းလင်းပြော။ တပ်မတော်ဘက်ကလည်း ခင်ဗျားတို့ဖက်ဒရယ်ပေးနိုင်တယ် ခင်ဗျားတို့ လက်နက်ကိုင်ထားလို့တော့မရဘူး  ပွင့်ပွင့်လင်းလင်းပြော။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း သူတို့ ဘယ်လိုသွားချင်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပေါ့။ ဒါတွေကို ကျွန်တော်တို့ညှိဖို့လိုတာ။ အခု ကျွန်တော်တို့မှာ ဒီလိုပြောနိုင်တဲ့ အားလုံးရဲ့ ဘုံရည်မှန်းချက်လိုဟာမျိုး ကျွန်တော်တို့မှာ  မရှိသေးဘူးဖြစ်နေတာ။

အဲဒီတော့ ခေါင်းဆောင်တွေ တွေ့ဖို့ လိုတဲ့သဘောလားဗျ။ ဘယ်လို ပုံစံမျိုးနဲ့ တွေ့သင့်လဲ။

အဓိကကတော့ တပ်မတော် နဲ့ အစိုးရကြားထဲမှာ ဒါကို ပြတ် အောင် ပြောသင့်တယ်။ ဒါပြတ် အောင် ပြောနိုင်ပြီဆိုရင် တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင် တွေနဲ့ ထိုင်ပြီး ဒီကိစ္စကို ဆွေးနွေး ပေါ့။ ကျွန်တော်ဆိုလိုတာက အား လုံးနဲ့ တစ်ပြိုင်နက် ဆွေးနွေးစရာ လိုချင်မှလည်း လိုမှာပေါ့။ မြန်မာ ပြည်ရဲ့အနေအထားက လက်နက် ကိုင်အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု က မတူညီကြဘူး။ တချို့ဟာတွေ  bilateral (နှစ်ဖွဲ့တည်း)ပြောသင့်တဲ့အဖွဲ့တွေ  ကျတော့လည်း bilateral ပေါ့။ နှစ်ဖွဲ့တည်းနဲ့ ပြောရတာမျိုးရှိရင် ရှိမယ်။ တချို့ကျလို့ရှိရင်လည်း သုံးဖွဲ့နဲ့ ပြောရတာတွေရှိချင်ရှိမယ်။ အဓိကက ရည်မှန်းချက်တွေ တူဖို့လိုတယ်။ ရည်မှန်းချက်တွေတူသွားပြီး ရည်မှန်းချက်တွေ ရှင်းရှင်းလင်းလင်းဖြစ်သွားပြီဆိုတော့မှ ဒီရည်မှန်းချက်ကို ဘယ်လိုသွားမလဲပြောရတာ ပိုလွယ်ပါတယ်။

အခု တပ်မတော်နဲ့ KNU ဖြစ်တဲ့ တိုက်ပွဲတွေကကော ဘာကြောင့် လို့ သုံးသပ်လို့ရလဲ။

အဓိကက အဲဒီဟာက အခုမှ စဖြစ်တာမဟုတ်ဘူး။ ဖြစ်နေတာ ကြာပြီ။ အရင်တုန်းက အဲဒီလို ပစ်တာခတ်တာရှိပြီဆိုရင် တပ်မ တော်ဘက်က ဆက်မတိုးတော့ ဘူး။ Complaint တော့လုပ်တယ်။ KNU ဘက်ကလည်း Complaint လုပ်တယ်။ သူတို့နေရာကို လာ တယ်ပေါ့။ အဲဒီအဆင့်ကနေ အခု ကတော့ နောက်တစ်ဆင့်တက်ပြီး တော့ ပဋိပက္ခအရှိန်အဟုန်မြင့် သွားတဲ့ သဘောရှိတယ်လို့ တွက် လို့ရတာပေါ့။ အခုက နိုင်ငံရေး ဆွေးနွေးပွဲတွေ ရှေ့ဆက်မတက် နိုင်တဲ့ အနေအထားမျိုးဖြစ်နေတာ ကိုး။

ဒီလိုတိုက်ပွဲဖြစ်နေတာတွေ၊ နိုင်ငံ ရေးဆွေးနွေးမှုတွေ တန့်နေတဲ့ ကိစ္စတွေအဖြေရှာဖို့ ဘာတွေ လုပ်သင့်သလဲ။

နံပါတ်(၁) ကတော့ အစိုးရ နဲ့ တပ်မတော်ကြားမှာ ညှိရလိမ့်မယ်။ အထူးသဖြင့် ပွင့်ပွင့်လင်း လင်းပြောရရင် တိုင်းပြည်မှာ အဓိ ကပြောရမယ့်လူသုံးယောက်က နိုင်ငံတော်သမ္မတကြီးရယ်၊ ကာ ကွယ်ရေးဦးစီးချုပ်ရယ်၊ ဒေါ် အောင်ဆန်းစုကြည်ရယ်ပေါ့။ နိုင် ငံတော်သမ္မတကြီးဆိုတာလည်း Protocol အရ တိုင်းပြည်မှာ အမြင့် ဆုံးခေါင်းဆောင်လေ။ ဒေါ်အောင် ဆန်းစုကြည်ဆိုတာလည်း အစိုးရ မှာ ဦးဆောင်မှုပေးနေတဲ့သူ၊ တိုင်း ပြည်ဦးဆောင်မှုပေးနေတဲ့သူ။ ကာ ကွယ်ရေးဦးစီးချုပ်ဆိုတာလည်း တပ်မတော်ရဲ့ အကြီးအကဲပဲ။ ဒီ သုံးယောက်ထိုင်ပြီးတော့ သူတို့ ကြားထဲမှာ မြန်မာပြည်ရဲ့အနာ ဂတ်ကို ဘယ်ပုံစံနဲ့ သွားမလဲ။ ငြိမ်းချမ်းရေးကို ဘယ်ပုံစံနဲ့သွားမလဲ။ ဘယ်ရည်မှန်းချက်နဲ့ သွားမလဲ။ ဖက်ဒရယ်သွားမယ်ဆို ဘယ်လို သွားမလဲ။ ဒီမဟာဗျူဟာရည်မှန်း ချက်တွေ ငြိမ်းချမ်းရေးမဟာဗျူ ဟာတစ်ခုပေါ့။ ဒါတွေကို သူတို့ အနေနဲ့ ချမှတ်ဖို့ လိုလိမ့်မယ်။ ဒါ တွေ ချမှတ်ပြီးမှ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဆွေးနွေးတာ ပိုပြီး ထိရောက်မယ်။ မဟုတ်လို့ ရှိရင် အများကြီးအခက်အခဲရှိလိမ့် မယ်။ အခုဆိုလို့ရှိရင် ပွင့်ပွင့်လင်း လင်းပြောရရင် တပ်မတော်နဲ့ အစိုးရကြားမှာ တစ်စုံတစ်ရာ သံသယ တွေဖြစ်လာတာမျိုးတွေရှိတယ်။ ဖြစ်လာတာတွေရှိတော့ အဲဒီဟာ တွေရှင်းဖို့ရင် နှစ်ဖက်ထိုင်ပြီးတော့ တဲ့ပြောကြဆိုကြရမယ့် ကိစ္စတွေ ဖြစ်လာတယ်။

ဥပမာအားဖြင့် ဘယ်လိုအကြောင်း အရာတွက အစိုးရနဲ့ တပ်မတော် အကြားမှာ ထိပ်တိုက်တွေ့နေ တယ်လို့ မြင်ပါသလဲ။

ထိပ်တိုက်တွေ့တယ်ဆိုတာ ထက် ဥပမာဆိုလို့ရှိရင် အမျိုးသား အဆင့် ဆွေးနွေးပွဲတွေ အစိုးရ ဘက်က ကျယ်ကျယ်ပြန့်ပြန့် လုပ် ချင်တယ်။ အစိုးရဘက်က ဒါဟာ လူထုပါဝင်တဲ့ဟာမျိုး၊ တပ်မတော် ဘက်ကကျတော့ အဲဒါမျိုးတွေ မလုပ်ချင်ဘူး။ အဓိက စိုးရိမ်ချက် က သူတို့ကို ဖိအာပေးမယ်။ Constitution(ဖွဲ့စည်းပုံအခြေခံဥပဒေ) ပြင်ဖို့ကိစ္စတွေကို လူထုနဲ့ ဖိအားပေးမှာတို့၊ ဘာတို့ တပ်မတော်ဘက်ကလည်း ဒါတွေ စိုးရိမ်တာရှိတာပေါ့။ အဲဒီသဘောက တစ်ဖက်နဲ့တစ်ဖက် တချို့ဟာတွေမှာ အထင်အမြင်လွဲမှားတယ်ဆိုတာ ရှိတယ်ဆိုတာကို ပြတာပေါ့။ ဒါမျိုးတွေရှောင်နိုင်ဖို့ဆိုရင် ဘုံမဟာဗျူဟာရည်မှန်းချက်ရှိဖို့လိုတယ်။ မဟာဗျူဟာတစ်ရပ်ချ မှတ်ဖို့လိုတယ်။ ပြီးရင် အဲဒီမဟာ ဗျူဟာထဲမှာ ဝင်ပြီး အကုန်လုံးတွဲ လုပ်သွားမယ်ဆိုရင် ခုနပြောတဲ့ ပြဿနာတွေ အများကြီးရှင်းပြီး သားဖြစ်သွားမယ်။

ကျေးဇူးတင်ပါသည်။

More in Interview Section