ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက်အရ ဦးဝင်းထိန် မြန်မာပြည် ပြန်လာမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းထိန်သည် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းချက်အရ မြန်မာ နိုင်ငံသို့ပြန်လာမည်ဖြစ်ပြီး ပါတီတာဝန်များ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သြစတြေးလျနိုင်ငံရောက် ဦးဝင်းထိန်၏မိသားစုနှင့် နီးစပ် သူတစ်ဦးက 7Day Daily သတင်းစာအား ပြောကြားသည်။ 


သြစတြေးလျ နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်း စုကြည်အား မတ်လ ၁၈ နှင့် ၁၉ ရက်တွင် ဦ၀င်းထိန်က သွားရောက်တွေ့ဆုံပြီး ယမန်နေ့က သီးခြား စကားပြောဆိုပြီးနောက် မြန်မာပြည်ပြန်လာမည်ဖြစ်ကြောင်း ဦးဝင်းထိန်ကပြောကြားသည်ဟု အထက်ပါ နီးစပ်သူက ရှင်းပြ သည်။

‘‘အမေ(ဒေါ်အောင်ဆန်းစု ကြည်)ကတော့ ဒီလမကုန်ခင် ပြန်ခိုင်းနေပြီ။ ပြန်ဖို့သေချာတယ်’’ ဟု ၎င်းကဆိုသည်။

မတ်လ ၂၄ ရက်တွင် မြန်မာနိုင်ငံသို့ ဦးဝင်းထိန်ပြန်လည် ရောက်ရှိမည်ဟု ၎င်းနှင့် နီးစပ်သူအချို့က ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်၌ ယမန်နေ့က ရေးသား ထားသည်။

ဦးဝင်းထိန်သည် ၎င်း၏မိ သားစုဝင်များနှင့်အတူ မတ်လ ၁၈ ရက်တွင် မဲလ်ဘုန်းမြို့မှ ဒေါ်အောင်ဆန်းစုကြည် ခေတ္တတည်းခိုသည့် ကင်ဘာရာမြို့သို့ သွားရောက်တွေ့ဆုံခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီနှင့် နှစ်လကျော်ကင်း ကွာနေသော ဦးဝင်းထိန်သည် ပြီး ခဲ့သည့် ဖေဖော်ဝါရီက ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့သို့ လိပ် မူ၍ ခွင့်တိုင်ကြားကြောင်း စာ တစ်စောင်ပေးပို့ခဲ့သည်ဟု ဒီချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အချို့က ပြောသည်။

မြန်မာပြည်သို့ ဦးဝင်းထိန် ပြန်လည်ရောက်ရှိချိန်တွင် ပါတီတာဝန်များ ထမ်းဆောင်ခြင်းပြု၊မပြုသည် ၎င်း၏သဘောထားအ ပေါ်တွင် အဓိကမူတည်ပြီး အဖွဲ့ချုပ်အတွက် အလုပ်များစွာဆောင်ရွက်ခဲ့သူဖြစ်၍ အလုပ်လုပ်သူတိုင်းကို ဆက်လက်အလုပ်လုပ်စေလို ကြောင်း ဒီချုပ်ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုး ညွန့်က ပြောသည်။

‘‘ကျွန်တော်တို့က နောက်ဆုံး မှတ်ချက်မပေးသေးဘူး။ လက်ရှိ အခြေအနေကို ခွင့်တင်ထားတဲ့ အနေအထားလို့ သတ်မှတ်ထား တဲ့အတွက် သူပြန်လာမယ်ဆိုရင် သူတာဝန် ဆက်လက်ထမ်း ဆောင်ရုံပါပဲ’’ဟု ဒေါက်တာမျိုး ညွန့်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၌ ဦးဝင်းထိန်သည် သြဇာကြီးမားသူအဖြစ် နာမည်ကြီးပြီး ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ ပါတီဗဟိုအလုပ်သမားရေးရာအဖွဲ့ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူထားသည်။

ဦးဝင်းထိန်သည် ၎င်း၏သား မင်္ဂလာဆောင်ပြီးနောက် ဇန်န၀ါ ရီ ၁၄ ရက်တွင် မိသားစုဝင်များနှင့် အတူ သြစတြေးလျနိုင်ငံသို့ ထွက်ခွာသွားပြီး ပါတီ၌ ၎င်း၏ရပ်တည်မှု အခြေအနေကို ရှင်းလင်းစွာထုတ်ဖော်ပြောကြားခြင်း  မရှိပေ။

သြစတြေးလျသို့ ဦးဝင်းထိန် ရောက်ရှိနေသည့် နှစ်လကျော် အတွင်းနေပြည်တော်၌ စီအီးစီ အ စည်းအဝေးနှစ်ကြိမ် ပြုလုပ်ထား ပြီး ယင်းနှစ်ကြိမ်စလုံးတွင် ဦးဝင်း ထိန်နှင့် ပတ်သက်၍ ဆွေးနွေး ခြင်း မရှိကြောင်း ဦးဉာဏ်ဝင်းက သတင်းထောက်များအား ဖြေကြားထားသည်။